Wednesday, September 17, 2014

ပြည်မြို့၊တွင် စည်ပင်သာယာက ပေးဝေနေတဲ့ ရေမီတာခတွေကို စက်တင်ဘာလကနေစတင်ပြီး(၂)စ တိုးမြင့်ကောက်ခံသွားတော့မှာဖြစ်တာကြောင့်၊ဒေသခံတွေကလက်မခံနိုင်ကြ

Leave a Comment

ပြည်မြို့၊တွင် စည်ပင်သာယာက ပေးဝေနေတဲ့ ရေမီတာခတွေကို စက်တင်ဘာလကနေစတင်ပြီး(၂)စ တိုးမြင့်ကောက်ခံသွားတော့မှာဖြစ်တာကြောင့်၊ဒေသခံတွေကလက်မခံနိုင်ကြပါဘူး။
မီတာခတွေတိုးမြင့်လာတာကြောင့်၊ပြည်မြို့ပေါ်ကရက်ကွပ်ကြီး(၁၀)ရပ်ကွပ်ကို၊ပေးပို့နေခဲ့တဲ့ ဧရာဝတီမြစ်ရေ၊နဲ့ အ၀ီစိရေ -ရေမီတာခတွေနဲ့၊ရေငုတ်တိုင်တခုစီအတွက်ကို အရင်ကရေငုတ်တခုကို-၁၅၀၀ကျပ်ကနေ ၃၀၀၀ကျပ်၊ရေမီတာ တယူနစ်ကို ၁၅၀ ကျပ်ကနေ ၃၀၀ ကျပ် စသဖြင့် (၂)စတိုးမြင့်ကောက်ခံသွားမှာဖြစ်ပါတယ်။
အဲဒီလိုမကောက်ခံယူမှီ သြဂုတ်လ(၈)ရက်နေ့က မြို့နယ်စည်ပင်သာယာအဖွဲ့က အခုလို ဈေးတက်ပြီးကောက်ခံသွားမည်ဖြစ်တာကြောင့် ကန့်ကွပ်လိုပါက သြဂုတ်(၁၅)ရက်နေ့မတိုင်မှီ ကန့်ကွပ်လိုက ကန့်ကွပ်နိုင်ကြောင်း ကြေညာချက်ထုပ်ပြီး ဈေး၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးရုံးတို့တွင် ကြော်ညှာထားခဲ့ပါတယ်။
စည်ပင်သာယာက ကန့်ကွပ်လွာတွေကိုခေါ်တဲ့အခါမှာတမြို့လုံးအတွက်ကန့်ကွပ်လွှာတဆောင်ပဲတက်တယ်၊အဲဒီကန့်ကွပ်လွာတက်တဲ့လူကိုသွားရှင်းပြလိုက်တော့သူလဲလက်ခံလိုက်တယ်လို့ ဒုတိယညွှန်ကြားရေးမှုးက ဖုန်းနဲ့ဖြေပေးခဲ့ပါတယ်
စည်ပင်သာယာက ရေဖိုးဈေးတက်မယ်ဆိုတာကို ရပ်ကွပ်ရုံးတွေမှာကပ်ထားတာလဲမရှိဘူး၊အိမ်တွေကိုလိုက်ပြောတာလဲမရှိဘူးဘာမှပွင့်လင်းမြင်သာမှုမရှိဘူး။ရေဖိုးတွေဘယ်လောက်ကောက်ခံရတယ်၊လျှပ်စစ်မီတာဖိုးဘယ်လောက်ကျတယ် ဆိုတာမျိုးတွေလဲပြည်သူက ဘာမှမသိရဖူး လို့ ။ကိုမင်းမင်းထွန်း(ဗိုလ်ချုပ်လမ်း၊ပြည်မြို့)ကအခုလိုရှင်းပြပါတယ်။
ရေ မီတာခတွေဈေးတက်မယ်ဆိုတဲ့ စာရွက်လေး(၁၀)ရွက်လောက်ကို ရာအိမ်မှုးတွေကိုမိတ်တ္တူကူးပြီးရပ်ကွပ်ထဲကို ဝေခိုင်းတယ် ကျွန်တော်ကိုယ်တိုင်ကပြည်သူတယောက်ဖြစ်တယ်၊ရေဖိုးတက်တာကိုကျွန်တော်လဲခံရမှာဖြစ်တယ်။ဒါကြောင့် အဲဒီစာရွက်တွေကို မဝေခဲ့ဘူးလို့ ။ဦးတင်ဝင်း(ရာအိမ်မှုး-ဆံတော်ရပ်ကွပ်)ကလဲအခုလိုရှင်းပြပါတယ်။
ရေအ တရက်ခြားပဲလာတာ၊လာတော့လဲရေက ရွံ့ရေသာသာပဲလာတာအခုဈေးတက်မှာကိုလဲမသိဘူး၊လက်လဲမခံဘူး၊ ။မသန်းသန်းအေး(ဆင်စု-ရပ်ကွပ်)ကရှင်းပြပါတယ်။
ပြီးခဲ့တဲ့လက မြို့နယ်စည်ပင်သာယာက ရေမီတာခတွေ ဈေး(၂)ဆ တက်မယ်ဆိုပြီး၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးရုံးတွေကတဆင့်၊အိမ်တွေကို ကန့်ကွပ်လိုက ကန့်ကွပ်နိုင်ကြောင်း၊ကို ဖြန့်စေခိုင်းခဲ့ပေမဲ့ ရက်ကွပ်အုပ်ချုပ်ရေးမှုးရုံးများက မဖြန့်ဝေခဲ့ကြတာကြောင့်-မြို့တွင်းကရပ်ကွပ်ကြီး(၁၀)ရက်က က လူတွေ အများစုက ဈေးတက်မယ်၊ဆိုတာကိုမသိခဲ့ကြပေ၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးရုံးတွေကို ကဈေးတက်တာကို လက်မခံနိုင်တာရယ်၊စည်ပင်သာယာက သူတို့ကိုယ်တိုင်မလုပ်ပဲ၊ရပ်ကွပ်ရုံးတွေကို ခိုင်းပြီး လုပ်ခိုင်းတာကြောင့်၊ပေးတဲ့ ကြေညှာချက်စာရွက်ကလဲ၊အနဲငယ်ပဲပေးပြီး၊ရပ်ကွပ်ရုံးက သူတို့ငွေနဲ့ စိုက်ထုပ်ပြီး မိတ္ထူကူးပြီးဖြန့်ဝေရမှာတွေကြောင့်၊ရပ်ကွပ်ရုံးတွေက မဖြန့်ဝေခဲ့ကြဘူး၊
စည်ပင်သာယာက ပြည်မြို့၊ရပ်ကွပ်ကြီး(၁၀)ရပ်ကွပ်က ရေမီတာနဲ့ ရေစက်တိုင် ဖိုး တနှစ်ကို (၇၀၁)သိန်းကောက်ခံရရှိခဲ့ပြီး၊ဆံတော်ရပ်ကွပ်တခုထဲကပင် ရေယူတဲ့အိမ်ပေါင်း(၁၂၅၀) ရှိပြီးတနှစ်ကို(၂၂၅)သိန်းကောက်ယူရရှိပါတယ်။
ကိုလိုနီခေတ်ကထဲက ရေစုပ်စက်တွေနဲ့ ဧရာဝတီမြစ်ရေကို စုပ်ယူပြီး ရေစစ်ကန်တွေ ရေ အကြည်ကန်တွေ ကနေတဆင့်မြို့တွင်းကို ရေဖြန့်ဝေပေးလာခဲ့ရာ တအိမ်ကို(၂၅)ပြားခေတ်ကထဲကနေ ခေတ်ပြောင်းလဲလာတာနဲ့အမျှ ဈေးတွေပြောင်းလာရာ အခုနောက်ဆုံး(၁၅၀၀)ကျပ် ကနေ(၃၀၀၀)ကျပ်ကို ပြောင်းလဲကောက်ခံဖို့အတွက်၊ ကန့်ကွပ်မဲ့သူရှိက ကန့်ကွပ်နိုင်ကြောင်း၊ကြေညှာစာထွက်ခဲ့ပေမဲ့ ကြယ်ကြယ်ပြန့်ပြန့် ပြည်သူတွေသိအောင် မလုပ်ခဲ့တဲ့အတွက်၊ဒေသခံပြည်သူတွေက လက်မခံနိုင်အောင်ဖြစ်နေကြတာဖြစ်ပါတယ်၊ ရေယူတဲ့အိမ်တွေ လစဉ်၊နှစ်စဉ်တိုးလာခဲ့ပေမဲ့ ရေပိုက်လိုင်းတလျှောက် အမှိုက်ရှင်းလင်းခြင်း၊ရေစစ်ကန်အတွင်းကနှုံးတွေကိုမရှင်းခြင်း တို့ကြောင့် ရေက အိမ်တိုင်းကိုမလာနိုင်ပဲ တရက်ခြားတခါ၊(၂)ရက်ခြားတခါ မှရေလာခြင်း၊လာတဲ့ရေက သုံးမရနိုင်လောက်အောင်၊ရွံ့ရေတွေဖြစ်နေခြင်း၊တခါတရံ၊ပုတ်ဆော်နံနေခြင်းတွေ၊ခဏခဏဖြစ်နေတာတွေကြောင့် လဲဒေသခံတွေက ဈေးတက်မယ်ဆိုတာကိုလက်မခံနိုင်ဖြစ်နေကြတာပါ....

.ကိုမင်းညို(DVB)..
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



0 comments:

Post a Comment

Facebook Like Page