Thursday, August 28, 2014

ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၂) သရ၀ဏ်(ပြည် )

Leave a Comment
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၂)
သရ၀ဏ်(ပြည် )

ကျွန်တော်သည် ငယ်စဉ်ကပင် ဘာသာပြန်စာပေပိုးရှိသည် ။အင်္ဂလိပ်စာလုံးတစ်လုံးကိုမြင်လျင်စွတ်ရွတ်ဘာသာပြန်လိုက်ရမှကြေနပ်သည် ။ ယခုလည်း ခေါင်းစဉ်ကိုကြည်.ပြီး ကျွန်တော်.အစ်ကိုများသည် လက်နက်ကိုင် သူပုန်အဖွဲ.တစ်ခုထဲသို. ၀င်ရောက်ပြီးနောက် ဥပဒေဘောင်အတွင်းလက်နက်ချအလင်းဝင်လာသည်.သဘော မယူဆစေလိုပါ ။ ကျွန်တော်သည် ကိုးတန်းကျောင်းသားဘ၀က ကျွန်တော်.ယောက်ဖများကိုကြည်.ကာ ယောက်ဖဆိုသောအဓိပါယ်ရသည်. Brother in law ဆိုသော စာလုံးကို ရုတ်တရက်သတိရမိသည် ။ ထိုအခါကျွန်တော်.၏ဘာသာပြန်ရောဂါပိုးကထကြွလာသဖြင်. အများသူငါခေါ်သလို ယောက်ဖဟု ဘာသာမပြန်ပဲ Brother in law ကို ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး ဟု သုံးနှုန်းလိုက်သည် ။ အိမ်ကို ကျွန်တော်.ယောက်ဖနှင်.အစ်မလာသော အခါ “ အမေရေ ဥပဒေဘောင်အတွင်းကအစ်ကိုကြီး လာတယ် “ ဟုအော်ပြောလိုက်သည် ။ ထိုစာလုံးကို တေးရေးဆရာလောကတွင် စကားလုံးများအရေးကောင်းသည်ဟုနာမည်ကျော်နေသော တေးရေးဆရာ စကားလုံးဝင်းမင်းထွေး ကပင်ထိုစကား လုံးကိုကြားတော. သဘောကျပြီးပြုံးနေသည် ။ ကျွန်တော်.တွင် အစ်မသုံးယောက်ရှိသဖြင်. သူတို.အိမ်ထောင်ကျသောအခါ ကျွန်တော်.တွင် ယောက်ဖသုံးယောက် (၀ါ) ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးသုံးယောက်ရှိခဲ.ပါသည် ။ ကျွန်တော်သည်သူတို.သုံးယောက်အကြောင်းကိုရေးသောအခါ မကောင်းသောစိတ်စေတနာဟူ၍လုံးဝမရှိ ၊ ကျွန်တော်.ဘ၀တွင်ကြုံတွေ.ခဲ.ရသောလူသုံးယောက်အကြောင်းကိုရိုးရိုးသားသားမှတ်ဥာဏ်ထဲဝယ်စွဲကျန်နေသ လောက် မှတ်တမ်းတင်ရေးခြယ်ခြင်းဖြစ်သည် ထို.ကြောင်.မည်သူ.အပေါ်ကိုမျှဘက်လိုက်ဝေဖန်ခြင်း မလိုတမျိုးလိုတမျိုးပြောခြင်းမရှိပါ ။ ။မည်သူ၏ဂုဏ်သိက္ခာကိုထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ ။ သရ၀ဏ် (ပြည်)ဆိုသောစာရေးဆရာတစ်ယောက်၏ဘ၀တွင် တွေ.ကြုံခဲ.ရသော အိမ်တွင်းမိသားစုကိစ္စလေးတစ်ခုကိုဖော်ပြခြင်းဖြင်. ကျွန်တော်.ဘ၀ဇာတ်လမ်းကိုပို၍ နားလည်လာစေလိုသောရည်ရွယ်ချက်သာရှိပါသည် ။ ကျွန်တော်.တွင် အစ်မကြီး ၊ အစ်မလတ် ၊အစ်မငယ် ဟူ၍ရှိရာ စာရေးရာ၌လည်း ကြီးစဉ်ငယ်လိုက် ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၁) ၊ ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၂ ) ၊ ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၃ ) ဟူ၍ရေးသားသွားပါမည် ။ ထိုသူသုံးဦးမှာ (၁) ကိုအောင်မင်း (ခေါ်)တေးရေးသုခမိန်လှိုင် ၊ (၂) ကိုဝင်းမြင်. (ခေါ်) တေးရေးဝင်းမင်းထွေး ၊ (၃) ကိုစိန်ဝင်း တို.ဖြစ်ပါသည် ။

(၁) ကိုအောင်မင်း (ခ) တေးရေးသုခမိန်လှိုင်
ကျွန်တော်.အစ်မအကြီးဆုံး မဝေ (ခေါ်) ဒေါ်မာလာဝေ ၏ ခင်ပွန်း ဖြစ်သည် (ယခုကွာရှင်းပြီး) ယောက်ဖသုံးယောက်တွင် ကိုအောင်မင်း (ခေါ်) တေးရေးသုခမိန်လှိုင်၏ ထူးခြားချက်မှာ သုခမိန်လှိုင် တို.မိသားစုနေထိုင်သောအိမ်နှင်.ကျွန်တော်တို.မိသားစုနေထိုင်သောအိမ်မှာ ဘေးချင်းကပ်လျက်ရှိခြင်းဖြစ်သည် ။ ကျွန်တော်တို.မိသားစုနေအိမ်မှာ ပြည်မြို. ဆံတော်ရပ် မြောက်ဘက်စောင်းတန်းလမ်း အိမ်အမှတ် (၆၈၅ ) ဖြစ်ပြီး သုခမိန်လှိုင်တို.နေထိုင်သောအိမ်မှာ အိမ်အမှတ် ( ၆၈၄ )ဖြစ်သည် ။ ကျွန်တော်တို.သည်အိမ်နီးချင်းများဖြစ်ပါသည် ။ ကျွန်တော်.အစ်မနှင်.အိမ်ထောင်ကျသောအချိန်တွင်ကိုအောင်မင်းသည် သုခမိန်လှိုင်မဖြစ်သေးပါ ။ထို.ကြောင်.ကျွန်တော်တို.တစ်အိမ်လုံးက ကိုအောင်မင်းဟုသာခေါ်ပါသည် ။ ကိုအောင်မင်းတို. တွင်ညီအစ်ကိုချည်း (၄) ယောက်ရှိရာ အကြီးဆုံးမှာ ကိုအောင်မင်း ဖြစ်ပြီး ၊အငယ်များမှာ ကိုအောင်လင်း ၊ကိုမောင်ဝင်း ၊ကိုသောင်းမင်း (ယခုကွယ်လွန် )တို.ဖြစ်ပါသည် ။ ထိုစဉ်က ကိုအောင်မင်းသည် ကဗျာ စာတိုပေစများကိုပြည်မြို.မှပင် မောင်စိမ်းခက် (ပြည်) ဟူသောကလောင်အမည်ဖြင်.စာပေနယ်သို.၀င်ရန်ကြိုးစားနေချိန်ဖြစ်ပါသည် ။ ထိုခေတ်က လူငယ်များထုံးစံအတိုင်း ဆံပင်ရှည်ထားခြင်း ၊ ဂျင်းဘောင်းဘီဝတ်ခြင်း ၊ဂစ်တာတီးခြင်း ၊ မကြာခနရန်ဖြစ်ခြင်းစသည်.ကိစ္စများကြောင်. အများက လမ်းသရဲဟုသမုတ်ခြင်းကိုခံရသူဖြစ်သည် ။ ထိုအချိန်တွင်ကျွန်တော်.အစ်မကြီးမာလာဝေသည် ဆယ်တန်းစာမေးပွဲကိုအောင်မြင်ကာ ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ကျောင်းသူအဖြစ်စတင်တက်ရပါသည် ။အဆောင်မနေပဲ အဘွားရှိရာ ရန်ကုန်မြို.လမ်းသစ်ရိပ်သာ ၊တိုက်(၇) အခန်း (၁၄ ) မှနေကာ ရန်ကုန်တက္ကသိုလ် ( R.A.S.U ) ကိုတက်ရောက်ပါသည် ။ ကျွန်တော်တို.တမိသားစုလုံးကတော. ပြည်မြို.မှာနေထိုင်ပါသည် ။ ထိုစဉ်ကကျွန်တော်သည် အသက် (၆)နှစ်သာရှိပါသေးသည် ။ မောင်နှမ ခုနစ်ယောက်တွင် အစ်မကြီး မာလာဝေသည် နံပါတ် (၁) ဖြစ်ပြီး ကျွန်တော်မှာ မွေးချင်း နံပါတ် (၆)ဖြစ်ပါသည် ။ ထိုအချိန်တွင်ကျွန်တော်.အဖေ ဦးခင်ဇော် (ခေါ်) ဦးပါသည် သတင်းထောက်တစ်ယောက်ဖြစ်ပါသည် ။ ကြေးမုံသတင်းစာ ၊ ဟံသာဝတီသတင်းစာများ၏ ပြည်မြို.နယ်သတင်းထောက်ဖြစ်ပါသည် ။ ထိုစဉ်ကအဖေသည်ရန်ကုန်တွင်သတင်းလာပို.ရင်း မိတ်ဆွေဖြစ်သော ရုပ်ရှင်ကုမ္မဏီပိုင်ရှင်တစ်ယောက်ထံသို.၀င်လည်ရာ ထိုရုပ်ရှင်ကုမ္မဏီပိုင်ရှင်က မကြာမီရိုက်ကူးတော.မည်. ပင်လယ်ရေဘယ်မခန်း ဆိုသောရုပ်ရှင်ဇာတ်ကားအတွက် မင်းသမီးသစ်တစ်ယောက်ရှာဖွေနေကြောင်း ၊ ဖြစ်နိုင်သော ရုပ်ရည်ရှိသူကို တွေ.လျင်သတင်းပေးစေလိုကြောင်း အဖေ.ကိုပြောပါသည် ။ထိုအခါအဖေက လွယ်အိတ်ထဲတွင်အသင်.ပါလာသော အစ်မကြီးမာလာဝေ၏ ဓါတ်ပုံကိုထုတ်ပြရာ ရုပ်ရှင်ကုမ္မဏီပိုင်ရှင်ရော ၊ဒါရိုက်တာပါသဘောကျသွားကာ အစ်မကိုခေါ်ပြီးအစမ်းရိုက်ကြည်.ရာအစဉ်ပြေသဖြင်.မင်းသမီးတင်ရိုက်ရန်ရွေးလိုက်ကြပါသည် ။ အစ်မရုပ်ရှင်မင်းသမီးလုပ်တော.မည်.သတင်းသည်ထိုခေတ်ကသတင်းစာများတွင်ဟိုးလေးတကျော်ပါလာပါသည် ။သို.သော် ဘ၀သည်ထင်သလိုဖြစ်မလာပါ ။ အစ်မရုပ်ရှင်စတင်မရိုက်ကူးရသေးမီ မှာပင် အစ်မသည်ကိုအောင်မင်းနှင်.ခို.ရာလိုက်သွားပါသည် ။ ရုပ်ရှင်ကုမ္မဏီကလည်းအစ်မနေရာတွင်နောက်ထပ်မင်းသမီးအသစ်တစ်ယောက်နှင်.အစားထိုးခဲ.ရာထိုမင်းသမီးမှာနောင်အခါတွင် ဆွေဇင်ထိုက် ဟုနာမည်ကြီးလာပါသည် ။အစ်မအပေါ်သမီးကြီးတစ်ယောက်အနေဖြင်.မျှော်လင်.ချက်ကြီးကြီးမားမားထားခဲ. ထားခဲ.သော အဖေသည် အလွန်စိတ်ထိခိုက်ကာ အရင်နှင်.မတူတော.ပဲ အမြဲပင် တွေဝေငေးငိုင်နေတော.သည် ။ အစ်မကြီးကိုသမီးအဖြစ်မှစွန်.လွှတ်ကြောင်းကိုလည်းသတင်းစာထဲတွင်ကြေငြာခဲ.ပါသည် ။ အဖေသည် ထိုအချိန်မှစကာ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သည်အထိ ကိုအောင်မင်း (ခေါ်)သုခမိန်လှိုင်ကိုစကားမပြောတော.ပါ ။ ကျွန်တော်တို.တစ်မိသားစုလုံးနှင်.မူစကားပြောပါသည် ။ အစ်မ..မဝေသည် တက္ကသိုလ်ပညာတစ်ပိုင်းတစ်စ နှင်.အိမ်ထောင်ပြုလိုက်သောကြောင်းအလွန်ပင်ကသီလင်တနိုင်ပါသည် ။ ထိုကြားထဲသမီးလေးတစ်ယာက် ( တာရာ ) ကိုမွေးလိုက်ရာ ကလေးတစ်ဖက် အိမ်ထောင်မှုတစ်ဖက် ပညာသင်ကြားရေးတစ်ဖက်ဖြင်. အတော်ဒုက္ခရောက်ခဲ.ပါသည် ။ သို.သော်အမသည် အခက်အခဲအမျိုးမျိုးကြားမှ ပညာကိုပြီးဆုံးအောင်ဆက်သင်ပြီး B.Sc ( Botany ) ဘွဲ.ကို ရရှိခဲ.ရာ ကိုအောင်မင်းနှင်.ကွဲပြီး နောက်ပိုင်းတွင်ထိုအလုပ်ဖြင်.ပင် ကျောင်းဆရာမတစ်ယောက်အဖြစ်ကိုယ်.ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ.ပါသည် ။ထိုအချိန်တွင် ကိုအောင်မင်းသည် သိဒ္စတ္ထလှိုင် အမည်ဖြင်. ကဗျာများကိုစတင်ရေးသားနေပါပြီ ။ သူ၏နာမည်ကျော် “ ဇွန်လ၏မိုးရေစက်များ “ ကဗျာစာအုပ်ကို ကျွန်တော်.အစ်မနှင်.အိမ်ထောင်ကျ၍ သမီးတစ်ယောက်ရကာစက ထုတ်ဝေခဲ.ပါသည် ။ သို.သော်ထိုစဉ်ကစီးပွားရေးအဆင်မပြေသေးပါ ။ သီချင်းရေးဆရာဘ၀သို.မရောက်သေးပါ ။ ကျွန်တော်မှတ်မိနေသည်မှာ အစ်မရှိရာ သို.သွားလည်လျင် ဆန်ကို နိ.ဆီ ဗူးတစ်ဗူးချင်းကြွတ်ကြွတ်အိတ်ဖြင်.၀ယ်စားရပါသည် ။ သို.သော် ကံကောင်းသောအလှည်.သို.လည်းရောက်ရှိလာပါသည် ။ ၎င်းမှာအခြားမဟုတ် အဆိုတော်ဘိုဘိုဟန် ၏အသစ်ထွက်ရှိသော စီးရီးခွေတွင် တေးရေးဆရာအဖြစ် သူ၏သီချင်းများကို စတင်အသုံးပြုခံရသောကြောင်.ဖြစ်သည် ။ ရန်ကုန်နေပူပူနင်ထီးကလေးဆောင်းတော.အကြင်နာရင်မှာဖြစ် ငါဟာထီးကလေးဖြစ်လိုက်ချင် ဟူသောကိုအောင်မင်း၏ သီချင်းမှာပေါက်သွားပါသည် ။
(ဆက်ရန် )
ထို.နောက်အစ်မတို.သည် စီးပွားရေးအနည်းငယ်အဆင်ပြေလာသဖြင်. အသင်.အတင်.အိမ်ခန်းလေးတစ်ခုကို ငှားနေပါသည် ။ သိဒ္စတ္ထလှိုင် ဟူသော အမည်မှာလည်းတေးရေးဆရာလောကတွင်ထင်ရှားလာပါသည် ။ အစ်မနှင်.လည်းသားသမီးများထပ်မံရရှိခဲ.ရာ (၁) သမီးကြီးတာရာသိဒ္စတ္ထ ၊ (၂) သမီးလတ် ဒဏ္ဍာရီဝေေ၀ ၊ (၃) သားငယ် သုခမိန် ၊ (၄) သမီးငယ် လှိုင်မြတ်ဝေ ဟူ၍ ဖြစ်သည် ။ နောင်အခါတွင် စာပေစိစစ်ရေးက သိဒ္စတ္ထလှိုင်ဆိုသော အမည်ကို ခွင်.မပြုပဲအခြားအမည်ပြောင်းခိုင်းရာ သူ၏ သားငယ်ဖြစ်သူ (ကျွန်တော်.တူ ) သုခမိန်၏အမည်ကိုပင်ယူ၍ နောက်တွင် လှိုင်ထပ်ထည်.ကာ သုခမိန်လှိုင်ဟူ၍အမည်ခံလိုက်ပါသည် ။ သုခမိန်လှိုင်ဘ၀တွင်လျှမ်းလျှမ်းတောက်အောင်မြင်နေစဉ်ကျွန်တော်.အစ်မနှင်.အိမ်ထောင်ရေးအဆင်မပြေဖြစ်နေစဉ် မခင်သောင်းရွှေဆိုသူအမျိုးသမီးတစ်ဦးနှင်. လက်ထပ်ခဲ.ပါသည် ။ ထိုအမျိုးသမီးသည်နောင်တွင်တေးရေး ယံယံ ဟူသောအမည်နှင်. သီချင်းများရေးပါသေးသည် ။အစ်မလည်းမိဘများရှိရာပြည်မြို.သို.ခလေးနှစ်ယောက်ကိုလက်ဆွဲ၍ပြန်လာပါသည် ။ထို.နောက် သူတို.နှစ်ဦးတရားဝင်ကွာရှင်းလိုက်ပါသည် ။ သမီးကြီးနှစ်ယောက်ဖြစ်သော တာရာနှင်. ဒဏ္ဍာရီ ကို ဖခင်ကအုပ်ထိမ်းပြီး သားငယ်နှင်.သမီးထွေးကို အစ်မကအုပ်ထိမ်းပါသည် ။ပြောရလျင်ကလေးလေးယောက်သည် ရန်ကုန်နှစ်ယောက် ၊ပြည်နှစ်ယောက်အဖြစ် မိခင်နှင်.ဖခင်ထံတွင်ကွဲပြားသွားပါသည် ။ ထိုသို.မကွဲပြားမီ နှစ်အတော်ကြာ ကလေးလေးယောက်စလုံး ကျွန်တော်.အစ်မကတာဝန်ယူထားရသေးသည် ။ ကျွန်တော်.ကလေးသာသားမှတ်ဥာဏ်တွင်စွဲထင်နေသောပုံရိပ်မှာ တူမကြီးတာရာသည် တန်ဆောင်တိုင်ပွဲတော်ရောက်တိုင်း သူ.အဖကိုမျှော်နေတတ်ခြင်းဖြစ်သည် ။ သူ.အဖေရောက်လာသောအခါ အဖေ.နားတွင် ကလေးများသည် ၀ိုင်းအုံကာတိတ်တိတ်လေးတွေထိုင်နေတတ်ကြသည် ။ မေတ္တာငတ်နေသောသဘောဖြစ်ဟန်တူသည် ။ ငယ်သေးသဖြင်.ကျွန်တော်လဲသေသေချာချာ အကဲမခတ်တတ်ပါ ။ထို.နောက်တွင်တော.ကလေးလေးယောက်တာဝန်မှာကြီးလွန်းသည်.အပြင် တရားဝင်ဥပဒေအရ ကွာရှင်းစာချုပ်ချုပ်လိုက်ကြသဖြင်. Two by Two ခွဲကာ ပြည်တပ်ဖွဲ.နှင်.ရန်ကုန်တပ်ဖွဲ. ဟူ၍ တပ်စိတ်နှစ်စိတ်ကွဲသွားပါသည် ။ သုခမိန်လှိုင်သည်နောက်အိမ်ထောင်ဖြင်.ခလေးများထပ်ရသေးရာထိုအပိုင်းမှာကျွန်တော်နှင်.မဆိုင်တော.သဖြင်.အသေးစိတ်မဖော်ပြတော.ပါ ။ သူ.အမျိုးသမီးမခင်သောင်းရွှေနှင်.ကျွန်တော်သည်အခေါ်အပြောရှိပါသည် ။ သူ.အိမ်သို.၀င်ထွက်လျင် ကျွန်တော်.ကိုမခင်သောင်းရွှေက ဖော်ဖော်ရွေရွေပဲဆက်ဆံပါသည် ။ သို.သော်အတွင်းစိတ်ထဲကတော. နှစ်ဖက်စလုံးကခပ်အမ်းအမ်းဖြစ်နေကြမည်ထင်ပါသည် ။ ကျွန်တော် .အစ်မနှင်.ကွဲပြီးသည်.နောက်မှာပင်ကျွန်တော်သည် သုခမိန်လှိုင်တို.အိမ်သို.သွားလာဝင်ထွက် ပါသည် ။ အဓိကမှာ လူမမယ်ကျွန်တော်.တူမနှစ်ယောကကိုတွေ.ချင်သဖြင်.ဖြစ်သည် ။ သူတို.ကလဲကျွန်တော်လာလျင်ဝမ်းသာသည် ။ ဦးလေးကိုတော်တော်နှင်.မပြန်စေချင် ။သူတို.ကရန်ကုန် လမ်း(၄၀)တွင်နေသည် ။ ကျွန်တော်ရန်ကုန်တက္ကသိုလ် ပင်းယဆောင်တွင်အဆောင်နေကျောင်းသားဖြစ်သောအခါ တစ်ပါတ်တစ်ခါ ကျောင်းပိတ်တိုင်း တူမတွေဆီသွားသည် ။ ယောက်ဖကဘာထင်ထင် တူမတွေကိုတွေ.ချင်တာနှင်.ကျွန်တော်သွားသည် ။ သုခမိန်လှိုင်သည်ကျွန်တော်.ကိုတော.ကောင်းကောင်းမွန်မွန်ဆက်ဆံသည် ။ သို.သော်ဧည်.သည်များလာသောအခါတွင်ကျွန်တော်ရှိနေတာသူ.အတွက်စနိုးစနောင်.ဖြစ်နေပုံရသည် ။သူသည် အစ်မနှင်.ပါတ်သက်ခဲ.ဖူးသောနောက်ကြောင်းကို (ဘာကြောင်.မှန်းမသိ ) ဖုံးဖိထားချင်သည်.အရိပ်လက္ခဏာမျိုးကိုပြတတ်သည် ။
ကျွန်တော်သည် သုခမိန်လှိုင်ထက်သူ.ဖခင် စက်ရှင်တရားသူကြီးဦးညိုနှင်.ပို၍ရင်းနှီးသည် ။ ရင်းနှီးပုံမှာဤသို.ဖြစ်သည် ။မူလကပြောခဲ.သည်.အတိုင်းကျွန်တော်တို.နှစ်အိမ်မှာ အိမ်ချင်းကပ်လျက်ဖြစ်သည် ။ အစ်မနှင်.ကိုအောင်မင်း အိမ်ထောင်ကျသွားချိန်တွင် ကျွန်တော်တို.နှစ်အိမ်၏ဆက်ဆံရေးမှာ ဇီးရိုး level သို.ရောက်သွားသည် ။မိဘချင်းအခေါ်အပြောမရှိတော. ။ခမည်းခမက်ချင်းစကားမပြော ။ ကျွန်တော်ကတော.ကလေးဖြစ်သဖြင်.ဒါတွေကိုဘာမှမသိ ။ သုခမိန်လှိုင်၏ဖခင် ဦးညိုအလုပ်လုပ်လျင် အိမ်ရှေယတည်.တည်.မှသွားကြည်.သည် ။ ဦးညိုသည် တရားသူကြီးမှ ရှေ.နေအလုပ်ကိုပြောင်းလုပ်သည် ။ သို.သော် သူ၏ပင်ကိုဝါသနာမှာ အင်ဂျင်နီယာပညာဖြစ်သည် ။ထို.ကြောင်.သူ.အိမ်တွင်စက်ကရိယာများဖြင်.ရှုပ်ထွေးနေလေ.ရှိသည် ။ ၁၉၇၀ ၊၁၉၈၀ လောက်ကပင် အ၀တ်လျော်စက်မပေါ်သေးခင်ခေတ်မှာပင်သူ.ဘာသာ အ၀တ်လျော်စက်ထွင်၏ ။ ရေချိုးခန်းထဲတွင်ရေကန်ထဲသို.ရေပြည်.ပါက လျှပ်စစ်ခေါင်းလောင်းမှအသံမြည်စေရန်ကရိယာတပ်ထား၏ ။ ကွိုင်အမျိုးမျိုးလုပ်တတ်၏ ။လျှပ်စစ်ဂစ်တာလုပ်တတ်၏ ။ ကလေးများပေါက်သောဂျင်ကိုတွင်ခုံနှင်.ခုတ်ကာ တစ်မြို.လုံးမှကလေးများကိုရောင်းချ၏ ။ တီထွင်ပါရဂူဖိုဒဆိတ်ဖြူသဖွယ်ဖြစ်နေပေသည် ။ ဦးညို၏ပုံရုပ်ဆင်းသဏ္ဍန်မှာ ယခုတွေ.နေရသောစာရေးဆရာဇော်ဇော်အောင်နှင်.တစ်ပုံစံတည်းဖြစ်သည် ။ ထိုသို.ဦးညိုစက်ပစ္စည်းများတီထွင်နေရာသို.ကျွန်တော်သည် တစ်နေကုန်တစ်နေခန်းသွားပြီးမတ်တပ်ရပ်ကြည်.နေမိသည် ။ သူ.အိမ်မှာလေးထောင်သံဆန်ကာတံခါးတပ်ထားသဖြင်. သူကတံခါးပိတ်ထားသော်လည်း အပြင်မှရပ်ကြည်.လျင်အားလုံးမြင်နေရသည် ။ ထို.ကြောင်.ကျွန်တော်သည် သုခမိန်လှိုင်ထက် သူ.ဖခင်ဦးညို ၊သူ.မိခင် ဒေါ်စောမြတို.နှင်.ပို၍ရင်းနှီးနေခြင်းဖြစ်သည် ။ ကျွန်တော်.အိမ်တွင် ဟိုဘက်အိမ်နှင်.ပါတ်သက်သူမှာ ကျွန်တော်တစ်ယောက်ပဲရှိသည် ။
နောက်တော. ဦးညိုသည် သူ.အိမ်ကြီးကိုရောင်းချလိုက်သည် ။ ကျွန်တော်တို.နှင်.မလှမ်းမကမ်းရပ်ကွက်တွင်အိမ်တစ်လုံးပြန်ဝယ်လိုက်ပြီး ပိုငွေကို သူ.သားကြီးသုခမိန်လှိုင်လက်သို.အပ်ကာ စီးပွားရေးလုပ်စေသည် ။ သုခမိန်လှိုင်ကသူ.အဖေပေးသောငွေရင်းဖြင်. အဆိုတော်သစ်တစ်ယောက်ကို သီချင်းတစ်ခွေမူပိုင်ထုတ်သည် ။ ရေးတာကသူ ၊ဆိုတာကအဆိုတော်အသစ်ဆိုတော. အရင်းအနှီးများများမလို ။တီးဝိုင်းခ ၊ အသံသွင်းစားရိတ် ၊ တိပ်ခွေ ကာဗာကတ် ၊ Wall Sheet နှင်.ကြော်ငြာခလောက်ပဲကုန်သည် ။ ထိုစီးရီးကို သူကတေးထုတ်လုပ်ရေးကိုအပြတ်မရောင်းပဲ ကိုယ်တိုင် ပရိုဂျူဆာလုပ်လိုက်သည် ။ ကံစပ်သည်ထင်သည် ။ထိုအခွေထပေါက်သည် ။ အဆိုတော်အသစ်ကလေးသည် ကော်နီအဖြစ်လျမ်းလျမ်းတောက်အောင်မြင်သွားသည် ။ စီးရီးအမည်က တာဇံ ။ နောက်တော. သုခမိန်လှိုင်သည် စီးရီးများစွာကို ကိုယ်တိုင်ရေး ကိုယ်တိုင်ထုတ်သည် ။ ခွေတိုင်းနီးပါးပေါက်သည် ။ တာဇံ ပြီးတော. နင်းဂျား ၊ ပန်းသီးသီချင်းများ ၊ ဇော်ဝင်းထွဋ်၏ ရွက်လွှင်.ခြင်း ။ ပြောရလျင် ကျွန်တော်.အစ်မလက်ထက်တွင် ရေဆန်ခရီးအဖြစ်နာမည်ရရန်ဆင်းဆင်းရဲရဲရုန်းကန်ခဲ.ရပြီး ယံယံလက်ထက်တွင်စီးပွားဥစ္စာ နှင်.ပြည်.စုံခဲ.သည် ။
သုခမိန်လှိုင်တို.မိသားစုနှင်.ပါတ်သက်၍ပြည်မြို.တွင်ပြောစမှတ်တွင်ခဲ.သောကိစ္စနှစ်ခုရှိသည် ။ တစ်ခုမှာ သုခမိန်လှိုင်၏ ညီအငယ်ဆုံးကိုသောင်းမင်းနှင်.ပါတ်သက်သည် ။ ကိုသောင်းမင်းကိုသူ.အမေ ဒေါ်စောမြသည် အလွန်ချစ်သည် ။အလွန်အလိုလိုက်သည် ။ ဘာမဆိုဖြည်.ဆည်းပေးသည် ။ မိခင်၏အသည်းကျော်ဖြစ်သည် ။ ထိုကိုသောင်းမင်းသတ္တမတန်းသို.ရောက်သောအခါတစ်နေ.တွင် ကျောင်းဆရာဦးကျော်စိုးက အကြောင်းတစ်ခုကြောင်. ကြိမ်နှင်.ရိုက်နှက်ဆုံးမလိုက်သည်။ကလေးသည်အိမ်ရောက်သောအခါ သူ.ကိုဆရာကရိုက်ကြောင်းငိုပြီးတိုင်သည် ။ ထိုအခါ အံတီဒေါ်စောမြသည် ချက်ချင်းကျောင်းသို.လိုက်သွားပြီး ကျောင်းဆရာဦးကျော်စိုးကို ပါးရိုက်ပြီး သားကိုလဲကျောင်းနှုတ်လာခဲ.သည် ။ ကိုသောင်းမင်း၏ပညာရေးလဲ ထိုမျှနှင်.တစ်စခန်းရပ်ခဲ.ရသည် ။ နောက်ထပ်ထူးဆန်းသောအချက်မှာ သုခမိန်လှိုင်တို. ညီအစ်ကိုလေးဦးကလေးဘ၀ကရှင်ပြုပွဲဖြစ်သည် ။ သူတို. ကိုရှင်ပြုပွဲကို ပြည်မြို.မင်းတုန်းကျောင်းတိုက်တွင်ကြီးကျယ်ခမ်းနားစွာကျင်းပသည် ။သို.သော်ကိုရင်များမှာမူ မနက်တွင် သာသနာ.ဘောင်သို.၀င် ကိုရင်ဝတ်ပြီး ထိုနေ.ညနေမှာပင် အားလုံး ကိုရင်ဘ၀မှပြန်ထွက်လာကြသည် ။ ထူးဆန်းသောရှင်ပြုပွဲအဖြစ်ယနေ.တိုင်ပြောဆိုနေကြပါသည် ။
သုခမိန်လှိုင် (ခေါ်) ကိုအောင်မင်းသည်ပြောဆိုဆက်ဆံရခက်ခဲသောလူတစ်ယောက်ဖြစ်သည် ။သူ.စိတ်သည်ယနေ.တွင်ဖော်ရွေသော်လည်း နောက်တစ်ခါတွေ.သောအခါ ခေါ်ချင်မှခေါ်သည် ။ ယနေ.ခပ်တည်တည်နေသော်လည်း မနက်ဖြန်တွင် လည်ပင်းလာဖက်ချင်လည်းဖက်တတ်သည် ။ ကျွန်တော်. တူလေးသုခမိန်ခံရပုံမှာ (ကျွန်တော်တို.လည်းကြုံဖူးပါသည် ) ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်တွင်ကျောင်းတက်နေသောတူတော်မောင်သည်တစ်နေ.တွင်မြို.ထဲသို.သွားကာဖခင်ဖြစ်သူ ထံသွား၍ စားသောက်ပြီး မုန်.ဖိုးတောင်းမည်.ရည်ရွယ်ချက်ဖြင်. အခန်းတံခါးကိုခေါက်လိုက်သည် ။ခနအကြာတွင်အခန်းတံခါးအနည်းငယ်ပွင်.သွားပြီး သားအရင်းကိုဘာကိစ္စလဲဟုမေး၏ ။ ချာတိတ်ကလဲ ဘာပြောရမှန်းမသိပဲ မုန်.ဖိုးလာတောင်းတာပါဟုပြောလိုက်ရာတံခါးမှာပြန်ပိတ်သွား၏ ။ ခနကြာသောအခါ တံခါးပြန်ပွင်.လာပြီး ငွေစက္ကူနှစ်ချပ်တံခါးကြားမှထွက်ပေါ်လာပြီးတံခါးပြန်ပိတ်သွားတော.သည် ။ ထိုသို.ဖြစ်၍ငါ.အဖေငါ.ကိုတစ်သက်လုံးစွန်.ပါယ်လိုက်ပြီဟုယူဆ၍မရ နောက်တစ်ခါပြန်တွေ.သောအခါ ဖော်ဖ်ာရွေရွေဖြစ်ချင်ဖြစ်နေတတ်သည် ။ ယောက်ဖတော် သုခမိန်လှိုင်ဟုဆိုလိုက်လျင်ကျွန်တော်.မျက်စေ.ထဲတန်းကနဲနေအောင်ပြေးမြင်မိသောမြင်ကွင်းမှာကျွန်တော်တို.ပြည်အိမ်တွင်မွေးထားသော ခွေးတစ်ကောင်ဖြစ်သည်.မောင်မဲ သည် သုခမိန်လှိုင်ကိုမြင်သည်နှင်.မရပ်မနား စူစူးရွားရွားထိုးဟောင်တော.သည် ။သုခမိန်လှိုင်ကလည်းထိုခွေးကို သူ.ကိုဟောင်ရပါ.မလားဟုဆိုကာခွေးခြေ ၊ အုတ်ခဲကျိုးစသည်တို.နှင်.လိုက်သည် ။ ခွေးကပြေး သုခမိန်လှိုင်ကလိုက် ။ခွေးကမရပ်မနားဟောင်နေသောမြင်ကွင်းမှာ ကျွန်တော်ငယ်စဉ်ကမှတ်မိနေသောမြင်ကွင်းဖြစ်သည် ။တစ်ခါကလည်း သူတို.အပြင်သို.သွားစရာကိစ္စတစ်ခုရှိသဖြင်. မြင်းလှည်းတစ်စီးကိုဂိတ်မှခေါ်ထားရာ မြင်းလှည်းရောက်လာကာမှ မသွားတော.ဘူး ၊မစီးတော.ဘူးဟု သုခမိန်လှိုင်ကပြောလိုက်သည် ။ထိုအခါမြင်းလှည်းဆရာက မကြေမနပ်ပြောဆိုသောကြောင်. သုခမိန်လှိုင်ကပြန်လည်ကြိမ်းဝါးငေါက်ငန်းကာ ထိုးမလိုကြိတ်မလိုဖြစ်ကြပုံကိုလည်းကျွန်တော်မှတ်မိနေ၏။
(ဆက်ရန် )

0 comments:

Post a Comment

Facebook Like Page