Thursday, August 28, 2014

ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံတော်ဘဏ္ဍာငွေထဲသို့ မရောက်သည့် C.B ဘဏ်တွင်ပေးသွင်းရသော ဒဏ်ကြေးငွေ (၅၀၀၀ိ/)ကျပ်ကိစ္စ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

Leave a Comment

ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံတော်ဘဏ္ဍာငွေထဲသို့ မရောက်သည့် C.B ဘဏ်တွင်ပေးသွင်းရသော ဒဏ်ကြေးငွေ (၅၀၀၀ိ/)ကျပ်ကိစ္စ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
***********************************************************************************************************************
ပဲခူးတိုင်းဒေသကြီး (နောက်) ပြည်ခရိုင် ပြည်မြို့တွင် 28.8.2014 ရက်နေ့ မနက် (၉း၀၀)အချိန်ခန့်တွင် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီးမှ စတင်ကာ ကိုဝင်းလှိုင်(B.A-မြန်မာစာ..ဆိုက်ကားဆရာ)မှ တစ်ကိုယ်
တော်ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။ အဆိုပါ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုင်ဝင်းလှိုင်(B.A-မြန်မာစာ..ဆိုက်ကားဆရာ)သည် ပြည်မြို့ ဗဟိုမီးသတ်ရုံးရှေ့တွင် တစ်ပတ်ကို (၅)ရက် စနေ/
တနင်္ဂနွေနေ့မပါ ကျန်ရက်များတွင်  ဆိုင်ကယ်များ ဦးထုတ်မဆောင်းပါက ဖမ်းစီးဒဏ်ရိုက်မှုများကို ပြုလုပ်ခဲ့ရုံတင်မက မြို့နယ်တရားရုံးတွင် ဒဏ်ကြေးငွေ (၁၅၀၀ိ/)ကျပ်ပေးဆောင်ရသည့်အပြင် ပြည်မြို့အတွင်းရှိ
C.B ဘဏ်ကို ဒဏ်ကြေးငွေကျပ်(၅၀၀၀ိ/)ထပ်မံပေးဆောင်ရသည့်အတွက် ဆန္ဒထုတ်ဖော်သွားရတာဖြစ်ကြောင်း၎င်းမှ ပြည်သတင်းသို့ပြောကြားခဲ့သည်။ ......

" တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံရေးသမားတွေ ၊ မီဒီယာတွေ နဲ့ တောင်သူဦးကြီးတွေကို ထောင်ချတဲ့ တရားဥပဒေစိုးမိုးရေးဖြစ်နေတယ်။ ကျွန်တော်တို့ ဆန္ဒပြတယ်ဆိုတာကိုယ့်အသိစိတ်နဲ့ကိုယ်ပြတာပါ။ C.Bဘဏ်
ကလူကြီးတွေ ကျွန်တော့ကို လာတွေ့တယ် သူတို့ပြောသွားတာရှိတယ် ကျွန်တော်တို့ကလည်း ခိုင်းလို့လုပ်ရတာပါတဲ့ ပြောသွားကြတယ်။ ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးသမားတွေပဲ ထောင်ကျနေတော့ နိုင်ငံတော်
အစိုးရဘဲ သိက္ခာကျနေတာပေါ့ ကျွန်တော်တို့ ဖြစ်စေချင်တာက အစိုးရကို အောက်ခြေအထိကွင်းဆင်းပြီး ထိထိမိမိ ဆောင်ရွက်စေချင်တယ်"...ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုဝင်းလှိုင်(B.A-မြန်မာစာ..ဆိုက်ကား
ဆရာ) မှ ပြည်သတင်းသို့ ပြောကြားခဲ့သည်။...

အဆိုပါတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူသည် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်/C.Bဘဏ်/ပြည်မြို့မရဲ့စခန်း(အမှတ်(၂)ရဲစခန်း)ရှေ့) / ပြည်ခရိုင်/မြို့နယ်တရားရုံးရှေ့ တို့တွင်သွားရောက်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး ၄င်းဆန္ဒ
ထုတ်ဖော်သူ ကိုဝင်းလှိုင်(B.A-မြန်မာစာ..ဆိုက်ကားဆရာ)သည် ဆန္ဒဖော်ထုတ်ရာတွင် ကိုင်ဆောင်ထားသော ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံတော်ဘဏ္ဍာငွေထဲသို့ မရောက်သည့် C.B ဘဏ်သို့ ဒဏ်ကြေးငွေ (၅၀၀၀ိ/)
မှ ကျပ်သန်းပေါင်းများစွာ...ခေါင်းစဉ်စာတန်းပါသော.....ယဉ်စမ်းကမ်းကို ဗန်းပြ၍တရားဥပဒေမဲ့ပြစ်ဒဏ်(ပဲခူးတိုင်ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၏ ဥပဒေအထက်၌ရှိသော အမိန့် C.Bဘဏ်သို့ငွေ ၅၀၀၀ိ)ဒဏ်ကြေးကို ယဉ်ထိန်း
ရဲ၊ရဲများက တရားဥပဒေမဲ့ပြုလုပ်နေကြသည့်အတွက် ထိုကိစ္စကိုအရေးယူပေးပါရန် နိုင်ငံတော်အစိုးရကို တိုင်စာများပေးပို့ခဲ့သည်။ ၀တ်ကျေတန်းကျေသာခေါ်ယူမေးမြန်းခဲ့သည်။ အရေးမယူသည့်အတွက်အစိုးရသိအောင်
ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။ ဆန္ဒထုတ်ဖော်တောင်းဆိုသော ကိုဝင်းလှိုင်(B.A-မြန်မာစာ..ဆိုက်ကားဆရာ) ကို ပုဒ်မ(၁၈)ဖြင့် အမှု့တရားစွဲရုံးတင်ခဲ့သည်။ ထိုအမှု့ကိုယနေ့ အမိန့်ချမှာဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုး
ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ.....ပြည်သူအကျိုးအတွက် တက်ကြွစွာလှုပ်ရှားနေကြသော နိုင်ငံ့အရေးလုပ်ဆောင်နေသူများ၊မီဒီယာသမားများ၊တောင်သူဦးကြီးများကို ထောင်ချနေတာလား.....လက်တွေ့ကျကျ
သိချင်တယ်၊မြင်ချင်တယ်ဆိုလျှင် တရားရုံး၏အမိန့်ကို ကျွန်တော်နှင့်အတူတူ နားထောင်ကြပါစို့...ပဲခူးတိုင်းဒေသကြီး...ပြည်မြို့ ဟူသောစာသားဗီနိုင်းပိုစတာတစ်ခုကို ကိုင်ဆောင်ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်မှု့ခွင့်ပြုမိန့်ရဖို့အတွက်ကို (23.8.2014)ရက်နေ့ကတင်ပြခဲ့တာဖြစ်ပြီး  ဆန္ဒထုတ်ဖော်မှု့ခွင့်ပြုမိန့်ကို(26.8.2014)ရက်နေ့တွင် ခွင့်ပြုမိန့်ရထားပြီးဖြစ်ကြောင်းသိရသည်။ဆန္ဒဖော်ထုတ်မှုကို မနက်(၁၁း၀၀)မိနစ်အချိန့်ခန့်တွင် ပြီးမြောက်သွားကြောင်းသတင်းရရှိခဲ့ပါသည်။....

သတင်းနှင့်ဓါတ်ပုံ.............ပြည်သတင်းလူငယ်(ပြည်သတင်း)





0 comments:

Post a Comment

Facebook Like Page