အညတရမှတ်တမ်း (၄)
သရ၀ဏ်(ပြည်)
တစ်ခါတစ်ရံတွင်ကျွန်တော်တို.သည် ဧရာဝတီမြစ်ထဲတွင်ရေသွားကူးကြသည် ။ ကျွန်တော်သည်ရေကြိုက်သူမဟုတ် ။ရေထဲဆင်းစိမ်ရတာဝါသနာမပါ ။ ထို.ကြောင်.မြစ်ကိုသွားလျင် ကျွန်တော်ပါလိုက်သွားသော်လည်း အများအားဖြင်.ကျွန်တော်သည် အားလုံးကချွတ်ထားကြသောအ၀တ်ပုံကြီးကိုစောင်.ရသည်သာများသည် ။ ကျန်သူငယ်ချင်းများကတော.ပြည်မြို. ထွန်းသီရိရုံဆိပ်ကမ်းရှိ ငပုကျောက်ဆောင်ဟုအမည်ရသော ကျောက်ဆောင်ကြီးပေါ်တွင် ကူးကြခတ်ကြ ရယ်ကြမောကြဖြင်.ပျော်ရွင်မြူးတူးလျက်ရှိပါသည် ။ ထိုငပုကျောက်ဆောင်ဟူသောနာမည်ကျော်ကျောက်ဆောင်ကြီးမှာနွေရာသီတွင်ရေပေါ်တွင်ပေါ်နေပြီး မိုးတွင်းအခါရေတက်လာသောအခါ စုံးစုံးမြုပ်လျက်ရှိပါသည် ။ ကျောက်ဆောင်ဆိုသော်လည်း တကယ်.သဘာဝကျောက်မဟုတ် စက်ဝိုင်းခြမ်းပုံအုတ်ခုံရှည်မျောမျော ကြီးဖြစ်သည် ။ ပါးစပ်ရာဇ၀င်အရ တစ်ခါက ငပုဆိုသောလူတစ်ယောက်သည် မိုးတွင်းဘက်ပုဇွန်ဆင်းငုတ်ရာ ယခုကျောက်ဆောင်ကြီးကိုရေအောက်တွင်တွေ.သဖြင်. ပုဇွန်များလိုက်စမ်းရာ ဂလိုင်ပေါက်တစ်ခုထဲသို.လက်နှိုက်မိပြီး လက်ပြန်ထုတ်မရသဖြင်.ရေနစ်သေဆုံးခဲ.ကြောင်း ၊ထို.ကြောင်. ငပုကျောက်ဆောင်ဟုအမှတ်သညာပြုခဲ.ကြောင်း ပြောကြပါသည် ။သို.သော်ဤပုံပြင်မှာမှန်လားမမှန်သလားမည်သူမျှမသိပါ ။ထိုငပုကျောက်ဆောင်တည်.တည်. ကမ်းပါးပေါ်ဝယ်မြို.နယ်စည်ပင်သာယာ၏ ရေပေးဝေရေးရုံးရှိရာ ကျွန်တော်ထင်သည်မှာ ဤကျောက်ဆောင်သည်အင်္ဂလိပ်လက်ထက်က မြို.ရေပေးဝေရေးအတွက်ဆောက်လုပ် ခဲ. သော ရေစစ်ကန်ဖြစ်ပုံရပါသည် ။ ထိုရေစစ်ကန်၌ ငပုသေချင်လဲသေခဲ.မည် ။သေချင်မှလဲသေပါမည် ။
ထိုသို.ကလေးများမြစ်သို.ရေသွားကူးခြင်းကို လူကြီးမိဘများကမကြိုက်ပါ ။ မြစ်ကိုသွားသည်ဟုသိလျင် အရိုက်ခံရပါသည် ။ထိုအခါ မြစ်ကပြန်လာမှန်းမသိအောင်ကျွန်တော်တို.သည်ပရိယာယ်မာယာသုံးရပါသည် ။ ကျွန်တော်တို.ကလေးများသည် အများအားဖြင်.လူကြီးများကနံနက်လင်းလျင် သနပ်ခါးကျကျနန လိမ်းကျံပေးလိုက်ကြစမြဲဖြစ်သည် ။ မြစ်ထဲ၌ရေကူးပြီးပြန်လာသောအခါ မျက်နှာတွင်သနပ်ခါးမရှိပဲမျက်နှာပြောင်ဖြစ်နေလျင်မိဘများ သည် ကလေးများ ရေချိုးထားကြောင်းသိပါသည် ။မိဘမသိပဲရေချိုးသောနေရာမှာအခြားမဟုတ် ၊ မြစ်ထဲဆင်းကမြင်းကြောထ၍ပဲဖြစ်ရမည်မှာဗေဒင်မေးစရာမလိုသောကိစ္စဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်တို.ကလေးများသည် မြစ်ထဲတွင်ရေချိုးပြီးသည်နှင်. ရယ်ဒီမိတ်သနပ်ခါးခဲများကိုရေနှင်.ဖျော်ပြီး တစ်ယောက်ကိုတစ်ယောက်လိမ်းပေးကြသည် ။ထိုနည်းဖြင်.ကျွန်တော်တို.သည်မြစ်မှရေချိုးခဲ.ကြောင်းကို ပိပိရိရိလိမ်ညာနိုင်ခဲ.သည် ။သို.သော် မြစ်ထဲ၌ ရေချိုးလာခဲ.ကြောင်းကို သက်သေပြနိုင်သောနောက်တစ်နည်းရှိသေးသည် ။ဤနည်းကိုမိဘမျာမသိ ကျွန်တော်တို.ကလေးများသာသိသည် ။သို.သော် ကလေးအချင်းချင်းသစ္စာဖောက်လိုက်လျင်ကား မိဘများပါသိနိုင်လေသဖြင်. ဆင်ခြင်ရသေးသည် ။ ထိုနည်းမှာအခြားမဟုတ် မည်မျှသနပ်ခါးလိမ်း အ၀တ်အစားများခြောက်သွေ.အောင်လုပ်ထားသည်ဖြစ်စေ ၊မြစ်ထဲမှာရေစိမ်ပြီးတက်လာသူမှန်လျင် လက်သဲဖြင်. ထိုကလေး၏လက်မောင်းကိုခြစ်လိုက်လျင်ဘောပင်ဖြင်.ခြစ်လိုက်သလို အစင်းကြောင်းဖြူဖြူလေး ဖြစ်ပေါ်လာတတ်သည် ။ အချိန်တော်တော်ကြာမှ ထိုသို.အစင်းကြောင်းထင်နိုင်ခြင်း ပြယ်လွင်.သွားလေ.ရှိသည် ။ထို.ကြောင်.ကျွန်တော်တို.သည် မြစ်မှ ရေဆော.ပြီးပြန်လာလျင် တတ်နိုင်သမျှအိမ်သို.တန်းမပြန်သေးပဲ အချိန်တော်တော်ဖြုန်းပြီးမှပြန်လေ.ရှိပါသည် ။ တစ်နေ.တွင်ကျွန်တော်တို.သည်မြစ်ထဲတွင်ရေကူးနေကြစဉ်
“ အောင်အောင်နဲ.ညီညီ မင်းအမေလိုက်လာပြီ “ ဟူသော သူငယ်ချင်းတစ်ယောက်၏ ဘေးအန္တရာယ်အချက်ပေးသံကိုကြားရပါသည် ။ ကျွန်တော်ကြည်.လိုက်ရာအမေသည်ခပ်လှမ်းလှမ်းမှလာနေတာတွေ.ရပါသည် ။ထို.ကြောင်.ကလေးဥာဏ်ဖြင်.ကျွန်တော်သည်ရေထဲတွင် ငုတ်နေလိုက်ပါသည် ။ တော်တော်ကြီးအသက်အောင်.နေပြီး မအောင်.နိုင်သည်.အဆုံးတွင်မတ်တပ်ရပ်ပြီးရေပေါ်သို.ခေါင်းဖော်လိုက်ရာ ကျွန်တော်.ရှေ.တည်.တည်.တွင်မတ်တပ်ရပ်နေသော မိခင်ဖြစ်သူကိုတွေ.၇ပါသည် ။ကျွန်တော်.ကိုနားရွက်ဆွဲကာ အမေကခေါ်သွားသဖြင်.အခြားကလေးများလည်းမကြာမီသူတို.မိဘများဆီသို. သတင်းပေါက်ကြားတော.မည်ကိုရိပ်မိကာအမြန်ဆုံး လူစုခွဲပြီးဒိုးကြပါသည် ။
ဒီလောက်မိဘကဆုံးမနေသည်.ကြားမှပင်ကျွန်တော်သည်မြစ်တွင်နှစ်ကြိမ်ရေနစ်ဖူးပါသည် ။ရေနှင်.သေရန်ဇာတာမပါ၍လားမသိ ။ နှစ်ကြိမ်စလုံးသေဘေးမှကပ်လွတ်ခဲ.သည် ။ပထမတစ်ခါတွင်ကျွန်တော်သည်သင်္ဘောတစ်စီးဘေးတွင် ရေကူးနေပါသည် ။ ရေကူးတတ်သည်တော.မဟုတ် ၊ဒီလိုပဲဟိုကူးဒီခတ်လုပ်နေစဉ် ပလုံကနဲ ချောက်ထဲသို.ကျသွား၏ ။ကြောက်လိုက်သည်မှာဆိုဖွယ်မရှိ ၊ငါတော.သေရတော.မည်ဟုလည်းတွေးမိသည် ။ သို.သော် ယက်ရင်းကန်ရင်းကျွန်တော်သည်ရေပေါ်သို.ခနပေါ်လာရာ ဆွဲမိဆွဲရာလှမ်းဆွဲလိုက်သောအခါ မော်တော်မှ ကမ်းစမ်သို.သွယ်တန်းထားသော ကြိုးကိုဆွဲမိပါသည် ။ထိုကြိုးအတိုင်းတရွေ.ရွေ.လက်ဖြင်. လွှဲပြီးလာခဲ.ရာကမ်းစပ်ရေတိမ်ထဲသို.ပြန်ရောက်လာပါသည် ။ အနားမှာလူများရှိသော်လည်းကျွန်တော်ရေနစ်သည်ကိုဘယ်သူမျှမမြင်ပါ ။ ထိုနေရာသည် နှစ်စဉ် မြို.မှလူများမကြာခနရေနစ်သေသောနေရာဖြစ်ပါသည် ။ နောက်တစ်ကြိမ်နစ်သည်မှာ ပို၍ပင်လူပြတ်သောနေရာတွင်ဖြစ်ပါသည် ။ တစ်နေ.တွင်ကျွန်တော်နှင်. ခင်မောင်တာသည် အခြား သူငယ်ချင်းများမပါပဲ အ.ထ.က (၃)ကျောင်းရှေ.မှသောင်ပြင်ကြီးဆီသွားကြပါသည် ။ ပြည်မြို.တွင်နွေအခါ သောင်ပြင်ကြီးတပျံ.တပြူးပေါ်ထွန်းနေလေ.ရှိပါသည် ။ထိုသောင်ပြင်သည် ငပလီတို. ၊ချောင်းသာတို.လို ကမ်းစပ်မှ ဝေးဝေးသွားလဲေ၇မှာအနက်ကြီးမဖြစ်ပါ ။ထို.ကြောင်.ကျွန်တော်နှင်.ခင်မောင်တာ သည်တရွေ.ရွေ.ရေထဲဆင်းပြီး ကမ်းမှအတော်ဝေးအောင်သွားကြပါသည် ။ ကျွန်တော်သည်ရေကူးတတ်သူမဟုတ်ပါ ။ခင်မောင်တာကကူးတတ်ပါသည် ။ ထိုသို.ရေတိမ်ပိုင်းတွင်သွားနေရင်းရုပ်တရက်ကျွန်တော်သည် ရေနက်ထဲသို.ကျသွားပါသည် ။ နောက်မှတွေးမိသည်မှာ ထိုနေရာသို.ရောက်လာသော ပဲ.ထောင်မော်တော်သမားများ ၏မော်တော်ပန်ကာမှုတ်အားကြောင်.အချို.သဲသောင်ရေတိမ်ပိုင်းတွင် ကျွင်းကြီးများသဖွယ်ဖြစ်နေရာကျွန်တော်သည်ထိုတွင်းထဲသို.ကျသွားခြင်းဖြစ်နိုင်သည် ။ ထိုအခေါက်မှာတော.ကျွန်တော်သည်ရေနစ်သွားသော်လည်း စိတ်နှင်.လူမကပ်အောင်သိပ်ပြီးကြောက်လန်.သွားခြင်းမရှိပါ ။ လူကရေထဲတွင်မြုပ်နေသော်လည်း ကျွန်တော်သည် ဘာကြောင်.မှန်းမသိ (ကိုယ်စောင်.နတ်ကနှိုးဆော်သလို ) လက်နှစ်ဖက်ကို အပေါ်သို.မြှောက်ထားမိ၏ ။ ထို.ကြောင်.ကျွန်တော်သည်တစ်ကိုယ်လုံးရေမှာမြုပ်နေသော်လည်း လက်ကောက်ဝတ်အထက်ပိုင်းမှာရေပေါတွင်ပေါ်နေပါသည် ။ ခင်မောင်တာသည်ကျွန်တော်.ကိုကြည်.၍မမြင်သောအခါ ဟိုဟိုသည်သည်လိုက်ရှာပါသည် ။ ရုတ်တရက်ကျွန်တော်.လက်ကလေးနှစ်ဖက်ရေပေါ်မှေ၇ပ်ါနေသည်ကိုမြင်သောအခါ ပထမသော် ကျွန်တော်စနောက်နေသည်ဟုထင်နေပါသည် (ကျွန်တော်ကလည်အင်မတန်အစအနောက်သန်သည်မဟုတ်ပါလား ) ။ နောက်တော.မှကျွန်တော်နောက်နေတာမဟုတ်ပဲ ရေနစ်နေတာသိသွားကာ ခင်မောင်တာသည် ရေနက်ပိုင်းမှသွားပြီးရေငုတ်၍ ကျွန်တော်.ကိုကမ်းစပ်ဘက်သို.ဆောင်.တွန်းလိုက်ပါသည် ။ ခင်မောင်တာလုပ်တာအင်မတန်ပညာရှိပါသည် ။ သူတွန်းသောဘက်မှားခဲ.လျင်ကျွန်တော်သည် ပို၍ ရေနက်သောအပိုင်းသို.ရောက်သွားကာကယ်မရသောအခြေအနေသို.ရောက်သွားနိုင်ပါသည် ။ ယခုမူကျွန်တော်သည်စာရေးဆရာမဖြစ်မခြင်း မသေနဲ.ဦးဟု ကံဇာတာရှိသည်.ပမာ ကျွင်းထဲမှလွတ်ထွက်သွားပြီး ကုန်းပေါ်သို.ရောက်ကာရေမှပေါ်လာပါသည် ။ ခင်မောင်တာ.ကိုကျေးဇူးတင်လိုက်သည်မှာလည်းပြောဖွယ်ရာမရှိပြီ ။သူသည်ကျွန်တော်.၏ညီဝမ်းကွဲဖြစ်၏ ။ ကျွန်တော်.၏အရင်းနှီးဆုံးသူငယ်ချင်လည်းဖြစ်၏ ။ယခုမူကျွန်တော်.အသက်သခင်လည်းဖြစ်ပါပေသည် ။ ထိုသုံးမျိုးစုံခင်မောင်တာသည်အသက်ငယ်ငယ် (၃၀ )လောက်တွင် ၉၆ ပါးရောဂါဖြင်.ကွယ်လွန်သွားသည်မှာကံကမ္မာ၏လှည်.စားချက်ဖြစ်ပါပေသည် ။
ကျွန်တော်ကား ရေနှင်.ပါတ်သက်သောသေဘေးမှ ပြည်မြို.တွင်နှစ်ကြိမ် လွတ်မြောက်ခဲ.ပြီး အသက်ကြီးကာမှ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီးတွင်မြစ်ဝကျွန်းပေါ်၌တစ်ကြိမ်လွတ်မြောက်ခဲ.ပါသည် ။ ထိုစဉ်က နာဂစ်မုန်တိုင်းဘေးဒက္ခသည်များကိုကယ်ဆယ်ရေးပစ္စည်းများသွားရောက်ထောက်ပံ.ရာ ဖျာပုံအနီး ရှိရွာကလေးတစ်ရွာသို.ရောက်ခဲ.ပါသည် ။ ထိုရွာအလည်တည်.တည်.မှကျယ်ပြန်.သောချောင်းတစ်ခုဖြတ်သန်းစီးဆင်းနေရာ ရွာမှာ တောင်ပိုင်းနှင်.မြောက်ပိုင်းဆိုပြီးနှစ်ပိုင်းဖြစ်နေသည် ။ ကျွန်တော်နှင်.အတူလာသော ဇနီးဖြစ်သူနှင်.အခြားမိတ်ဆွေတစ်ယောက်မှာ ဟိုဘက်ကမ်းသို.တံတားကိုကူးကာရောက်သွားပြီဖြစ်သဖြင်.ကျွန်တော်လည်းတံတားရှိရာသို.လျောက်လာရာ ကလေးတစ်ယောက်က လှေကလေးလှော်ကာရောက်လာပြီး လာလေဦးလေးကျွန်တော်လည်း ဟိုဘက်ကမ်းသွားမှာပဲဟုခေါ်သဖြင်. တံတားမှာ အတော်လျောက်ရဦးမည်ဖြစ်သဖြင်. ကျွန်တော်လည်းချောင်းကိုလှေဖြင်.တည်.တည်.ဖြတ်တာပိုခရီးတွင်မည်ဟုတွက်ဆပြီးလှေပေါ်သို.တက်လိုက်ပါသည် ။ တဖြည်းဖြည်းကမ်းမှခွာလာကာမှ ငါသည်ရေမကူးတတ်ပဲ ကလေးတစ်ယောက်လှော်သောလှေပေါ်သို.လိုက်လာတာမှားပြီဟုတွေးမိပါသည် ။ ထင်သည်.အတိုင်းပင် လှေဝမ်းအကွဲထဲမှရေများသည်တရစပ် စီးဝင်လာပါသည် ။ ကျွန်တော်သည်ရေများကိုပက်ထုတ်သော်လည်း မနိုင်ပါ ။အပေါက်မှာအတော်ပင်ကြီးသည် ။ ကြာလျင်လှေသည်နစ်တော.မည်ပဲပေါ်နေပါသည် ။ထိုအချိန်တွင်ရေလည်သို.ရောက်နေပါပြီ ။ ကျွန်တော်ဇောချွေးများပြန်လာပါသည် ။ မုန်တိုင်းဒုက္ခသည်များကိုအလှူလာလုပ်ကာမှရေနစ်သေသည်ဆိုလျင်ကျော်မကောင်းကြားမကောင်းဖြစ်တော.မည်ဟုတွေးကြောက်မိပါသည် ။ မြန်မြန်လှော်ပါကွ ၊ လှေမြေုပ်တော.မယ် ငါရေမကူးတတ်ဘူး ဟုပြောလျင်ကလေးသည် သူတတ်နိုင်သမျှလှော်ပါ၏ ။ ကျွန်တော်လည်းဘာမှမတတ်နိုင် ရေတွေဝင်လာတာကိုဒီအတိုင်းပဲကြည်.နေရသည် ။ လှေသည် ဟိုဘက်ကမ်းနှင်.တဖြည်းဖြည်းနီးလာသော်လည်း ရေတွေကလည်း တိုး၍တိုး၍သာဝင်လာပါသည် ။ ကျွန်တော်လည်းဂဏာမငြိမ်တော.ပါ ။ နောက်ဆုံးတွင်ရုပ်ရှင်တွေထဲမှာလိုလက်မတင်လေးပင် လှေကကမ်းစပ်နှင်.ထိ၍ ကျွန်တော်ကမ်းပေါ်သို.ခြေတစ်ဖက်ချလိုက်ချိန်တွင်လှေသည်နစ်မြုပ်သွားပါသည် ။ လွန်ခဲ.သော ငါးမိနစ်ခန်.ကသာမြုပ်ပါကကျွန်တော်ရေနစ်သေမှာကျိန်းသေသည် ။ဤကားကျွန်တော်ရေဘေးမှသုံးကြိမ်လွတ်မြောက်ခဲ.ပုံပင်တည်း ။
ကျွန်တော်တို.၏ခေါင်းဆောင်
ငယ်ဘ၀ကိုပြန်ဆက်ပါမည် ။ ကျွန်တော်တို.တွင်လေးစားအားကျရသောခေါင်းဆောင်တစ်ယောက်ရှိပါသည် ။သူသည်ကလေးတစ်ယောက်မဟုတ်ပါ ။ ကျွန်တော်တို.၏ခေါင်းဆောင်မှာ အသက် ၂၀ ကျော်ခန်.ရှိအရပ်ကအော.ကြောလန် ရသော၊တာတေလန်ကာလသား ကိုမျိုးဦး (ခေါ်) ဂေါင်းကြီးဖြစ်သည် ။ သူ၏အမည်ရင်းမှာမျိုးဦးဖြစ်သော်လည်း ရပ်ကွက်ထဲကမူ အားလုံးကသူ.ကို ခေါင်းကြီး (ဂေါင်းကြီး) ဟုသာခေါ်ကြပါသည် ။သူ၏ခေါင်းမှခန္စာကိုယ်ထက်အနည်းငယ်ကြီးနေသောကြောင်.ခေါင်းကြီးဟုခေါ်ခြင်းဖြစ်သည် ။ အနှီခေါင်းကြီးသည်ကျွန်တော်တို.ကလေးဂိုဏ်းကြီး၏အဓိပတိပေတည်း ။ခေါင်းကြီးကားကလေးများကိုစီမံအုပ်ချုပ်မင်းလုပ်နေတော.သည် ။ သူသည်ကျွန်တော်တို.အားလုံး၏ ဟီးရိုးသဖွယ်ဖြစ်တော.သည် ။ခေါင်းကြီးသည် မဟုတ်တာမှန်သမျှအကုန်လုပ်သည်.ပုဂ္ဂိုလ်ဖြစ်သည် ။ တစ်ခါတွင်ခေါင်းကြီးသည် ဘူးသီးကြော်သည်ဆိုင်သိမ်းသွားသဖြင်. နောက်နေ.အတွက်ချန်ထားခဲ.သောခံတောင်းထဲမှ ဘူးသီးနှစ်လုံးကိုကျွန်တော်နှင်. ဇော်မြင်.အားညွှန်ပြရင်း ဟေ.ကောင်တွေ မင်းတို. မုန်.ဖိုးလိုချင်ရင်ငါခိုင်းတဲ.အတိုင်းလုပ်ဟုသြ၀ါဒချွေကာ ကျွန်တော်တို.ကို တောင်းထဲမှဗူးသီးများကိုသွားယူခိုင်း၏ ။ တစ်ယောက်တစ်လုံးဗူးသီးများယူမိလျင် ငါ.နောက်ကလိုက်ခဲ.ကြဟုခေါ်ကာ သူကကျွန်တော်တို.ရှေ.မလှမ်းမကမ်းမှ ထွက်သွား၏ ။ အတော်ဝေးဝေးသွားပြီးသောအခါ ရွှေဆံတော်ဘုရား အနီး ကျွန်းတိုင်ကြီးဟုအမည်ရသော အရပ်ရှိ အကြော်ဆိုင်ရှေ.တွင်ရပ်လိုက်ပြီး ကျွန်တော်တို.နှစ်ယောက်သယ်လာသော ဗူးသီးနှစ်လုံးကိုဝင်ရောက်စပ်ဟပ်ရောင်းချ၏ ။ သူဘယ်လောက်ရသလဲကျွန်တော်မသိပါ ။ ကျွန်တော်နှင်.ဇော်မြင်.သည်တစ်ယောက်တစ်မတ် ၊ နှစ်ယောက်ငါးမူး (ပြားငါးဆယ်)ဝေစုရ၏ ။ ထိုငွေဖြင်.ကျွန်တော်နှင်.ဇော်မြင်.သည် ရွှေကြည်ဆနွင်းမကင်း ငါးမူးဖိုးတစ်ထုပ်ဝယ်၍နှစ်ယောက်မျှစားကာ အားလုံးကုန်သောအခါမှ ၀မ်းသာအားရ ရပ်ကွက်ထဲသို.ပြန်လာခဲ.၏။ခေါင်းကြီးကဤသို.သော စောရမင်းသားပေတည်း ။
တစ်ခါသော်ကျွန်တော်အစ်ကိုအောင်အောင်အားလည်းထိုကဲ.သို.ပင်ခေါ်ငင်ကာ ကြက်တစ်ကောင်အားပိုက်၍လိုက်စေ၏။သူများရပ်ကွက်အတွင်းမှကြက်ကိုတွေ.သောအခါ ယူလာသောကြက်နှင်.ခွပ်စေပြီး ကြက်နှစ်ကောင်ခွပ်နေစဉ် သူတစ်ကောင် အောင်အောင်တစ်ကောင်စီ ဖမ်းစေပြီး ပြန်လာစဉ် ကြက်ပိုင်ရှင်ကလက်ရဖမ်းမိသဖြင်. ခေါင်းကြီးသာမက မအူမလည်ဖြင်.လုက်လာသော အောင်အောင်ပါ မီးသတ်ရုံးကြီးသို.ရောက်လေသည် ။ ကျွန်တော်.အမေကိုမီးသတ်များကလာခေါ်သဖြင်.လိုက်သွားသောအခါ နိုင်ငံကျော်ခေါင်းကြီးနှင်.အတူ ငိုမဲ.မဲ.ဖြင်.ထိုင်နေသော သားဖြစ်သူအောင်အောင်.ကိုတွေ.သဖြင်. မိတ်ဆွေဖြစ်သောမီးသတ်ဗိုလ်ကြီးကိုတောင်းပန်ကာ အောင်အောင်.အားပြန်ခေါ်ထုတ်လာရပေ၏ ။ ခေါင်းကြီးကား ဤကဲ.သို.အတတ်မျိုးစုံကိုငယ်ငယ်ရွယ်ရွယ်နှင်.တဖက်ကမ်းခတ်အောင်တတ်လေသည် ။ခေါင်းကြီးသည်ဆ့တော်ရပ်ကွက်မှ ကလေးများ၏ခေါင်းဆောင်ဖြစ်လေသည် ။ကျွန်တော်တို.၏ဖွဲ.စည်းပုံမှာ ကလေးများတွင်အောင်အောင်သည်ခေါင်းဆောင် ၊ သူ.အထက်ကမှခေါင်းကြီးက ဂိုဏ်းချုပ်သဖွယ်ရှိလေသည် ။
ကျွန်တော်တို.ရပ်ကွက်နှင်.ကပ်လျက်တွင်ရှားရုံရပ်ကွက် ဟူ၍ရှိသည် ။ ထိုရှားရုံရပ်ကွက်မှ ကလေးများနှင်. ကျွန်တော်တို.မှာမတည်.ပေ ။ တစ်ယောက်ရပ်ကွက်သို. တစ်ယောက်နယ်ကျွံပြီးသွားမိလျင် ထိုးကြိတ်ရန်ဖြစ်ခံရလေ.ရှိသည် ။တစ်ဖက်နှင်.တစ်ဖက် ဘာအကြောင်းပြချက်မှမယ်မယ်ရရမရှိပဲ မျက်မုန်းကျိုးနေကြကာ လစ်လျင်လစ်သလို တစ်ဖွဲ.ကိုတစ်ဖွဲ.တိုက်ပွဲဆင်လေ.ရှိသည် ။ တစ်ခါတစ်ရံနှစ်ဖွဲ.ချိန်းပြီးထိုးကြသည် ။သူတို.ကလေးအဖွဲ.တွင် လှဌေးဆိုသူသည်ကလေးခေါင်းဆောင်ဖြစ်ပြီး သူတို.၏ဂိုဏ်းချုပ်မှာ ကျွန်တော်တို.၏ခေါင်းဆောင်ကြီး ကိုခေါင်းကြီးနှင်.အသက်မတိမ်းမယိမ်း လှဝင်းဆိုသူဖြစ်သည် ။လှဝင်းသည်လက်မောင်း၌ ဗမာ.သွေး ဟူသောဆေးမင်ကြောင်ကိုထင်ရှားစွာထိုးထားသဖြင်.လှဌေးတိုအဖွဲ.က ဇန်းတင်ကာ သူတို.ခေါင်းဆောင်အား “ ဗမာ.သွေးလှဝင်း “ ဟုခေါ်လေ.ရှိသည် ။ သို.သော်ကျွန်တော်တို.ကတော. လှဝင်းသည် အပျော်အပါး လိုက်စားသောကြောင်.အနည်းငယ်ကိုယ်ပျက်ကာ လက်ချောင်းကလေးများတိုနေခြင်း ၊နှာခေါင်းအနည်းငယ်တိုနေခြင်းတို.ကြောင်. “ လက်ပရိုစီလှဝင်း “ ဟုအမည်ပေးထားသည် ။ သူတို.ကကျွန်တော်တို.ခေါင်းဆောင်ကြီးကို “ ကြက်သူခိုးခေါင်းကြီး “ ဟုနှိမ်.ချခေါ်ဝေါ်လေ.ရှိသည် ။ဤသို.ဖြင်. ခေါင်းကြီးဂိုဏ်းနှင်.လှဝင်းဂိုဏ်းမှာ ပဋိပက္ခများပြင်းထန်လျက်တစ်ခါတစ်ရံတစ်ဘက်လျင်လူဆယ်ယောက်လောက်စီပါဝင်သော ကလေးအဖွဲ.နှစ်ဖွဲ. လေးခွများဖြင်.ပစ်ခတ်တိုက်ခိုက်ကြလေသည် ။ ဂိုဏ်းချုပ်များဖြစ်သော ခေါင်းကြီးနှင်. လှဝင်းမှာ မိမိတို.ဂိုဏ်းဘက်မှဝင်ကာ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ကြလေ၏ ။
ထိုအခါကျွန်တော်တို.၏ လေးခွများလက်ချက်ဖြင်.ရပ်ကွက်အတွင်းရှိအချို.အိမ်များတွင်ရေဒီယိုများ ကွဲခြင်း ၊ ကလေးများထိပ်ပေါက်ခေါင်းကွဲခြင်းတို.သည်အစဉ်သဖြင်.ဖြစ်ကြရာ တစ်ခါတွင်ခေါင်းကြီးလက်ချက်ဖြင်. ကိုစိန်ဝင်းဆိုသော လူတစ်ယောက်လေးခွထိမှန်ပြီးမျက်စေ.တစ်ဘက်ကမ်းသွားရုံမက ခေါင်းကြီးလည်းပြည်မြို.ထောင်ကြီးသို.နှစ်ရှည်အလည်အပါတ်ရောက်ရှိသွားသည်တွင်မှ ကလေးအဖွဲ.ရန်ပွဲမှာ ပြီးဆုံးသွားပါသည် ။
ဆက်ရန်

0 comments:
Post a Comment