Monday, August 4, 2014

ခွင့်ပြုမိန့်မရသော်လည်း ပီအာရ်အလိုမရှိကြောင်း ပြည်မြိုတွင်းနိုင်ငံရေး အကျဉ်းသားဟောင်းများဦးဆောင် ဆန္ဒပြ ပြည့်သဲမောင်(ပြည်)

Leave a Comment




ခွင့်ပြုမိန့်မရသော်လည်း ပီအာရ်အလိုမရှိကြောင်း ပြည်မြိုတွင်းနိုင်ငံရေး အကျဉ်းသားဟောင်းများဦးဆောင် ဆန္ဒပြ
ပြည့်သဲမောင်(ပြည်) ပြည် သြဂုတ်လ (၄) ရက်
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိနိုင်ငံရေး အင်အားစုဖြစ်သော နိုင်ငံရေးအကျဉ်းသားဟောင်းများက ဦးဆောင်၍ ခွင့်ပြုမိန့်မရသော်လည်း သြဂုတ်လ(၄)ရက်နေ့တွင် ပိအာရ်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ခဲ့ကြသည်။
၂၀၁၅ နီးကပ်လာသောအခါ လာမည့်ရွေးကောက်ပွဲတွင် NLDနှင့် ယှဉ်ပြိုင်ကြ
ရမည်ဖြစ်ရာ ပီအာရ် စနစ် ( အချိုးကျကိုယ်စားပြုစနစ် )ကို အကွက်ချပြင်
ဆင်လာခဲ့ကြပြန်သည်။ ဦးပိုင် ၊ ခရိုနီတို့၏ ငွေကြေးကျော ထောက်နောက်ခံ
ပါတီများ မှိုလိုပေါက်လာအောင် ဖန်တီး၍ဆင်းရဲနွမ်းပါးသူများ၏ စားဝတ်ေ
နရေးကို အနိုင်ယူ ကာ ဆန္ဒမဲများ ပြန့်ကျဲသွားစေပြီး တစ်ပါတီတည်း
မဲနိုင်ရေးကို တားဆီးဟန့်တားရန် ကြိုးပမ်းနေကြကြောင်း ယခင်ပြုလုပ်
ခဲ့သော ရွေးကောက်ပွဲစနစ်အတိုင်း ကျင့်သုံးဆောင်ရွက်ခြင်းသည် မြန်မာနို
င်ငံ၏ လက်ရှိအခြေ အနေနှင့် အသင့်တော်ဆုံးဖြစ်ပါမည်။ သို့မှသာ ဒီမိုကရေစီအင်အားစုများ၏ ညီညွတ်သော အင်အားကောင်း သော၊
နိုင်ငံတော်သစ်ကိုမျှော်မှန်း နိုင်မည်ဖြစ်ကြောင်း သို့ပါ၍ ပီအာရ်စနစ်ကို ဆန္ဒဖော်ထုတ်နေခြင်းဖြစ် ကြောင်းဆိုသည်။
“ဒီ ပီအာရ်စနစ်ကို ကျင့်သုံးမယ်ဆိုရင် အမျိုးသားပြန်လည် တိုးတက်ရေးလည်း
ထိခိုက်နိုင် တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးလည်းထိခိုက်နိုင်တယ်။ တိုင်းရင်းသားေ
တွ အများစုကလည်း ကန့်ကွက်ထားတဲ့ ပီအာရ်စနစ်ဖြစ်တယ်။ဒီပီအာရ်စနစ်က
ပြည်သူတွေကို ခေါင်းစားထားတယ်။ ပြည်သူတွေကဘာမှ နားမလည် ဘူး။
ဒီ ပီအာရ်စနစ်ကို ဆက်မလုပ်သင့်ဘူး။ ကန့်ကွက်သည့်အနေဖြင့် ဆက်မလုပ်ေ
အာင် ဆန္ဒထုတ်ဖော်တာ ပါ”ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ နိုင်ငံရေးအကျဉ်းသားေ
ဟာင်း နိုင်ငံရေးအင်အားစုမှ ဦးကျော်ဆန်းကပြော သည်။
ကျွန်တော်တို့ ဆန္ဒပြခွင့်ကို သြဂုတ် (၁)ရက်နေ့တွင် မြို့နယ်မှူးထံကို သွားရောက်တင်ပြ တောင်းခံခဲ့ရာ သြဂုတ် (၂) ရက်နေ့တွင် အဆိုပါတင်ပြေ
တာင်းခံထားသည့် ခွင့်တောင်းစာကို လက်မခံနိုင် ကြောင်း အကြောင်းပြန်စာ
ပို့ခဲ့တယ်။ ခွင့်ပြုမိန့်တောင်းစာကို လက်မခံရသည့် အကြောင်းသူတို့ အကြောင်း ပြန်စာစာက ဥပဒေနဲ့မညီဘူးလို့ ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုနေ့နံနက် ( ၈း၀၀ )နာရီက ဆံတော် ရပ်ကွက် ၊ ဘုရားနီလမ်း ၊ ဦးဆောင်ဆန္ဒပြသူ ဦးကျော်ဆန်းနေအိမ် ရှေ့တွင်စုဝေးပြီး ဗိုလ်ချုပ်လမ်း ၊ ကိုး သောင်းရွှေတစ်ချောင်းလမ်း ၊ လမ်းမတော်လမ်းအတိုင်း ချီတက်ကာ ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည်ထွက်ခွာ၍ ဦးကျော်ဆန်းနေအိမ်ရှေ့ အရောက်တွင် လူစုခွဲခဲ့ကြသည်။
ထိုဆန္ဒပြသူများသည် “ပီအာရ်စနစ်….အလိုမရှိ” “အမျိုးသားပြန်လည်သင့်မြတ် ရေးကိုပျက် သွားစေမည့် ပီအာရ်စနစ်း….အလိုမရှိ” “ပြည်တွင်းငြိမ်းချမ်းရေး ကိုပျက်ပြားစေမည့် ပီအာရ်စနစ်….အလိုမရှိ” “ပြည်သူလူထု နားမလည်သော ပီအာရ်စနစ်…..အလိုမရှိ” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ ကြသည်။
“အခုဆန္ဒထုတ်ဖော် နေတာကို ပြည်သူတွေက ဒီမိုကရေစီကို ချစ်မြတ်နိုးလို့သာ အားပေးနေ ကြတာပါ။ တကယ်တမ်းကျတော့ အခုကျွန်တော်တို့ ဆန္ဒပြနေတာ။ ဆန္ဒဖော်ထုတ်နေတာက ဘာအကြောင်း အရာဆိုတာကို ပြည်သူ ( ၉၉% )လောက်က နားမလည်ပါဘူး။ လွှတ်တော်ထဲမှာ လူအနည်းစုက ထောက်ခံပြီး အခုကျွန်တော်တို့ တိုင်းကို အုပ်ချုပ်နေတဲ့သူ တွေကတောင် ဘာမှန်းမသိဘဲနဲ့ ကျွန်တော်တို့ပြည်သူေ
တွက ဒီပီအာရ်စနစ်ကို လက်ခံရမှာလား။ ဒီပီအာရ်စနစ်ဟာ ဘာကြောင့် ၊ ဘာအတွက်ဆိုတာကို ပြည်သူတွေကိုချပြ ရှင်းလင်းတာမရှိဘူး။ ဒါ့ကြောင့် ဒီပီအာရ် စနစ်ကို လုံးဝလက်မခံဘူး။ အဲဒီအတွက် ဆန္ဒပြတာပါ” ဟုလက်တွဲကူ မယ် ပြည်လူငယ်မှ ကိုမျိုးသူထွဋ် ကပြောသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက် လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page