Tuesday, August 5, 2014

မာစီဒီး.............လမ်း........ကဗျာ

Leave a Comment

မာစီဒီး
*****
ဝန်ကြီး ၀န်ကြီး စီးတော့မာစီဒီး
ယခင်ကားများဟောင်းလို့ကွယ်
နောက်ထပ်မှာရတယ် လေးဆယ်ဆိုတဲ့
မော်တော်ကား အဖိုးသိပ်မများ
ကိုးကုဋေခွဲ အခွန်ကို ဒီနှစ်ထပ်လို့ပို
လူထုဆိုတဲ့ ပြည်သူများ ကုန်း၍ခံစေဗျား.........

အိန္ဒိယက ဆယ်ကုဋေ ချီးတော့အုံးမလေ
ဘယ်ပြည်ကမဆိုထား ရရင်ယူမှာဗျား
အဲဒိတော့မှ ဗမာပြည် ဘားချက်ရွှန်းရွှန်းဝေ
သူပုံတွေကို အပြုတ်တိုက် လူထုဖုတ်လှိုက်လှိုက်........

လေးနှစ်ဆိုတဲ့ကာလကြာ  ငြိမ်ဝပ်ပိပြားမှာ
အဲဒိတော့မှ ငြိမ်းချမ်းရေး လူထုစံတော့လေး
ယခုအချိန်တော့ ဒို့ဝန်ကြီး စီးတော့
မာစီဒီး...၀ီး...၀ီး...၀ီး...။

အဆိုပါကဗျာလေးဟာ (၁၉၅၉)ခုနှစ်ခန့်က သောကြာစာစောင်မှာ
ပါရှိခဲ့တဲ့ကဗျာလေးပါ ဒီကဗျာလေးကို ကျွန်တော်သတင်းသွားယူတုန်း
စကားစပ်မိရာကနေ ပြည်မြို့နယ် သံပုရာခုံကျေးရွာမှ ဦးလှရွှေ(ကန်ကလေး) ပြောပြသည်ကို
ရေးသားတင်ပြခဲ့ခြင်းဖြစ်ပါကြောင်း.......ပြည်သတင်းလူငယ်...

**********************************************************

လမ်း
****
ငါကတော့...
သူတို့ နင်းဖို့ ငါ့ကျောပြင်ကို
ခင်းပေးခဲ့.....

နင်းခြေမှုတွေကို ကြံ့ကြံ့ခံခဲ့တဲ့ ငါ
ခုတော့.......

ငါ့ကျောပြင်လည်း
ပေါက်ပြဲ.....အက်ကွဲ...
သွေးသံတွေနဲ့ ရဲနေပါ့ရောလား.....

ကျော်ကျော်(ပြည်)




0 comments:

Post a Comment

Facebook Like Page