Tuesday, September 23, 2014

အညတရမှတ်တမ်း(၉) သရ၀ဏ်(ပြည်)

Leave a Comment

အညတရမှတ်တမ်း(၉)
သရ၀ဏ်(ပြည်)

ဂီတနှင်.ကျွန်တော်တို.မိသားစု
ကလေးဘ၀သည်တဖြည်းဖြည်းကုန်လွန်သွား၏ ။ ကျွန်တော်သည် ခုနစ်တန်း ရှစ်တန်း ၊ကိုးတန်း ကျောင်းသားဖြစ်လာ၏ ။ ကျွန်တော်နှင်.ကျွန်တော်.အစ်ကိုအောင်အောင်သည် နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဖြစ်ရာ ကျွန်တော် .အသက် (၁၃)နှစ် တွင် သူသည် ( ၁၅) နှစ်ရှိနေပေပြီ ။ သူသည်ထိုအချိန်တွင်ကြီးကောင်ဝင်သွား၍လားမသိ ကျွန်တော်တို.ကလေးများနှင်.သိပ်မတွဲတော.ချေ ။ သူ.ကိုယ်သူလူပျိုဂိုက်ဖမ်းကာ ညနေစောင်းသည်နှင်. ရေမိုးချိုးဖီးလိမ်းပြင်ဆင်၍ လမ်းမတော်လမ်းဘက်မှ သူ.အပေါင်းအသင်း အသစ်များဆီသို.သွားကာ ကာလသားလိုလိုဘာလိုလိုလုပ်နေလေ.ရှိသည် ။ ကျွန်တော်တို.ကတော.ကလေးဘ၀မှာပဲရှိသေး၍ သူ.ကိုအရင်ကအတိုင်း ငါးသွားမျှားရန် ၊ သြဇာသီးသွားခိုးရန် ၊ရုပ်ရှင်ခိုးကြည်.ရန်ခေါ်ပါ၏ ။သို.သော် အောင်အောင်ကား ကျွန်တော်တို. ကမ်းလှမ်းချက်ကိုခါတိုင်းတွင် အားရ၀မ်းသာလက်ခံလေ.ရှိသော်လည်းယခုအခါတွင် သူနှင်.ကျွန်တော်တို.သည်ဘက်မတန်ဘိသည်.အလား ကလေးကလားအလုပ်များကိုသူနှင်.မပါတ်သက်တော.သည်.သဖွယ် သူ.ကိုယ်သူလူပျိုလုပ်နေပါတော.သည် ။ ထို.ကြောင်.ကျွန်တော်တို.အဖွဲ.ထဲမှ အောင်အောင်နှင်. ဇော်မင်းတိုးကိုထုတ်ပါယ်လိုက်လေသည် ။ ကျွန်တော်တို.၏ခေါင်းဆောင်ကြီး ကိုခေါင်းကြီးလည်းမရှိ ၊ အောင်အောင်နှင်.ဇော်မင်းတိုးလည်းကျွန်တော်တို.အဖွဲ.မှာမပါတော.သဖြင်. ကျွန်တော်တို.သည် ယခင်ကလိုစည်းလုံးညီညွတ်သော ကလေးယူနိုက်တက် အသင်းမဟုတ်တော.ပဲ နီးစပ်ပါတ်သက်ရာ လေးငေါးယောက်တစ်ဖွဲ.ဖွဲ.ကာ ပြောက်ကြား နည်းဖြင်.သာ ကိုယ်.အဖွဲ.အလိုက်ရှင်သန်ရလေသည် ။ ကျွန်တော်.အစ်ကို အောင်အောင်သည် ငယ်စဉ်ကပင် ဒရမ်တီးရတာဝါသနာပါသည် ။ညစဉ်ညတိုင်း ကျွန်တော်တို.မောင်နှစ်မများသည် သီချင်းဆိုတမ်းကစားလေ.ရှိသည် ။ထိုစဉ်ကမင်းမင်းလတ်၏ အပေါ်ထပ်နဲ.အောက်ထပ်ဇာတ်လမ်း စီးရီးသည်အလွန်ခေတ်စားနေပါသည် ။ အပေါ်ထပ်နဲ.အောက်ထပ်ဇာတ်လမ်း ၊ကပ်ပလီမလေး ၊ တိမ်နှောင်းလွန်စမိုးဝသန် စသည်.သီချင်းများခေတ်စားနေပါသည် ။ ကျွန်တော်တို.သည် မင်းမင်းလတ်သီချင်းများကိုတစ်ပုဒ်ပြီးတစ်ပုဒ်အော်ဆိုကြရာ ကျွန်တော်.အစ်ကိုအောင်အောင်က စက္ကူဘူးလေးများကို မှောက်၍ ၀ါးတူဖြင်.ခေါက်ကာ ဒရမ်တီးပါသည် ။ သူသည်စက္ကူဘူးများကို တကယ်.ဒရမ်အစစ်ကဲ.သို.ထင်မှတ်ကာ စိတ်ပါလက်ပါတီးခတ်လေ.ရှိသည် ။ဤသို.တီးခတ်နေသည်ကို ကျွန်တော်တို. ဘေးအိမ်မှ Elysium တေးဂီတအဖွဲ.မှ သတိထားမိကာ တစ်ခါတစ်ရံ သူတို.၀ိုင်းတွင်ဒရမ်တီးရန်လာခေါ်ပါသည် ။ ထိုသို.ဖြင်. ကိုအောင်သည် ဘယ်သူ.ဆီမှာမှ သင်တန်းမတက်လိုက်ရပဲ ကိုယ်.ဘာသာ self tought သင်ယူကာ ဒရမ်ကောင်းကောင်းတီးတတ်သွားပါသည် ။ကျွန်တော်တို.ပြည်မြို.တွင် Elysium တေးဂီတ မှာ တေးရေးဆရာသုခမိန်လှိုင်၏ညီများတည်ထောင်ထားသော တေးဂီတ၀ိုင်းဖြစ်ပါသည် ။ထိုအဖွဲ.နှင်.အပြိုင်နာမည်အကြီးဆုံး တီးဝိုင်းမှာ ထွက်ပေါက်တေးဂီတဟုလူသိများသည်. Exit Music Band ဖြစ်ပါသည် ။ ထွက်ပေါက်တေးဂီတသည် နာမည်အကျော်ကြားဆုံးကာလတွင် နှစ်ဖွဲ.ကွဲသွားပါသည် ။ထွက်ပေါက်မှခွဲထွက်လိုက်သူများသည် Music Men ဟူသောအမည်ဖြင်. တေးဂီတအဖွဲ.သစ်တည်ထောင်လိုက်ပါသည် ။ ထိုစဉ်ကဂီတအဖွဲ.များ ပြည်မြို.တွင် အတော်ခေတ်စားပါသည် ။ Elysium နှင်. Exit အဖွဲ.တို.အပြင် Holy Stars အဖွဲ. C.A.M.S အဖွဲ.တို.ရှိကြပါသည် ။ တီးဝိုင်းများရပ်တည်ပုံမှာ ကျွန်တော်တို.ပြည်မြို.တွင် မင်္ဂလာဆောင်ကျင်းပလျင် မြို.ခံတီးဝိုင်းတစ်ဝိုင်းတော.အဖြစ်မနေ ထည်.သွင်းဧည်.ခံဖျော်ဖြေပါသည် ။ တီးဝိုင်းတစ်ဝိုင်းမှမပါသောမင်္ဂလာဆောင်သည် အတော်မျက်နှာငယ်ပါသည် ။ဤအစဉ်အလာမှာ ၁၉၉၃ လောက်အထိပြည်မြို.နှင်.အနီးတ၀ိုက်မြို.ရွာများတွင်တည်မြဲနေပါသည် ။ မင်္ဂလာဆောင်အပြင် တပ်မတော်တပ်ရင်းတပ်ဖွဲ.များမှလည်း ရှေ.တန်းပြန်ဖျော်ဖြေပွဲများကို တပ်ထဲတွင် ကျင်းပကြရာ ပြည်မြို.မှတီးဝိုင်းအဖွဲ.များကိုငှားရမ်းဖျော်ဖြေစေပါသည် ။ ပြည်စွယ်တော်လှည်.လည်ပွဲ ၊ပေါင်းတည်စွယ်တော် ၊ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲများ တွင်ပင်ပြည်မြို.မှတီးဝိုင်းများ ပါဝင်သီဆိုတီးမှုတ်ကြရပါသည် ။တီးဝိုင်းအဖွဲ.သားများသည် ရန်ကုန်ကက်ဆက်ခွေတေးဂီတလောကတွင်ပေါက်နေသော သီချင်းများကို တီးခတ်ဖျော်ဖြေကြခြင်းဖြစ်သည် ။ နိုင်ငံကျော်အဆိုတော်ကိုခင်ဝမ်းသည် ရန်ကုန်သို.တက်၍ သူ.စီးရီးအတွက်အသံသွင်း ( Recording ) ရန်ရှိသောအခါ သက်တန်.တံတားအဖွဲ. ( Rainbow Bridge Music Band ) ဟုအမည်ပေးကာပြည်မြို.ပေါ်ရှိတီးဝိုင်းများမှ ဂီတသမားများကိုရန်ကုန်သို.ခေါ်သွားလေ.ရှိပါသည်။ ပြည်မှာဆောင်း ၊ နှင်းဆီဖြူရဲ.အဝေးကလူတစ်ယောက် စသော အောင်မြင်သည်.စီးရီးများကို ပြည်မှအဖွဲ.များဖြင်. ရန်ကုန်တွင်အသံသွင်းခဲ.ခြင်းဖြစ်သည် ။နောင်တွင် ကစားမလားနားမလား ၊လိပ်ပြာလွင်ပြင် စသည်.သီချင်းခွေများသွင်းသောအခါ ပြည်မြို.မှလူများနှင်.ပင် TEETH ဆိုသော အမည်ဖြင်.အသံသွင်းပါသည် ။ TEETH အဖွဲ.တွင်ကျွန်တော်.အစ်ကိုကြီး ကိုအောင်ကြည်စိုး မှာ ဘေ.(စ်)ဂစ်တာသမားဖြစ်လာပါသည် ။သူက C.A.M.S တေးဂီတအဖွဲ.တွင်လည်း Bass ဂစ်တာတီးပါသည် ။
ပြည်မြို.တွင်ထွက်ပေါက်တေးဂီတ နှစ်ဖွဲ.ကွဲသောအခါ ဒရမ်တီးခတ်သော ကိုအေးသိန်း(ခေါ်)ကိုခင်မောင်အေးမှာ မူလထွက်ပေါက်တေးဂီတအဖွဲ.တွင်နေရစ်ခဲ.ပါသည် ။ အသစ်ဖွဲ.လိုက်သော Music Men တေးဂီတမှာ ဂစ်တာသမား ၊ ကီးဘုတ်သမား ၊ အဆိုတော်စသည်ဖြင်. အစုံအလင်ရှိသော်လည်း ဒရမ်တီးခတ်မည်.သူလိုနေပါသည် ။ တစ်မြို.လုံးမှာလည်းဒရမ်တီးတတ်သူများသည် သူ.အဖွဲ.နှင်.သူလက်ရှိတီးခတ်နေသူများသာဖြစ်နေပါသည် ။ လူသစ်ရှာလို.မရနိုင်အောင်ဖြစ်နေပါသည် ။ ထိုအခြေအနေတွင်ကျွန်တော်.အစ်ကိုလတ် အောင်အောင်ငယ်ငယ်ရွယ်ရွယ်နှင်.ဒရမ်တီးတတ်သောသတင်းကို Music Men အဖွဲ.မှသတင်းရသွားပါသည် ။ သူတို.တီးဝိုင်းတဖွဲ.လုံးကျွန်တော်တို.အိမ်သို.လိုက်လာကာ အောင်အောင်အားသူတို.အဖွဲ.တွင် ဒရမ်တီးခတ်ခွင်.ပြုဖို.မိဘများကိုလာရောက်ခွင်.တောင်းပါသည် ။ ပြသနာမှာအောင်အောင်သည်အလွန်ငယ်နေသေးခြင်းဖြစ်သည် ။ သူသည်ထိုစဉ်က ရှစ်တန်းကျောင်းသားပင်ရှိပါသေးသည် ။ ကျွန်တော်.မိဘများသည် အနုပညာအလုပ်ကို တားဆီးပိတ်ပင်တတ်သောဝါသနာမရှိပါ ။ ကိုယ်ဝါသနာပါတာကိုလုပ်ဖို.ခွင်.ပြုပါသည် ။ ကျောင်းစာကိုသာမလစ်ဟင်းစေရန်သတိပေးပါသည် ။ ဤသို.ဖြင်. ကျွန်တော်.အထက်မှ အကိုလတ် အောင်အောင်သည် ကလေးသာသာဘ၀မှာပင်ပြည်မြို.၏ ဒိတ်ဒိတ်ကြဲတီးဝိုင်းကြီးတွင် အတီးသမား ( Player ) တစ်ယောက်ဖြစ်လာပါသည် ။ တီးဝိုင်းကြည်.သူများသည် ကလေးတစ်ယောက်ဒရမ်တီးနေတာကိုအထူးတဆန်းလာကြည်.လေ.ရှိပါသည် ။ ကျွန်တော်ကလေးဘ၀မှာပင်ရှိနေသောအချိန်တွင် ကျွန်တော်.အစ်ကိုနှစ်ယောက်သည် မြို.ပေါ်ရှိတီးဝိုင်းနှစ်ဝိုင်းတွင် ဂစ်တာသမား နှင်.ဒရမ်သမားများဖြစ်လာကြပါသည် ။ ကျွန်တော်.အစ်မ မသီတာမေကလဲအားကျမခံ Holy Stars တေးဂီတအဖွဲ.တွင် အဆိုတော်တစ်ယောက်အနေနှင်.ပါဝင်ရာ မောင်နှမသုံးယောက်မှာမတူညီသောတီးဝိုင်းသုံးခုတွင်အဖွဲ.၀င်များဖြစ်နေခဲ.ပါသည် ။ဤသည်မှာအမေ.၏ဖခင်ကျွန်တော်.အဘိုးဦးမြမောင်ဘက်မှပါလာသော ဂီတမျိုးရိုးဖြစ်ဟန်တူပေသည် ။
ကျွန်တော်၏ဖခင်
ကျွန်တော်၏မိခင်အကြောင်းကို အတော်များများဖော်ပြခဲ.ပြီးဖြစ်ရာ ဖခင်ကြီးအကြောင်းကိုဖော်ပြရန်လိုအပ်လာမည်ဖြစ်သည် ။ ကျွန်တော်.ဖခင်သည်သူ.ဖခင်ကြီး ဦးဝိန်၏အမွေဖြစ်သော ဓါတ်ပုံရိုက်ကူးခြင်းကိုအလွန်ဝါသနာပါသဖြင်. ဖခင်အမွေကိုဆက်ခံသူဖြစ်သည် ။ သို.သော်အဖေသည် အဘိုးလို တစ်နေကုန်အိမ်တွင်ထိုင်၍ ဓါတ်ပုံစတူဒီယိုတွင် ငြိမ်ငြိမ်ကလေး ဓါတ်ပုံရိုက်နေသူမဟုတ်ပါ ။အဖေကအပြင်လောကသို.သွားလာနေရတာကိုဝါသနာပါသည် ။ ဓါတ်ပုံရိုက်ရတာဝါသနာပါသည် ။ စာရေးရတာဝါသနာပါသည် ။ထို.ကြောင်.အဖေသည်အဘိုးဆုံးသောအခါဓါတ်ပုံဆိုင်ကိုဖြုတ်လိုက်ပြီး သတင်းထောက်ဘ၀သို.ခြေစုံပစ်ဝင်လိုက်ပါသည် ။သတင်းထောက်ဘ၀သည်အစပိုင်းတွင်မဆိုးသေးပါ ။ ဦးနေ၀င်း ၁၉၆၂ ခုနှစ်အာဏာမသိမ်းခင် ကာလအထိ ပုဂ္ဂလိကသတင်းစာများ လွတ်လပ်စွာထုတ်ဝေခွင်.ရှိသဖြင်. အဖေ.တွင်ရေးကွက်များပါသည် ။နောက်တော. ဦးနေ၀င်းအစိုးရက သတင်းစာများကိုပြည်သူပိုင်းသိမ်းလိုက်သောအခါ ရေးစရာအကွက်အကွင်းရှားသွားပါသည် ။ အဖေသည် အလွန်သွက်လက်စွာသွားလာနိုင်သူတစ်ဦးဖြစ်ပြီး အလွန်အေးဆေးကာ စကားအလွန်နည်းပါသည် ။ သူသည် ပိန်ပိန်ပါးပါးဖြစ်ပြီးကျွန်တော်နှင်.အလွန်ရုပ်ချင်းဆင်သည်ဟုအများကပြောကြပါသည် ။
ကျွန်တော်ငယ်စဉ်က ကလေးဥာဏ်ဖြင်. တလွဲနားလည်ထားသောစကားတစ်ခွန်းရှိသည် ။ထိုစကားမှာ ကျွန်တော်.အမေက နင်တို.အဖေပိုက်ဆံသွားရှာသည် ။ သားတို.အဖေပိုက်ဆံသွားရှာသည်ဟူသောစကားကိုမကြာခနပြောပါသည် ။ အဖေပြန်လာသောအခါမှ ငွေကြေးအဆင်ပြေသောသဘောကိုရည်ညွှန်းသည်ထင်ပါသည် ။ သို.သော် ကျွန်တော်.ကလေးအသိဥာဏ်ထဲဝယ် အဖေပိုက်ဆံရှာနေသည်ဟုအမေကပြောလိုက်တိုင်း စိတ်ထဲ၌မြင်ယောင်လာသည်မှာ အဖေသည်အမှိုက်ပုံတကာသို.လျှောက်သွားလျက် အမှိုက်များကိုမွှေနှောက်ကာ ပိုက်ဆံများကိုတွေ.လိုတွေ.ညားလိုက်လံရှာဖွေကောက်ယူနေသည်ဟူသော အသိဖြစ်ပါသည် ။ထိုအသိသည်ကလေးဘ၀တစ်လျှောက်လုံး ထင်မြင်နေခြင်းဖြစ်ပါသည် ။ထို.ကြောင်.အဖေအိမ်ပြန်နောက်ကျလျင်ကျွန်တော်စိတ်မကောင်းပါ ။မိုးတွေရွာနေလျင် ကျွန်တော်.အဖေသည် မိုးရွာထဲတွင် အမှိုက်ပုံ၌ရှိနေသည်ဟုထင်မြင်မိသောကြောင်.ဖြစ်ပါသည် ။တစ်ခါတစ်ရံတွင်အဖေသည် အိမ်မှထွက်သွားပြီး လေးငါးခြောက်ရက်ပျောက်နေပါသည် ။ ကျွန်တော်လေးနှစ်သားအရွယ်က အဖေသည်အိမ်မှထွက်သွားပြီးဆယ်ရက်ခန်.ကြာသည်အထိပြန်မလာသဖြင်. ကလေးအရွယ်သာရှိသေးသောကျွန်တော်.အစ်မနှစ်ယောက်သည် အဖေ.ဓါတ်ပုံလေးကိုကိုင်ကာ အိမ်ရှေ.မျက်နှာချင်းဆိုင်မှ ပြည်(၂)ရဲစခန်း သို.သွားရောက်ကာ လူပျောက်တိုင်လေသည် ။စခန်းမှူးသည် သေချောစစ်ချက်ယူကာ သမီးတို.အဖေဓါတ်ပုံပြပါဦးဟုမေးလိုက်၏ ။ အစ်မကြီး သည်အဖေ.ဓါတ်ပုံကိုပြလိုက်သောအခါစခန်းမှူးသည်ဓါတ်ပုံကိုသေသေချာချာကြည်.လိုက်၏ ။ ထို.နောက်စခန်းမှူး၏မျက်နှာမှာတဖြည်းဖြည်းပြုံးလာပြီး နောက်တဟားဟားရယ်ကာ
“ နင်တို.အဖေကမပျောက်ပါဘူးဟ ၊ ခုမနက်ကတင် ငါဘူတာရှေ.မှာတွေ.ခဲ.ပါသေးတယ် ၊သွားသွားကလေးတွေအိမ်ပြန်ကြ ၊နင်းအဖေကိုတွေ.ရင် ဦးလေးအိမ်ပြန်လွှတ်လိုက်မယ် “ ဟုပြောပါသည် ။ ထိုနေ.တွင်ပင်အဖေသည်ပြုံးပြုံးကြီးဖြင်.အိမ်သို.ပြန်လာပါသည် ။သမီးများရဲစခန်းတွင်လူပျောက်သွားတိုင်သောသတင်းအဖေ.ဆီရောက်သွားသည်ထင်သည် ။
။ ကြေးမုံ ၊ ဟံသာဝတီ ၊ အထောက်တော်စသော သတင်းစာများတွင် ပြည်မြို.နယ်သတင်းထောက်အဖြစ် သတင်းရေးသားခြင်းသက်သက်ဖြင်.အသက်မွေးကာ ကျွန်တော်တို.ညီအစ်ကိုမောင်နှမ ခုနှစ်ယောက်ကိုရှာဖွေ ကျွေးမွေးခဲ.ပါသည် ။မနက်မိုးလင်းလျှင် သူ၏လက်စွဲတော် ရာရှီကာ တစ်ပါတ်နွမ်းကင်မရာလေး ထည်.ထားသော အိတ်ကလေးကိုလွယ်ကာ အိမ်မှထွက်သွားပါသည် ။ ထိုအချိန်မှစ၍ ရဲစခန်း ၊ တရားရုံး ၊ အကျဉ်းထောင် စသော နေရာများသို. သတင်းလိုက်ရန် သွားရောက်ပြီးတစ်နေ.လုံးလမ်းပေါ်တွင်အချိန်ကုန်ပါသည် ။ ညနေစောင်းတွင်မှ အိမ်ပြန်လာကာ သူရလာသော သတင်းများကို ဖူးစကက် စာရွက်ပေါ်တွင် ကျကျနန ချရေးပါသည် ။သတင်းဓါတ်ပုံများကိုလည်း အိမ်ရှိ Dark Room ခေါ်ဓါတ်ပုံကူးသည်. အခန်းထဲသို.၀င်ကာ ကိုယ်တိုင်ကူးပါသည် ( ဖလင်ခေတ်ဖြစ်ပါသည၊် Digital ကင်မရာများမပေါ်သေးပါ) ထိုသို. သတင်းဓါတ်ပုံနှင်. သတင်းများရေးသား ပြီးသောအခါ ကျွန်တော်၏တာဝန်ကျရောက်လာပါသည် ။ ၎င်းမှာ တခြားမဟုတ် ည (၁၀)နာရီထွက်မည်. ပြည်-ရန်ကုန် အမြန်ရထားစာတိုက်တွဲဆီသို.သွားပြီး အဖေ.သတင်း ရေးသားထားသော စာအိတ်ကို မီးရထားစာတိုက်ပုံးထဲသို.ထည်.ရခြင်းဖြစ်ပါသည် ။ ထိုစဉ်က အမြန်ချောပို. ဆိုတာလည်းမပေါ်သေးပါ ။ အီမေးလ်တို. ဖက်(စ်) တို.ဆိုတာ ကြားတောင်မကြားဖူးပါ ( ယခုဤစာမူကို ကျွန်တော်.အိမ်မှာရေးကာ News Watch ဂျာနယ်တိုက်သို. အီးမေးလ်ဖြင်. ပို.ခြင်းဖြစ်ပါသည် )။
သတင်းတစ်ပုဒ်ကို ခဲရာခဲဆစ် သတင်းစာတိုက်သို.ပို.ရခြင်းဖြစ်သည် ။ ထိုသို.ခဲရာခဲဆစ် ပို.ရခြင်းဖြစ်သော်လည်း အစိုးရပိုင်သတင်းစာဖြစ်သဖြင်. နယ်သတင်းများမှာ ဖောဖောသီသီပါခွင်.မရရှာပါ သုံးပုဒ် ပို.မှ တစ်ပုဒ်လောက်ပဲသုံးပါသည် ။ အဖေသည် လခစားလဲမဟုတ်သော ကော်လံစား Freelance သတင်းထောက်ဖြစ် ၍ ၀င်ငွေပုံမှန်မရှိပဲ ချို.ချို.ငဲ.ငဲ.ဖြင်. ကျွန်တော်တို.ရပ်တည်ရပါသည် ။ အဖေ ရိုးသားသည်ကိုသိသော ကျားပျံမကောက်ဆေးပေါ.လိပ်ခုံပိုင်ရှင် ဦးအုန်းမောင်နှင်. အခြားအဖေ.မိတ်ဆွေများကစောင်မကြည်.ရှုကြသော်လည်းအဖေသည် သူတစ်ပါးအားအပူကပ်ခဲလှပါသည်။ ငွေကြေးပြတ်လတ်သည်.အခါများတွင် အဖေ. YASHIKA ကင်မရာလေးသည် အပေါင်ဆိုင်သို. မကြာခန ရောက်သွားတတ်ပါသည် ။ ပိုက်ဆံအဆင်ပြေသည်နှင်. အမေသည် အဖေ.ကင်မရာလေးကို အရင်ဆုံးသွားရွေးစေပါသည် ။ နောက်မှ တခြားလိုအပ်တာများကိုဝယ်ပါသည် ။ အဖေဆုံးသောအခါ ကျွန်တော်သည် အမေ.ဆီမှ ထိုကင်မရာလေးကိုတောင်းကာ အိမ်တွင်အမှတ်တရ ဗီရိုထဲသို.ထည်.ကာ အမြတ်တနိုးသိမ်းထားလိုက်ပါသည် ။
ထိုသို. ကြပ်တည်းစွာ နေထိုင်လာသောတစ်နေ.သောညနေခင်းအခါဝယ် အဖေသည် အိမ်မှာထိုင်၍ သတင်းတစ်ပုဒ်ကိုရေးနေပါသည် ။သတင်းမှာ လမ်းဘေးတွင် ရပ်ထားသောကားကြီးတစ်စီးအကြောင်းဖြစ်သည် ။ ထိုကားထဲတွင် မှောင်ခိုပစ္စည်းတွေပဲပါသလား၊ ဒါမှမဟုတ် လမ်းစည်းကမ်းယာဉ်စည်းကမ်းကိုပဲဖောက် ဖျက်သလားကျွန်တော်မမှတ်မိတော.ပါ။ အဖေသည် ထိုလော်ရီကားကြီးကို ဓါတ်ပုံရိုက်လာသည်ဆို၏။ ထိုခေတ်ကမှောင်ခိုကုန်ပစ္စည်းများကို ဆိုရှယ်လစ်ဥပဒေအရ ဖမ်းလို.ရသောခေတ်ဖြစ်သည်။ခနကြာသောအခါ ကျွန်တော်တို.မြို.မှ လူသိများသော တရုတ်လူမျိုး ကုန်သည်သူဌေးတစ်ယောက်သည် ပျာယီးပျာယာဖြင်.ကျွန်တော်တို.အိမ်သို.ရောက်လာ၏ ။ တရုတ်ကြီးသည် ထိုသတင်းကိုမရေးဖို. ထိုဓါတ်ပုံကိုသက်ဆိုင်ရာသို.မတင်ပြဖို. ကျွန်တော်.အဖေကို လာရောက်တောင်းပန်ပါသည် ။ ခေတ်စကားနှင်.ပြောလျှင် လာရောက်ညှိခြင်းဖြစ်သည် ။ ကျွန်တော်.အဖေနာမည်မှာ ဦးပါ (ခေါ်) ခင်ဇော်(ပြည်) ဖြစ်ပါသည် ။
“ ဦးပါရယ် ပိုက်ဆံ လိုသလောက်ပြောပါ ကျွန်တော်ပေးပါ.မယ် အဲဒိပုံတော. သက်ဆိုင်ရာကိုမပို.ပါနဲ. “ ဟုသောတရုတ်ကြီး၏ စကားသံကိုကျွန်တော်ယခုအထိမှတ်မိနေပါသည် ။ အဖေသည် သူ.ကင်မရာထဲမှ ဖလင်လိပ်ကို ဆွဲထုတ်လိုက်သည် ။ ထို.နောက် တရုတ်ကြီးအား
“ ရော. ခင်ဗျား ဓါတ်ပုံ ကျွန်တော်မသုံးတော.ဘူး စိတ်မပူနဲ.တော.ဟုပြောလိုက်ပါသည် “
တရုတ်ကြီးသည် ၀မ်းသာအားရဖြင်. “ ၀မ်းသာလိုက်တာ ဦးပါရယ် ကျွန်တော်ဘယ်လောက်ကန်တော.ရမလဲပြောပါ “ ဟု လှိုက်လှိုက်လှဲလှဲ ပြောရှာပါသည် ။ ထိုစဉ်ကကျွန်တော်တို.သည်ငွေကြေးအဆင်မပြေသောအခိုက်ဖြစ်၍ အဖေ.စကားသံ ကို တစ်အိမ်လုံးကနားစွင်.နေကြပါသည် ။ အဖေဘယ်လောက်တောင်းမလဲ ။ ငွေသည် အဖေ.ပါးစပ်မှ ထွက်မည်.ခေါ်ဈေးတစ်ခုပေါ်တွင်သာတည်မီနေတော.သည် ။ အဖေသည် အတော်ကြာအောင်စဉ်းစားနေပြီး မှ
“ ရပါတယ် ကျွန်တော်.ကို ဖလင်အလွတ်တစ်လိပ်ဖိုးငွေနှစ်ရာပဲပေးခဲ.ပါ “ ဟု ပြောလိုက်ပါသည် ။ တရုတ်လည်းငွေနှစ်ရာကိုဝမ်းသာအားရပေးကာ ပြန်သွားပါသည် ။ ထိုကိစ္စနှင်.ပါတ်သက်၍ အမေနှင်.အဖေ အတော်စကားများလိုက်ကြသေးသည် ။ စကားနဲသောအဖေကတော. ဘာမှထွေထွေထူးထူး ရှင်းမပြပါ ။ ခလေးတစ်ယောက်အနေဖြင်. လာဘ်ကြီးနှင်.လွဲသဖြင်. သဘောမကျသော်လည်း ကြီးပြင်းလာသောအခါ အဖေ.စိတ်ဓါတ်ကို အံ.သြလေးစားမိပါသည် ။ အဖေသာ ထိုလူ.ထံမှ လာဘ်ငွေ ယူကာ မိသားစုကိုကျွေးခဲ.ပါက ခလေးအတွေးဖြင်.ခနတာဝမ်းသာမိမည်မှန်သော်လည်း ဤသို.သောဆောင်းပါးမျိုး ကြီးပြင်းလာသောအခါရေးရဲမည်မဟုတ်ပါ ။ လိပ်ပြာသန်.စွာနေထိုင်မှု ၊ စာနယ်ဇင်းသမားတစ်ယောက်ထားရှိအပ်သော ကိုယ်ကျင်.တရားကို အဖေသည် အကောင်းဆုံးဥပမာဖြင်. ကျွန်တော်တို.ကိုသင်ကြားခဲ.ခြင်းဖြစ်ပါသည် ။ ထိုသို.သော သာဓကမျိုး လဲအများကြီးရှိပါသည် ။ ယုတ်စွအဆုံးအဖေသည် ဟောင်းနွမ်းနေသော ကင်မရာလေး ကို အသစ်တစ်လုံးဝယ်ပေးဖို. ဘယ်သူနှင်.မှ ဘာအတွက်မှ အပေးအယူမလုပ်ခဲ.တာသေချာပါသည် ။ အဖေသာအလိုရှိပါက Canon / Nikon စသော ကမ္ဘာ.အကောင်းဆုံးကင်မရာများ အိမ်မှာ ပုံနေပေလိမ်.မည် ။ စင်စစ်ဆင်းရဲသားခိုကိုးရာမဲ.တို.၏မျက်ရည်မှဖြစ်ပေါ်လာသော အကောင်းစားကင်မရာကြီးများကိုကိုင်၍လည်းသတင်းထောက်တစ်ယောက်၏ ဂုဏ်သိက္ခာတက်လာမည်မဟုတ်ပါ ။သတင်းထောက်တစ်ယောက် အတွက် သူဘာကင်မရာကိုင်သလဲဆိုတာထက် သတင်းလောကအတွက် ဘယ်လောက်တာဝန်ကြေသလဲဆိုတာနှင်.သာတိုင်းတာသင်.ပါသည် ။ ကိုယ်.ချွေးနည်းစာနှင်.ကင်မရာကောင်းကောင်းဝယ်ကိုင်ကြသူများကိုကား အပြစ်ပြောစရာမရှိပါ။ အဖေသည်အတော်ပင်ရိုးသား၍ အလိုလောဘနည်းသူတစ်ယောက်ဖြစ်သည် ။ တစ်ခါက ကျွန်တော်တို.အိမ်ခြေရင်းဘက်မှတိုက်အိမ်တစ်လုံးဆောက်ရာ ကျွန်တော်တို.အိမ်ဘက်သို.မြေအနည်းငယ်ကျွံနေပါသည် ။ အဖေက ကျွန်တော်တို.ဘက်မှမြေကို ၎င်းတို.ယူထားကြောင်းဘေးအိမ်မှအိမ်ပိုင်ရှင်ကိုပြောသောအခါ ထိုသူများသည်မကြေနပ်ပဲ မြေစာရင်း၇ုံးသို.သွားကာ မြေတိုင်းစာရေးခေါ်လာပြီး မြေကိုတိတိကျကျတိုင်းပါသည် ။ ထိုအခါအဖေပြောသည်.အတိုင်း သူတို.တိုက်အိမ်သည်ကျွန်တော်တို.ဘက်သို.တစ်ပေခွဲခန်. ကျူးကျော်ဆောက်လုပ်ထားမိလျက်သားဖြစ်နေတာငြင်းမရအောင်ပေါ်လာပါသည် ။ ထိုသူသည်ဤအခါမှပျာယိပျာယာဖြစ်ကာ ရပ်မိရပ်ဖများကိုပါခေါ်လာကာကျွန်တော်.အဖေကိုလာညှိနှိုင်းပါသည် ။ အဖေမကြေနပ်လျင်သူတို.တိုက်ကြီးဖျက်ရတော.မည်ဖြစ်သည် ။ ရပ်ကွက်လူကြီးများသည် အဖေပိုက်ဆံဘယ်လောက်တောင်းမလဲဆိုတာကိုပဲ နားစွင်.နေကြပါသည် ။အဖေသည် အတန်ကြာအောင်စဉ်းစားနေပြီးမှ “ ရပါတယ် ဆောက်ပြီးသားကိုတော.ထားလိုက်ပါ ၊ကျွန်တော်လည်းသာတယ်နာတယ်တွက်မနေတော.ပါဘူး၊ တစ်ပြားမှပေးမနေပါနဲ.တော. “ ဟုပြောလိုက်သည် ။ရပ်ကွက်ထဲမှလူများသည်အံ.သြလွန်းသဖြင်.ကွယ်ရာတွင်အမေ.ဆီလာ၍တဗြစ်တောက်တောက်ပြောကြသည် ။ အကယ်၍ ကျွန်တော်တို.အိမ်သာသူတို.ဘက်သို.ကျူးနေပါက ကျွန်တော်တို.အိမ်ကို သူတို.ဖျက်ခိုင်းပေလိမ်.မည် ။ယခုလို သူတို.မြေကကျွန်တော်တို.ဘက်သို.ကျူးနေသောအခါတွင်မူကားကျွန်တော်.အဖေသတင်းထောက်ဦးပါ၏ဆုံးဖြတ်ချက်သည် ကား အံ.သြစရာဖြစ်နေပါတော.သည် ။
ဆက်ရန်
သရ၀ဏ်(ပြည်)

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page