Saturday, August 23, 2014

ဒီအတိုင်းလဲကောင်းနေသားပဲ သရ၀ဏ်(ပြည်)

Leave a Comment
ဒီအတိုင်းလဲကောင်းနေသားပဲ

သရ၀ဏ်(ပြည်)

အရာဝတ္တုတစ်ခုသည် ရပ်တည်နေရာတွင်ဆက်လက်ရပ်တည်နေလိုသောဂုဏ်သတ္တိ ၊ ရွေ.လျားနေရာတွင်ဆက်လက်ရွေ.လျားနေလိုသော ဂုဏ်သတ္တိကို အင်နားရှားဟုခေါ်ကြောင်းရူပဗေဒတွင်သင်ခဲ.ဖူးပါသည် ။ ထိုအင်နားရှား၏သဘောကြောင်.ပင် ကားတစ်စီးရပ်နေရာမှဆောင်.ထွက်လိုက်သောအခါ ရပ်နေသူတို.နောက်သို.ယိုင်လဲသွားကြခြင်း ၊ အရှိန်ဖြင်.မောင်းလာရာမှ ရုတ်တရက်ဘရိတ်အုပ်လိုက် သောအခါ ရှေ.သို.ယိုင်လဲ သွားကြခြင်း များဖြစ်ပေါ်လာကြခြင်းဖြစ်သည် ။ အရာဝတ္တုတို.သည် နေရာမှမရွှေ.ချင်ကြ ။ ရပ်သူကဆက်ရပ်နေချင်သည် ။ ရွေ.သူကဆက်ပြီးရွေ.နေချင်သည် ။ အင်နားရှားသည် ကမ္ဘာကြီးကိုအုပ်စီးထားသည် ။ လောကကိုလွှမ်းမိုးထားသည် ။ အကယ်၍ ၂၄ နာ၇ီ တစ်ပါတ်နှုန်းဖြင်.နှစ်သန်းပေါင်းထောင်ချီ၍လည်နေသော ဤ ကမ္ဘာလုံးကြီးသာ ရုတ်တရက်လည်ပါတ်ခြင်းရပ်သွားမည်ဆိုလျင် မဟာပထ၀ီမြေကြီးပေါ်ရှိ သက်ရှိသက်မဲ.တို.သည် ရုတ်တရက်ဂျွမ်းပစ်ကာ အာကာသထဲသို.လွင်.ထွက်သွားကြမည်လားမသိပေ ။ ဒါက ရုပ်ဝတ္တုများကိုသာကြည်.၍ပြောရခြင်းဖြစ်သည် ။ စိတ်ပိုင်းဆိုင်ရာကိစ္စများတွင်လည်း ယခင်အကျင်.ဟောင်းများကိုမပြင်ချင်သော ၊ နဂိုအတိုင်းကောင်းကောင်းမကောင်းကောင်း ဆက်သွားချင်သော ၊ ဒီအတိုင်းပဲ မှိန်းလိုက်ချင်သော စိတ်ဓါတ်အင်နားရှားများလဲရှိနေပေသေး၏ ။ စိတ်ဓါတ်အင်နားရှားသည် အပြောင်းအလဲကိုအဓိကဆန်.ကျင်တွန်းလှန်၏ ။

ဤကမ္ဘာကြီးဝယ် ရှေးယခင်ကအုပ်စိုးသူလူတန်းစားနှင်.အုပ်စိုးခံလူတန်းစားဟူ၍ လူတန်းစားကွဲပြားမှုမရှိခဲ.ချေ ။ အုပ်စိုးသူ ဟူ၍ ရှိကိုမရှိခဲ.ကြပဲ ။လူ.သမိုင်းအစတွင်နေထိုင်လာခဲကြခြင်းဖြစ်သည် ။ ထိုအခြေအနေတွင် တစ်ယောက်နှင်.တစ်ယောက်အငြင်းပွားမှုများဖြစ်ပွားသောအခါ ကူညီဖြေရှင်းပေးမည်.လူတစ်ယောက်သည်လိုလာ၏ ။ ရန်ဖြစ်သတ်ပုတ်သောအခါ ဖျန်ဖြေပေးမည်.သူကိုအလိုရှိလာ၏ ။ ထိုအခါလူတို.သည် အများကိုယ်စားလူတစ်ယောက်ကိုရွေးချယ်လိုက်၏ ။ သူ၏တာဝန်မှာ အငြင်းပွားမှုများဖြစ်ကဖျန်ဖြေပေးရန် ၊ ရန်ဖြစ်သတ်ပုတ်ကြသောအခါ ကြားဝင်စေ.စပ်ပေးရန် ၊ အမှုအခင်းများဖြစ်ပါက အဆုံးအဖြတ်ပေးရန်ဖြစ်သည် ။ ထိုရွေးချယ်ခံရသူသည် ၎င်းအလုပ်များကိုသာလုပ်နေရသောကြောင်. သူ၏မူလအလုပ်ဖြစ်သော အမဲလိုက်ခြင်း ၊ ထွန်ယက်စိုက်ပျိုးခြင်း စသော အလုပ်များကိုလုပ်ချိန်မရတော.ပဲအလုပ်တွင်လစ်ဟာလာကြတော.သည် ။ ထိုအခါ အများက ထိုသူအားအလုပ်ပျက်သည်.အတွက် သူတို.ရရှိလာသောအမဲသားကောင်များထဲမှ အနည်းငယ်ကို ခွဲဝေ၍ ပေးကမ်းလာခဲ.ကြလေသည် ။ နောက်တော. ထွန်ယက်စိုက်ပျိုးသူများကလည်းသူတို.ယာထဲ ခြံထဲမှထွက်သမျှကို ဆယ်ပုံပုံတစ်ပုံ အား ခေါင်းဆောင်ကြီးကို လက်ဆောင်ပဏ္ဍာသကြသောဓလေ.သည်ပေါ်ထွန်းလာ၏ ။ ခေါင်းဆောင်ကြီးမှာ နောက်လိုက်အင်အားများပြားလာသဖြင်. မူလတာဝန်များအပြင် အုပ်စုတစုနှင်.တစု နယ်မြေလု တိုက်ခိုက်သတ်ဖြတ်ကြသောစစ်ပွဲများတွင်ပါ စစ်ရေးအမြင်ဖြင်.၀င်ရောက်ဦးဆောင်တိုက်ခိုက်ပေးရသည် ။ ဤသို.ဖြင်. လူ.ဘုံသမိုင်းတွင် အုပ်ချုပ်သူ စတင်ပေါ်ပေါက်လာပါသည် ။ ထိုသူသည် လူနည်းလျင် သူကြီး ၊ လူများလျှင် လူမျိုးစုခေါင်းဆောင် ၊ မြို.ကြီးများတွင် မြို.စားကြီး ၊ထိုမှနယ်စားကြီး ၊ ၎င်းမှတစ်ဖန် မင်းဧကရာဇ်တို.ပေါ်ထွန်းလာသည် ။ ဘ၀ရှင်မင်းတရားတို.သည် ပြည်သူကလိုအပ်၍ ပြည်သူကိုကာကွယ်ရန်စတင်ပေါ်ထွန်းလာကြခြင်းဖြစ်သည် ။ ကာလကြာသော် သူတို.သည် သာကီသွေးများဖြစ်သယောင် ၊ နေမျိုးနွယ်မှဆင်းသက်လာသယောင် ၊ နေနှင်.လတို.စုံဖက်၍ ပဲပေါက်ဖွားလာသယောင် ၊ပြည်သူလူထုသည် ကျွန်များဖြစ်၍ သူတို.ဘုရင်များသာ မြင်.မြတ်သော တော်ဝင်နန်းဆက်များဖြစ်သယောင်၊သူတို.သားသမီးများသည် သမီးတော် သားတော်များဖြစ်သယောင် ပြည်သူလူထုကိုလှည်.ဖျားလာကြရင်း ၊ သူတို.ကိုယ်တိုင်လည်း မြင်.မြတ်သူကြီးများဟု ကိုယ်.ဘာသာထင်လာခဲ.ကြတော.သည် ။ တိုင်းပြည်ကိုငါတို.ပိုင်သည် ၊ လူတွေ၏အသက်ကို လည်း ငါတို.ပိုင်သည် ၊ငါတို.သနားမှ လူတွေအသက်ချမ်းသာမည် ဟူသော သက်ဦးဆံပိုင် အာဏာရှင်စိတ်ဓါတ်များ ပေါ်ပေါက်လာကြသည် ။ နန်းဆက်များတဆက်ပြီးတဆက်တက်လာကြသည် ။

သို.သော် လူ.သမိုင်းသည် တနေရာတည်းရပ်တည်နေသည်မဟုတ် ။ ရွေ.လျားနေသည်သာ ။ လူတစ်ယောက်၏လက်ထဲတွင်သန်းပေါင်းများစွာသော ပြည်သူအများ၏အသက်နှင်.စည်းစိမ်ကို ၀ကွက်အပ်ထားရသော သက်ဦးဆံပိုင်ဘုရင်စံနစ်ကို ကမ္ဘာအနှံ.အပြားမှပြည်သူများတော်လှန်လာကြရာ အင်္ဂလန်၌ ( ၁၂၁၅ ) ခုနှစ်တွင်မဂ္ဂနာကာတာစာချုပ်ဖြင်.လည်းကောင်း ၊ ပြင်သစ်တွင် လူဝီ ၁၆ ဘုရင်ကို(၁၇၉၃ ) တွင်ကြိုးပေးကွက်မျက်ခြင်းဖြင်.လည်းကောင်း ၊ရုရှား၌် (၁၉၁၈ ) ခုနှစ်တွင်ဇာဘုရင်နီကိုလပ်နှင်.မိသားစုကိုဘော်လ်ရှီဗစ်တော်လှန်ရေးသမားများကသေနတ်ဖြင်.ပစ်ခတ်ကွက်မျက်ခြင်းဖြင်. လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ၁၉၃၂ တွင်တော်လှန်ရေးဖြစ်ပွားပြီးနောက်တွင်လည်းကောင်း သက်ဦးဆံပိုင်ဘုရင်စံနစ်ဇာတ်သိမ်းသွားခဲ.ကြသည် ။ သူတို.သည် လွယ်လွယ်နှင်.အာဏာစွန်.ခဲ.ကြသည်တော.မဟုတ် ။ နှစ်ပေါင်း ထောင်နှင်.ချီ၍ ကြာမြင်.ခဲ.ပြီဖြစ်သော အာဏာရှင်ဘုရင်စနစ်ကိုအလွယ်တကူရပ်တန်.မပစ်ချင်ပဲ အင်နားရှားသဘောဖြင်.ဆက်လက်ရွေ..လျားနေစေလိုသောဆန္ဒသည် အုပ်ချုပ်သူမင်းဧကရာဇ်များ၏ အဓိကဆန္ဒဖြစ်သည် ။ အပြောင်းအလဲလုပ်လိုသူများကိုသစ္စာဖောက်များ ၊ ပုန်ကန်သူများဟုသတ်မှတ်ကာ ရက်ရက်စက်စက် နှိမ်နှင်းခဲ.ပေသည် ။ နောက်ဆုံးတွင်မတတ်သာမှ အင်္ဂလန်တွင် စည်းမျဉ်းခံဘုရင်စံနစ် ( Constitutional Monarchy ) ကိုလက်ခံသည် ။ ပြင်သစ်တွင်တော. ဧကရာဇ်ဘုရင်မှာကြိုးပေးကွက်မျက်ခံရပြီး ဘုရင်စနစ်ဇာတ်သိမ်းခဲ.သည် ။ ရုရှားတွင်ကွန်မြူနစ်တို.က ဇာဘုရင်ကို ပစ်ခတ်သုတ်သင်သည် ။

မြန်မာနိုင်ငံတွင်လည်းရာဇဓမ္မသင်္ဂဟကျမ်းဖြင်.စည်းမျဉ်းခံဘုရင်စနစ်ကိုတင်ပြခဲ.သောယောမင်းကြီးဦးဘိုးလှိုင်ကို သီပေါမင်းနှင်.စုဘုရားလတ်ကခါးခါးသီးသီးဝေဖန်ပြစ်တင်ခဲ.သည် ။ အာဏာအင်နားရှားကိုအထိပါးမခံလိုသော စုဘုရားလတ်က “ဘိုးလှိုင်တို.ဆီကပဲ ရှင်ဘုရင်ကလက်ဖြန်.တောင်းစားရမယ်.ပုံ ပေါက်နေပြီ “ ဟု စည်းမျဉ်းခံဘုရင်စနစ်ကို ပြစ်တင်ရှုတ်ချခဲ.သည် ။ ကိုယ်.ဘာသာအရှိန်သတ်၍ ရပ်ရတော.မည်. အာဏာယာဉ်ရထားကိုအရှိန်မလျှော.ပဲဆက်လက်စီးစေရာ နယ်ချဲ.အင်္ဂလိပ်ဟူသော ပြင်ပအားတစ်ခု ၊ ကျောက်ဆောင်တစ်ခုနှင်.၀င်တိုက်မိမှ မရှုမလှ ရပ်တန်.သွားခဲ. ရ၏ ။ ကိုယ်.ဘာသာအရှိန်သတ်၍ ယောမင်းကြီးဦးဘိုးလှိုင်ပြောသလို စောစောကသာ ရပ်ခဲ.ပါကဤမျှအကျနာမည်မဟုတ်ချေ ။

ပြုပြင်ပြောင်းလဲရေးအကြောင်းပြောကြသောအခါ မပြုပြင်မပြောင်းလဲလိုသော အုပ်စုဝင်များအကြောင်းကိုလည်း ပြောတတ်ကြပေ၏ ။ ဤသူတို.အမြဲတမ်းပြောကြသောစကားမှာ “ ဒီအတိုင်းလဲကောင်းနေသားပဲဖြစ်သည် “ ဘုရင်စနစ်အောက်တွင် စုဘုရားလတ်ဂိုဏ်းသားများလည်းဤစကားကိုပြောခဲ.ကြ၏ ။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် လွတ်လပ်ရေးအတွက် သက်စွန်.ကြိုးပန်းဆောင်ရွက်ကြသောအခါ အင်္ဂလိပ်အလိုတော်ရိများက ဒီအတိုင်းလဲကောင်းနေသားပဲဟု တရားချခဲ.ကြသည် ။ ဂျပန်ကိုပြန်တိုက်ဖို.ကြံကြသောအခါ ဒီအတိုင်းပဲကောင်းနေသားပဲဂိုဏ်းသားများကကန်.ကွက်ကြပြန်သည် ။ မ.ဆ.လခေတ်တွင်လည်း ဤဂိုဏ်းကတွင်ကျယ်သည် ။ စစ်အစိုးရလက်ထက်တွင် ဒီမိုကရေစီတောင်းနေသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို အင်နားရှားဂိုဏ်းသားများက ဒီအတိုင်းလဲကောင်းနေတာပဲ စစ်အစိုးရလက်ထက်မှာ အားလုံးကောင်းပါသည်ဟုဆိုကြပြန်သည် ။ ယခုခေတ်တွင်ကော ထိုဂိုဏ်းသားတို. ပပျောက်ပါပြီလား ဟုမေးလျင် ပို၍ပင်များလာသယောင်ရှိသည် ။ လွှတ်တော်ထဲတွင်တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရွေးကောက်ပွဲမ၀င်ပဲ အချိုးကျ စနစ်ဖြင်.၀င်ပါနေခြင်းကိုပြုပြင်သင်.ကြောင်းဝေဖန်သောအခါ တပ်မတော်သားဟောင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ရှိနေခြင်းသည် လွှတ်တော်တွင်မည်သည်.အနှောက်အယှက်မှမဖြစ်ကြောင်း ၊ ဒီအတိုင်းလဲအားလုံးကောင်းနေကြောင်း ဖြေကြားခဲ.တာကြားဖူးသည် ။ တကယ်တော. အာဏာဖြင်.ရွေ.လာသော ယာဉ်တစ်စီးကို ရပ်တန်.ဖို.ဆိုသည်ထက် ဆက်လက်စီးနင်းချင်သော သဘောသဘာဝကိုသာတွေ.ရလေသည် ။ အာဏာသည်ပြည်သူလူထုထံမှဆင်းသက်သည် ဟု ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေထဲတွင်ထည်.သွင်းဖော်ပြထားသော်လည်း ပြည်သူကရွေးချယ်သော လူကိုအနိုင်ပေးရမည်. ရွေးကောက်ပွဲစနစ်ကိုဆန်.ကျင်နေတာလည်းတရားကျစရာကောင်းလှသည် ။

အစိုးရ ဌာနများထဲတွင်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်၏အကြီးဆုံးသော ပုဂ္ဂိုလ် သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးစကားတွင်တွင်ပြောနေသော်လည်း ၀န်ကြီးဌာနတော်တော်များများမှာ နှစ်ပေါင်းမျာစွာရွေ.လာသောအရှိန်နှုန်းဖြင်.ပင် မပြောင်းမလဲဆက်လက်ရွေ.လျားနေတုန်းပင်ရှိပါသည် ။ မလုပ် မရှုပ် မပြုတ် ပေါ်လစီကိုပင် စွဲကိုင်ကျင်.သုံးနေကြဆဲဖြစ်သည် ။ စိတ်သစ် လူသစ်ဖြင်.စခန်းမသွားခင် စိတ်ဟောင်း လူဟောင်း အကျင်.ဟောင်းတို.၏ ရွေ.လျားနှုန်းကိုရပ်တန်.ပစ်ဖို.အရင်ကြိုးစားရပါဦးမည် ။ ထိုသို.ယခင်ရွေ.လျားမှုအလျင်ကိုမရပ်တန်.နိုင်ပဲ နောက်ထပ် အရွေ.တစ်ခုသည် ပထမ ၊ဒုတိယ အဆင်.ကို အောင်မြင်၍ တတိယအဆင်. ( Third Wave ) သို.ပင်ရောက်နေပြီဟုဇွတ်ပြောနေပါက ရယ်စရာဟာသတစ်ပုဒ်လိုဖြစ်နေပေလိမ်.မည် ။ဆန္ဒပြမှုကိုထောင်ချမှုများ ၊ တောင်သူလယ်သမားတို.၏မြေယာသိမ်းယူမှုများ ၊လာဘ်ပေးလာဘ်ယူမှုများ ၊ ခရိုနီတို.သဘာဝပါတ်ဝန်းကျင်ကိုဖျက်ဆီးမှုများ၊၀န်ကြီးဌာနများ၏စီမံခန်.ခွဲမှုအလွဲများသည်ချက်ခြင်းအရေးယူဆောင်ရွက်ရမည်.ကိစ္စဖြစ်သည် ။ ဟိုတလောက ရန်ကုန်မြို.တွင် ကျောင်းတစ်ကျောင်းသို. လူဝင်မှုကြီးကြပ်ရေးဌာနမှ ကျောင်းသားကျောင်းသူကလေးများအား အသက် (၁၀)နှစ်ပြည်.နိုင်ငံသားစိစစ်ရေးကတ်ပြားလာလုပ်ပေးပါသည် ။ သို.သော် သူတို.ကပြောသည်မှာ ကလေးရော မိဘနှစ်ပါးရော ဤမြို.နယ်တွင်မွေးဖွားပါမှ ဆယ်နှစ်ပြည်.ကတ်ပြားလုပ်ပေးမည်ဆိုခြင်းကြောင်. ကျောင်းသားတော်တော်များများမှာ နိုင်ငံသားကတ်မလုပ်ခဲ.ရပါ ။ ရန်ကုန်မြို.တွင်နေထိုင်သူအားလုံးသည် ရန်ကုန်မှတ်ပုံတင်ကိုင်ထားသူများမဟုတ်ကြပါ ။ နယ်မှလာကြသူများ ၊ တစ်နယ်စီမှလာသူချင်းအိမ်ထောင်ကျကာ ရန်ကုန်တွင် သားသမီးမွေးသူများလဲရှိကြပါသည် ။ မိခင် ၊ဘခင် ၊ သားသမီး အားလုံး ဤမြို.နယ်တွင်မွေးဖွားသူများဖြစ်ပါမှ ကျောင်းတွင်နိုင်ငံသားကတ်ဆောင်ရွက်ပေးမည်ဆိုသောအစီအမံသည် သိပ်ပြီးအဓိပါယ်မရှိပါ ။ တီထွင်ကြံဆမှုမရှိသော စနစ်အဟောင်းလုပ်ထုံးလုပ်နည်းအဟောင်းဖြသည် ။ လူတွေအဆင်ပြေမည်. နည်းလမ်းကိုအပြောင်းအလဲလုပ်သည်.အနေဖြင်. လ.၀.က ဌာနခြင်းတာဝန်ယူကာ ရန်ကုန်မှ နယ် လ.၀.က ဦးစီးရုံးများသို. အထောက်အထားကိုလှမ်းမေး၍ မရပါသလော ။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတစ်ပါးတည်း၏အုပ်ချုပ်မှုအောက်တွင်ရှိသော ရုံးဌာနတစ်ခု၏ ဖိုင်တွဲတစ်ခုကို ဌာနခြင်းတောင်းကြည်.လို.ကောမရဘူးလား ။ ပူးပေါင်းဆောင်ရွက်မှုဤမျှတောင်မရှိဘူးလားဟုတွေးမိပါသည် ။ တိုးတက်သောနိုင်ငံများတွင် ကွန်ပြူတာထဲတွင်နာမည်တစ်ချက်ခေါက်လိုက်သည်နှင်. သက်ဆိုင်သူ၏ မှတ်တမ်းသည်ပေါ်လာပါ၏ ။ ထိုသို.မဖြစ်တောင်မှ ပြည်သူကိုဒုက္ခမပေးပဲဌာနအချင်းချင်း အချိတ်အဆက်မိမိ အလုပ်လုပ်ကြရန်ပြုပြင်ပြောင်းလဲသင်.လှ၏ ။ အရင်ကဒီလိုပဲလုပ်လာတာပဲဟူသောဆင်ခြေနှင်.သာ မှိန်းပြီးလိုက်နေကြပါက သမ္မတ ဆယ်ဆက်ပြောင်းသွားလဲ မြန်မာနိုင်ငံတိုးတက်မည်မဟုတ်ချေ ။

ရန်ကုန်မြို.ရှိ နိုင်ငံခြားကုန်သွယ်မှုဘဏ် တွင် ငွေစာရင်းသွားဖွင်.စဉ် မြင်ခဲ.ရသောမြင်ကွင်းကြောင်.အံ.သြရပုံကိုလည်းမိတ်ဆွေတစ်ယောက်ကပြောပြဖူးသည် ။

“ ဘဏ်မှာငွေသွားသွင်းတော. ငါတို.ရဲ.စာရင်းအချက်အလက်တွေကိုမှတ်ထားတဲ.ဖိုင်တွဲကြီးတစ်အုပ်ကိုစာရေးမတစ်ယောက်ကမနိုင်.တနိုင် သယ်လာတော. ငါ.မျက်စေ.တောင်ငါမယုံနိုင်ဘူး ။ ဖိုင်တွဲကြီးဟာကြီးလွန်လွန်းလို. အပေါ်အောက်ကို သစ်သားပြားကြီးနှစ်ခုနဲ.ညှပ်ထားရတယ် ။အထူကလဲ ယောက်ကျားလက်တစ်ထွာနဲ.လက်သုံးလုံးလောက်ရှိမယ် ။ ရုတ်တရက်ငါဟာ ကွန်ပျူတာမပေါ်သေးတဲ. ၁၈ ရာစုကဘဏ်တစ်ခုကိုများရောက်သွားသလားလို.ထင်မိတယ် ။နောက်မှ ရန်ကုန်မြို.လယ်ကောင်မှာ ၂၁ ရာစု ဆိုတာပြန်အမှတ်ရတယ် “

ခေတ်ဟောင်း စနစ်ဟောင်းမှအရှိန်အဟုန်သည်ယခင်အတိုင်းပင်သွားနေဆဲဖြစ်ပါ၏ ။ ဒီအတိုင်းလဲကောင်းနေဆဲပင်မဟုတ်ပါလား ။

ကူညီပါရစေဟူသောဆောင်ပုဒ်ထုတ်ပြန်ထားသည်.ပြည်သူ.ရဲများသည် တစ်မြို.တစ်နယ်သို.တရားခံသွားဖမ်းစရာရှိလျင် အမှုဖွင်.ထားသော တရားလိုက လမ်းစားရိတ်နှင်.ကုန်ကျစားရိတ်ပေးရသည် ဟုကြားတော. အံ.သြစရာဖြစ်ရသည် ။မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ၊စဉ်.ကူးမြို.နယ် ညောင်ဝန်းကျေးရွာ ရှိတောင်သူလယ်သမားများအား ကျဉ်ဆန်အစစ်ဖြင်.ရဲများကပစ်ခတ်ခဲ.သဖြင်. ဒေသခံလေးဦးဒဏ်ရာရရှိကာတစ်ဦးမှာခြေထောက်ထုတ်ချင်းပေါက်သေနတ်ဒဏ်ရာရရှိခဲ.သဖြင်. ဒေသခံများကပစ်မိန်.ပေးသူကိုဖော်ထုတ်ပေးအရေးယူပေး၇န်တောင်းဆိုခဲ.ကြကြောင်း ၁၅.၈.၂၀၁၄ ထုတ် Daily Eleven သတင်းစာတွင်ရေးသားထားသည်ကိုဖတ်ရှုရပါသည် ။ခေတ်ပြောင်းပြီဟုသမ္မတကြီးကပြောနေသော်လည်းကစားကွက်အဟောင်းဖြင်. ကစားနေဆဲသာဓကတစ်ခုပင် ။

တရားစီရင်ရေးနယ်ပါယ်တွင်လည်း ပြုပြင်ပြောင်းလဲရေးရနံ.မှာမူးလို.မှရှူစရာမရှိချေ ။ယခင်က ငွေများတရားနိုင်ဖြစ်ခဲ.ရာမှ ယခုအခါ ငွေနည်းတရားရှုံးအဆင်.သို.ပြောင်းသွားသည်ပဲအဖတ်တင်သည် ။ ကျွန်တော်တို.ရပ်ကွက်ထဲတွင် မြို.နယ်တရားရုံးတစ်ရုံးရှိရာ တရားရုံးအနီးတွင်လည်း “ ခိုင်ဖုန်း စားသောက်ဆိုင် “ ဟူသော စားသောက်ဆိုင်တစ်ဆိုင်ရှိ၏ ။ ယခုအခါ တရားရုံးနားတွင်တရားရေးဌာနမှပုဂ္ဂိုလ်များနှင်. အမှုတွင်ပါတ်သက်သောသူများသည် စကားပြောစရာရှိလျင် ၊ညှိနှိုင်းစရာရှိလျင် “ အနိုင်အရှုံးကို ခိုင်ဖုန်းမှာပြောမည် “ ဟုဆိုကာ စားသောက်ဆိုင်ထဲဝင်သွားတတ်ကြပါသည် ။ တရားစီရင်ရေးသည် အင်နားရှားအဟောင်းဖြင်.ရွေ.နေဆဲဖြစ်ပါသည် ။ အခြေခံဥပဒေပြင်ဆင်ရေး ၊ လူထုကမလိုလားသော စစ်ရေးနှင်. အုပ်ချုပ်ရေး ၊ စစ်ရေးနှင်. ဥပဒေပြုရေး တွဲဖက်ထားခြင်းကို ပယ်ဖျက်ရေး ၊ ဖွဲ.စည်းပုံကပေးအပ်ထားသောနိုင်ငံသားတို.၏အခွင်.အရေးနှင်.ရပိုင်ခွင်.များအပြည်.အ၀ရရှိရေး ၊ ဖွဲ.စည်းပုံတွင်မပါသော PR စနစ်ကိုဇွတ်အဓမ္မအကောင်အထည်မဖော်ရေး၊ ဆင်းရဲသားများဘ၀အခြေမြင်.မားရေး ၊ရွေးကောက်ပွဲတွင်သမာသမတ်ရှိရေး တို.သည် လူထုလိုလားသော ပြုပြင်ပြောင်းလဲရေးများဖြစ်သည် ။အာဏာကိုဆုပ်ကိုင်ထားသောလက်များကိုဖြည်၍ ပြည်သူကမ်းသောလက်ကို ဆုပ်ကိုင်လိုက်စေချင်ပါသည် ။

နိုင်ငံရေးနယ်ပါယ်ကိုကြည်.သောအခါ နှစ်ပေါင်း ၅၀ ကျော်အာဏာကိုလက်မလွတ်စတမ်းကိုင်ထားခဲ.သည်.စစ်မျိုးဆက်သည် ယခုထက်တိုင်အာဏာကိုဖက်တွယ်ထားလိုသော အာဏာအင်နားရှားအရွေ.ကိုတွေ.ရပါသည် ။ ၁၉၆၂ ကစတင်မောင်းခဲ.သော စစ်အာဏာရှင် မော်တော်ယာဉ်ကြီးသည် ၁၉၈၈ တွင် လူထုကဂျမ်းတုံးခုခဲ.သော်လည်း တွေ.သမျှခပ်ကြမ်းကြမ်းဝင်တိုက်ကာ လူအုပ်ကို တွေ.ပါလျက်မရပ်ပဲ ဆက်၍ ရွေ.လျားလာခဲ.ပါသည် ။ ၁၉၉၀ တွင် ရွေးကောက်ပွဲအုပ်တံတိုင်းကြီးနှင်.တွေ.သောအခါ အရှိန်နှေးမသွားပဲ ဇွတ်ဆက်မောင်းခဲ.ပါသည် ။ ၂၀၀၈ တွင် ညိုညစ်ညစ်အင်ဂျင်ဝိုင်ထပ်ဖြည်.ပြီး ဇွတ်ဆက်မောင်းခဲ.ရာ ၂၀၁၀ တွင် အခြေအနေကောင်းအောင်ကားကိုဆေးပြောင်းသုတ်ကာ မျက်လှည်.ပစ္စည်းများတင်၍ လီဗာကိုထပ်တင်ခဲ.ပါသည် ။ ၂၀၁၂ တွင် ကြားဖြတ်ရွေးကောက်ပွဲဆိုသော ဘူတာတွင် ဘီးလေးဘီးအနက် လေးဘီးစလုံးပေါက်ခဲ.ပါသည် ။ လာမည်.၂၀၁၅တွင်တော. အာဏာရှင် မော်တော်ကားကြီးထိုးရပ်တော.မည်ဖြစ်သဖြင်.ယခုထဲကအရှိန်လျှော.ထားတော.မည်ဟု ပြည်သူလူထုကထင်မြင်ယူဆနေကြပါသည် ။ သို.သော် အရာဝတ္တုများသည် ရွေ.လက်စရှိပါက ဆက်၍ရွေ.လျားနေချင်သော ရူပဗေဒဖြစ်စဉ်တွင် အာဏာသည်လည်းချွင်းချက်ထားကာချန်လှပ်၍မဖြစ်နိုင်ရကား မည်သူကမျှတက်မစီးချင်သော မျိုးဆက်ဟောင်း မော်တော်ယာဉ်အစိမ်းရောင်ကြီးကို P.R ၀ပ်ရှော.တွင်လက်ပူတိုက်၍ ကောင်းလာလိုလာငြား ပြင်ဆင်ရန်ကြိုးစားနေကြသည်ဟုသိရပါသည် ။ ပြည်သူလူထုကတော. ၂၀၁၅ ဘူတာတွင် အသစ်ဆိုက်လာမည်. တွဲအသစ် ဒရိုက်ဘာအသစ် အနီရောင်အဲကွန်းရထားအသစ်ကြီးကိုလိုက်ပါစီးနင်းရန် မျှော်လင်.ချက်အပြည်.ဖြင်.စောင်.မျှော်နေကြပြီဖြစ်ရာ တွဲစုတ်ကြီးများသာပါသော သံရည်ကျိုစက်ရုံသို.ပို.ရလုဆဲဆဲ ဂျုံးဂျုံးကျ ကားအစိမ်းကြီးကို မည်သူမျှတက်စီးချင်စိတ်ရှိကြမည်မဟုတ်ပေ ။

အင်နားရှား၏သဘော မှာ ရပ်နေသောအရာဝတ္တုတစ်ခုသည် သူ.ဘာသာ စတင်ရွေ.လျားသည် ဟူ၍မရှိ ။ ပြင်ပမှ အားတစ်ခုက၀င်ရောက်တွန်းရွှေ.ပေးပါမှ ထိုအား၏အဟုန်ဖြင်. စတင်ရွေ.လျားလေသည် ။ ထို.အတူပင် အရှိန်ပြင်းစွာဖြင်. ရွေ.လျားနေသောအရာဝတ္တုတစ်ခုသည် သူ.အလိုလို နောင်တတရားရကာရပ်တန်.သွားသည်ဟူ၍မရှိ ။ ကြီးမားသော အားတစ်ခုခုက၀င်ရောက်ခုခံပေးကာမှ တဖြည်းဖြည်းအရှိန်လျော.ကာ လုံးဝရပ်တန်.သွားမည်ဖြစ်သည် ။ သို.သော် အရှိန်လျှော.ရမည်.အချိန်တွင် ဘရိတ်ကိုမျှင်း၍မအုပ်ပဲ လီဗာကိုတင်ကာ ဇွတ်အတင်းဆက်လက်မောင်းနှင်နေမည်ဆိုပါက Dead Stop အုပ်လိုက်သည်နှင်.တူသော အားအင်တစ်ခုနှင်.ဗြုန်းကနဲတွေ.လိုက်ပါလျင် ဒလိမ်.ခေါက်ကွေးမြင်မကောင်းအောင် တိမ်းမှောက်သွားတတ်ပါသည် ။မောင်းသူရော အတိုက်ခံရသူရော အလွန်နာပါမည် ။

မြန်မာနိုင်ငံတွင်လည်းနှစ်ပေါင်းများစွာကြီးစိုးလာခဲ.သော အာဏာစွဲကိုင်ခဲ.သူ များသည် အတိတ်ခေတ်က ရှင်ပြုတုန်းရွှေထီးဆောင်းခဲ.ရသော အာဏာငန်းဖမ်းလီဗာများကိုနည်းနည်းလျှော.၍ ပြည်သူ.အကျိုးကိုရှေ.ရှုကာ ပြုပြင်ပြောင်လဲရေးဘရိတ်များကို တဖြည်းဖြည်းစတင်သုံးကြဖို.အချိတ်တော်ပေပြီ ။ ထိုသို.မဟုတ်ပဲ အရင်က ငါတို.ယူထားခဲ.သောနေရာကို မည်သူ.ကိုမှပေးရန်ရည်ရွယ်ချက်မရှိသည်.သဘောဖြင်. ငါတို.ဘာသာငါတို. ဒီအတိုင်းလဲကောင်းနေသားပဲဟုဆိုပြီးငါ.ကားငါမောင်း တကောင်းရောက်ရောက်သဘောဖြင်. ဆက်ကာဆက်ကာအရှိန်မြှင်.ပြီးမောင်းနှင်နေမည်ဆိုပါက မတော်တဆ လူထုအုံကြွမှု ဟန်းဘရိတ် နှင်. ဒက်စတော.အုပ်လိုက်ပါက အားလုံးကျွမ်းပြန်၍ လွင်.စင်ကျသွားမည်ဖြစ်ပါကြောင်း ။

သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၂၆.၈.၂၀၁၄




0 comments:

Post a Comment

Facebook Like Page