Thursday, July 31, 2014

သတင်းထောက်များဆုံမိကြရာဝယ်

Leave a Comment
သတင်းထောက်များဆုံမိကြရာဝယ်
***********************************
တနေ့တစ်၌ ကျွန်တော်တို့ သတင်းထောက်များ စုံမိကြရာဝယ် .....
စကားဝိုင်းလေးမှာပါရှိသူတွေက DVBသတင်းထောက် ကိုမင်းညို(ပြည်) ၊ ဒီမိုကရေစီတူဒေး သတင်းထောက် ကျော်ကျော်(ပြည်) ၊ ပြည်သတင်း(အွန်လိုင်းမီဒီယာ) မှ ပြည်သတင်းလူငယ် နှင့်
မင်းယွန်း(ခေတ္တရာ) တို့ ဆုံကြရာဝယ် စာရေးဆရာလည်းဖြစ် ကဗျာဆရာလည်းဖြစ် နယ်သတင်းထောက်လည်းဖြစ်သူ ဆရာမင်းယွန်း(ခေတ္တရာ) ကစကားဦးစလိုက်သည်....  ပြည်သတင်း မင်းကအခု မင်းရဲ့ စာဖတ်
ပရိတ်သတ်တွေကို ဗဟုသုတရစေမယ့် ပုံပြင်တွေဘာတွေတင်နေတော့ ငါလည်းမင်းကို ပုံပြင်မဟုတ်သော ပုံပြင်ပြောပြချင်တယ်ကွာ ဘယ်လိုလည်း ဟုမေးလိုက်ရာ ကျွန်တော်က ဟာဆရာကလည်း
ကောင်းတာပေါ့ ကျွန်တော် ဗဟုသုတရခဲ့ရင် ကျွန်တော့စာဖတ်ပရိတ်သတ်တွေလည်း ဗဟုသုတရမယ် မှန်တချပ်လိုပေါ့ဆရာရယ် ဟုပြန်ဖြေမိလိုက်စဉ်...ဒီဗွီဘီ သတင်းထောက်က ပြောပြော မင်းယွန်းရေ
မင်းပြောပြီးမှ ငါလည်း ဒီကောင့်ကို ပုံပြင်တစ်ပုဒ်ကောင်းကောင်းလေးသေသေချာချာပြောပြအုံးမယ်...ဟုရယ်ကျဲကျဲဖြင့် လှမ်းပြောလိုက်ပြီးနောက်....ပြောသမျှညိမ်နားထောင်နေသော ဒီမိုကရေစီတူဒေး
သတင်းထောက်က ကဲပါ ကိုလေးရယ်(မင်းယွန်း..ခေတ္တရာ) ပြောမှာသာပြောပါ နားထောင်ချင်နေပြီဗျ....အေးပါကွာစကားကိုတော့ ဖြတ်မပြောကြေးနော် အရှိန်ပျက်မှာဆိုးလို့ကွာ...အိုကေ ပြည်သတင်း
မင်သေချာနားထောင် ဘက်စုံအောင်တွေးကြည့်ကွာ အခုခေတ်နဲ့ တစ်ထပ်တည်းပဲ   ဒီလိုကွ...........

တချိန်တုန်းက နိုင်ငံတစ်နိုငံမှာ ဘုရင်ကြီးတပါး ဆိုတာရှိတယ်
တနေ့မှာတော့ သူ့နိုင်ငံ လုံခြုံရေးအတွက်  အုတ်တံတိုင်းကြီးတစ်ခု တည်ဆောက်တယ်.....အုတ်တံတိုင်းကြီးတည်ဆောက်ပြီးနောက်ပိုင်း ပြီးခါနီးလေးမှာ အမှတ်မထင် အုတ်တံတိုင်းကြီးက ပြိုကျပါလေရော...
အဲခါမှာ အုတ်တံတိုင်းအောက်မှာ ဖြတ်သွားမိတဲ့ အပြစ်မဲ့ရွာသားတစ်ဦး ဟာ အုတ်တံတိုင်းပိပြိးသေသွားတယ်......သေဆုံးသွားတဲ့သတင်းက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားတဲ့အခါ ဘုရင်ဆီကို ရောက်သွားတယ်..
ရောက်သွားတော့ အုတ်တံတိုင်းပိမိလို့ အပြစ်မဲ့ပြည်သူသေဆုံးသွားတာကို တွေးမိပြီး အပြစ်ရှိသူကို အပြစ်ပေးရမယ်လို့ တွေးပြီးတော့ ဒီအုတ်တံတိုင်းတည်ဆောက်တဲ့ ကန်ထရိုက်ကို ဆင့်ခေါ်တယ် ပြီးတော့ ကြိုးမိန့်
ပေးပြီး သတ်ဖို့အလုပ်မှာ ကဲကန်ထရိုက် မင်းနောက်ဆုံးဘာများပြောချင်လည်းလို့မေးတော့ ကန်ထရိုက်က ကျွန်တော်နောက်ဆုံးအနေနဲ့ စကားတစ်ခုပြောချင်ပါတယ် ...ဒီအုတ်တံတိုင်းပြိုကျတာဟာ ကျွန်တော့အပြစ်မဟုတ်ပါဘူး
အုတ်တံတိုင်းတည်ဆောက်ခင် အသုံးပြုခဲ့တဲ့ ဘိလပ်မြေ မကောင်းလို့ဖြစ်ရတာပါ .....ဟုပြောသွားခဲ့သည်။ ထို့နောက် ကဲကဲအချိန်ကျပြီ သတ်စေ....ဂျိန်းကနဲကြားလိုက်ရတဲ့အသံကြောင့် လည်ပင်ကြိုးကွင်းစွပ်ကာ သေဆုံး
သွားသော ကန်ထရိုက် ၏တစ်ဘ၀ ချူပ်ညိမ်းသွားခဲ့လေတော့သည်...။ ထို့နောက် ..ကဲ စစ်သူကြီးတွေ ခုနက ကန်ထရိုက်ပြောသလိုဆိုရင် ဒီတံတိုင်းကြီးတည်ဆောက်ရာ မှာဘိလပ်မြေရောင်းတဲ့သူကို ဖမ်းလာခဲ့ပါ...ဟုအမိန့်
ထုတ်ပြန်ပြီးနောက်တနေ့ တွင် ဘိလပ်မြေရောင်းသူကို ကြိုးကွင်းစွပ်လိုက်ပြီးနောက် ဘုရင်ကြီးက ကဲမင်းရဲ့ ဘိလပ်မြေ ညံ့ဖျင်းမှု့ကြောင့် မြို့ အုတ်တံတိုင်းကြီးပြိုကျပြီးနောက် အပြစ်မဲ့သူတဦးသေဆုံးခဲ့ရတယ် ဒီအတွက်
မင်းကို သေဒဏ်ကြိုးမိန့်ပေးမယ် နောက်ဆုံးအနေနဲ့ မင်ဘာပြောချင်သေးလည်းဟု....ဘုရင်ကြီးကမေးလိုက်ရာ....ဘိလပ်မြေရောင်းသူက ....ဒီတံတိုင်းပြိုကျမှုမှာ ကျွန်တော့ ဘိလပ်မြေကြောင့်မဟုတ်ဘူး ...ဒါဟာမတရား
ခံရတာပဲ ကျွန်တော့မှာအပြစ်မရှိဘူး သဲနဲ့ကျောက်စလစ် ရောင်းသူရဲ့ သဲနဲ့ကျောက်စလစ် တွေညံ့လို့အခုလိုပြိုကျတာပါ ကျွှန်တော့မှ အပြစ်မရှိပါဘူး...ဟုပြောလိုက်ရာ ဘုရင်ကြီးက...ကဲပြောစရာလည်းပြောပြီးသွားပြီ ကဲလုပ်စ
ရာရှိတာလုပ်တော့...ဟုပြောလိုက်ရာ..ဂျိန်းဆိုသောအသံကြီး လွမ်းခြုံသွားပြီးနောက် ကြိုးကွင်းတန်းလန်းဖြင့် သေဆုံးသွားသော ဘိလပ်မြေရောင်းသူအလောင်းကိုမြင်တွေ့လိုက်ရပြီးနောက်....ကဲ အာနာပါးကွက်ကြားတွေ
အဲမှားလို့ အာဏာပါးကွက်သားတွေတရားခံနောက်ဆုံးပြောသွားတဲ့ စကားထဲမှာ ပါတဲ့ သဲနဲ့ကျောက်စလစ် ရောင်းသူဆီကိုလိုက်ပြီးဖမ်းလာခဲ့ပါ သူ့ကိုလည်း အပြစ်ပေးရမယ်..ဟုပြောလိုက်ပြိးနောက်တနေ့မှာတော့   တံတိုင်းကြီးဆောက်
လုပ်ရာ တွင်အသုံးပြုခဲ့သည့်  သဲနှင့်ကျောက်စလစ် ရောင်းသူအား ကြိုးစင်တင်ပြီး ထုံးစံအတိုင်း ဘုရင်ကနောက်ဆုံးစကားဘာပြောချင်လည်းမေးရာ ....သဲနှင့်ကျောက်စလစ်ရောင်းသူက ...ဒီမယ်ဘုရင်ကြီး ခင်ဗျားတခုခုမှားနေပြီဗျာ
သေချာစဉ်းစားပါအုံး ဒီအုတ်တံတိုင်းကြီးပြိုကျတာ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ဆိုင်တာက ဒီအုတ်တံတိုင်းကြီးဆောက်လုပ်ကာစက အစအဆုံးသုံးစွဲခဲ့တဲ့ မြစ်ရေကြောင့်ဖြစ်ရတာပါ မြစ်ရေခပ်ရောင်းသူရဲ့ အပြစ်ပါ..ဟုပြောလိုက်ချိန်...
လာရောက်ကြည့်ရှု့သူလူအုပ်ထဲမှ ...ဟိုက် သွားပြီး သူပြီးငါ့အလှည့်ပဲ ဘယ်လိုလုပ်ရပါ့မလည်းလောလောဆယ်အချိန်ရှိတုန်းလစ်မှ....ဟုဆိုကာ လူအုပ်ထဲမှ မြစ်ရေခပ်ရောင်းခဲ့သူက ထွက်ပြေးတိမ်းရှောင်ခဲ့လေတယ်..တပြိုင်တည်း
မှာပဲ ကဲကဲအချိန်မရှိတော့ဘူး ပြောချင်တာလည်းပြောပြီးပြီ မင်းတို့ဘယ်လောက်ဘာတွေပြောပြော ငါကဘုရင်ကွ ငါလုပ်စရာရှိတာပဲငါလုပ်မယ် ကဲကြာတယ် သတ်စေကွာ.......ဂျိန်း .....

ဒီအချိန်မှာ တမှိုင်မှိုင်တထွေထွေ ဖြစ်နေတဲ့ မြစ်ရေခပ်ပြီးရောင်းစားခဲ့သူမှာတော့ ဟိုပြေးရမလို ဒီပြေးရမလို လုပ်နေတုန်း မောပန်းစွာ ဇရပ်တခုတွင်နားနေလိုက်ချိန်...အနီးသို့ အထုပ်အပိုးများဖြင့် အဘိုးအိုတဦးရောက်ရှိလာပြီး ..
ဟဲ့လူကလေး မင်းကြည့်ရတာစိတ်မရွှင်ပေဘူးကွာ ဘာတွေများဖြစ်နေလည်းကွယ့်...အဘိုးအိုကမေးလိုက်ရာ....ကျွန်တော့ ခြေထောက်တွေပြေးနိုင်သမျှတော့ပြေးနေရတယ်အဘိုးရယ် ဒီလိုပါ...ဟုဆိုကာ အုတ်တံတိုင်းပြိုကျခဲ့
သည့် ပြဿနာများအား သေသေချာချာရှင်းပြခဲ့ပြီးနောက်....အော်ဂလိုးကိုး....မင်းတို့ဘုရင်ကဦးနှောက်မရှိလိုက်တာကွယ်...ကဲပါထားပါတော့ ဒီလိုလုပ်ကွာ ...မနက်ဖြန်..ရဲမက်တွေနဲ့ တွေ့ရအောင်လုပ် ပြီးရင် မင်းဝန်ခံလိုက်ကွာသူတို့ဖမ်းပြီးကြိုးစင်
တင်တာနဲ့ ငါမင်းအနားကိုလာခဲ့မယ်  ပြီးမှ ကြည့်လုပ်ကြတာပေါ့....ဟာအဘိုးရယ်ဖြစ်ပါ့မလား ဘုရင်က ဦးနောက်မရှိဘူးလေ သူ့ကအရူးတယောကါလိုပါပဲ ကျွန်တော့ပဲသတ်မှာပေါ့..ကဲပါလူကလေးရယ် မင်းမသေစေရဘူး အဘိုးပြောသလိုသာ
လုပ်ပါ ဟုဆိုကာ...အဘိုးအိုနှင့် လမ်းခွဲပြီး မြစ်ရေခပ်ရောင်းသူ မိမိနေအိမ်သို့ ပြန်အလာ နေအိမ်ရှေ့မှာ အသင့်စောင့်နေသော ရဲမတ်များမှ  မြစ်ရေခပ်ရောင်းသူကို ဖမ်းခေါ်သွားခဲ့လေတော့သည်.....

မနက်မိုးသောက်ချိန်တွင် ကောင်းကင်ကအုံ့ဆိုင်းဆိုင်း မိုးတွေမှိုင်းနေချိန်မှာ စိတ်ဝင်တစား တစ်တိုင်ပြည်လုံးရဲ့ မျက်လုံးတွေက လူအုပ်ထဲတွင် ထီးထီးကြီးတည်ရှိနေသော ကြိုးစင်ကြီးဆီသို့ မျက်လုံးများဦးတည်လျှက်ရှိနေသည်။.....
ထိုစဉ် ဘုရင်ကြီးဆီမှ စကားသံထွက်လာတော့၏...ကဲ မြစ်ရေခပ်ရောင်းသူ မင်းကြောင့် အပြစ်မဲ့ပြည်သူတဦးသေဆုံးခဲ့တယ်မင်းကို ကြိုးမိန့်ပေးမယ် နောက်ဆုံးမင်းဘာပြောချင်လဲ...ဟုတ်ကဲ့ပါ ကျွန်တော်နောက်ဆုံးတခုတောင်းဆိုချင်ပါတယ်
ဒီပရိတ်သတ်တွေထဲမှာ ကျွန်တော့အဘိုးရှိပါတယ် သူနဲ့ ခဏလောက်တွေ့ဆုံချင်ပါတယ်...အေးကောင်းပြီခေါ်လိုက်....အဘိုးရေးးးအဘိုးးးးးအေးအေးငါ့မြေး အဘိုးလာပါပြီကွယ် ဟုဆိုကာ အဘိုးအိုကြိုးစင်ပေါ်သို့တက်လာပြိးနောက်...
မြစ်ရေခပ်ရောင်းသူနားသို့ခပ်တိုးတိုးစကားတစ်ခွန်းပြောလိုက်သည်..ထိုအချိန်တွင် မြစ်ရေခပ်ရောင်းသူနဲ့ အဘိုအိုတို့နှစ်ဦး ကြိုးကွင်းအား သူလုလိုက် ငါလုလိုက်အသည်းအသန်ဖြစ်နေတာကို ထူးဆန်းစွာမြင်လိုက်ရသော ဘုရင်က..
ဟဲ့ဟဲ့...ဘာတွေဖြစ်နေကြတာလည်း..မြန်မြန်ဖြေစမ်း...ထိုအချိန်ဝယ် မြစ်ရေခပ်ရောင်းသူနှင့် အဘိုးအိုတို့က ပြိုင်တူပြန်ဖြေလိုက်သည်။....အခုကောင်းကင်မှာ ပန်းရထားစိုက်နေပါပြီ အခုအရင်သေတဲ့သူကို နတ်ပြည်သို့ပန်းရထားဖြင့်
ခေါ်ဆောင်သွားမယ်လိုပြောနေပါတယ်...ဟုပြန်ဖြေလိုက်ရာ....ဘုရင်ကြီးက ဟေဟုတ်လားဟ...ကဲကဲနေနေ မင်းတို့တွေ သွားလိုရာသွားနိုင်ပြီ ....ကဲငါပဲနတ်ပြည်လိုက်သွားမယ် ပန်းရထားစီးပြီးတော့ဟုပြောပြောဆိုဆိုဖြင့်...
အဘိုးအို နှင့် မြစ်ရေခပ်ရောင်းသူ နှစ်ဦးထံမှ ကြိုးကွင်းအားအတင်းလူယူကာ သူ့ကိုယ်သူ ကြိုးစွဲချသွားလေးတော့သည်..........တိတ်စိတ်စွာ နားထောင်နြေ့တဲ့ ကျွန်တော်တို့ သတင်းထောက်တွေ ခဏတာ ငြိမ်သတ်ပြီးမှ အဖြေကို
စဉ်းစားမိတယ် သူကဒါမျိုးမြင်တယ် ကိုယ်ကဒါမျိုးမြင်တယ်ပေါ့ အဲချိန်မှာ ကိုမင်ယွန်း(ခေတ္တရာ)က မတူညီစွာ အမြင်တွေရှိနိုင်တယ် စာဖတ်သူတွေ စိတ်ြို့က်တွေးလိမ့်မယ် ပြည်သတင်း မင်းသိတာတော့ သိတာပေါ့ ဒါပေမယ့် မင်းသိတာထက်
ပိုသိတဲ့သူတွေ ပြည်မှာအများကြီးရှိနေနိုင်တယ် အဲဒိတော့ ဒီရသ စာလေးကို မင်းရဲ့ ပြည်သတင်းဖတ် ပရိတ်သတ်တွေ လွတ်လပ်စွာတွေးတောနိုင်အောင် ပုံပြင်မဟုတ်တဲ့ပုံပြင်တခုကိုပြောပြလိုက်ပါ..ဟုဆိုကာ မောသွားဟန်ဖြင့် အနီးရှိ ရေခဲရေဗူး
ထဲမှ ရေခဲရေများကို မော့သောက်လိုက်ပြီးနောက်...ဒီဗွီဘီ သတင်းထောက်က ကဲ ပြည်သတင်းငါလည်းမင်းကိုပုံပြင်ပြောပြမယ် မကြာပါဘူးကွာ အခုငါတို့တွေ လက်ဖက်ရည်သွားသောက်မယ် မင်းကျသင့်ငွေရှင်းရမယ် ကဲဘယ်လိုလည်း
ပြည်သတင်း....ဟုတ်ကဲ့ပါဗျာ...ရပါတယ် ကဲချီတက်ကြမယ်လက်ဖက်ရည်သို့ပေါ့ဆ၇ာသမားတို့ရယ်ဟု ဆိုကာ...ရယ်မောခြင်းအတွေးများဖြင့် လက်ဖက်ရည်ဆိုင်သို့သွားခဲ့ပါတော့သည်။.....

ပြည်သတင်းလူငယ်...

0 comments:

Post a Comment

Facebook Like Page