Thursday, July 31, 2014

ပဲခူးတိုင်း၊ပြည်ခရိုင်၊(ကညန)ရုံးတွင်၊နာရေးကားများကို လိုင်ဆင်ပြုလုပ်ပေးနေရာမှာ နာရေးကူညီမှုအဖွဲ့တွေ အခက်အခဲ အချို့တွေ့နေခဲ့ရပါတယ်

Leave a Comment
ပဲခူးတိုင်း၊ပြည်ခရိုင်၊(ကညန)ရုံးတွင်၊နာရေးကားများကို လိုင်ဆင်ပြုလုပ်ပေးနေရာမှာ နာရေးကူညီမှုအဖွဲ့တွေ အခက်အခဲ အချို့တွေ့နေခဲ့ရပါတယ်

ဇူလိုင်လ(၇)ရက်နေ့ကနေဇူလိုင်လ(၃၁)ရက်နေ့အတွင်းပထမဆုံးအကြိမ်ပြုလုပ်ပေးနေတဲ့ြ့ည်ခရိုင်အတွင်းက နာရေးကူညီမှုအသင်းတွေရဲ့ နာရေးကားတွေ ကို လိုင်စဉ်လုပ်ပေးရာမှာ နေ့ ခြင်းပြီးစနစ်ဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်ပြီး စတေရှင်ဝက်ဂွန် မိုက္ကရိုဘတ် ပစ်ကပ် လိုက်ထရပ်စသည့် ကားမျိုးစားများသာခွင့်ပြုရန် နှစ်ဘက်အပိတ်ထားရှိရန် အလောင်းထားရှိရန် ခုနှစ်ပေရှည်သောတောင့်တင်းသောခုံထားရှိရန် စသည့်အချက်(၈)ချက်ပါရှိသောသတ်မှတ်ချက်များနှင့်ကိုက်ညီသောကားများကိုသာပြုလုပ်ပေးခြင်းဖြစ်ကြောင်းကုန်းလမ်းပို့ဆောင်ရေညွှန်ကြားမှုဦးစီးဌာနကထုပ်ပြန်ထားတဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

အခက်အခဲတွေကတော့အများကြီးကျုံရတယ် ကျနော်တို့ကားက ၆ ပေမပြည့်လို့မရဘူးလို့ပြောတယ် ဒီကားနဲ့နာရေးပို့နေတာ (၇)နှစ်ကျော်လောက်ရှိနေပြီ လိုင်စင်မရလည်းနာရေးကတော့ပို့ရမှာပဲမပို့ပဲနေလို့မှမရတာလို့ ပေါင်းတည်မြို့နယ်နာရေးကူညီမှုအသင်းဥက္ကဌက အခုလိုပြောပြပါတယ်။

ကျနော်တို့ကိုဝန်ကြီှးဌာနကအရေးယူမှာသတ်မှချက်နဲ့ပြည်စုံရင်လုပ်ပေးမယ် မပြည်စုံရင်ဆောင်ရွက်ပေးလို့မရဘူးညွှန်ကြားချက်ဘောင်အတွင်းပဲဆောင်ရွက်ပေးလို့ရတယ်”လို့ ကုန်းလမ်းပို့ဆောင်ရေညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှုးကပြောသည်။ နာရေးကားလိုင်စဉ်လုပ်ထားပြီး လူနာတင်တာတွေလုပ်တာကလဲအစဉ်မပြေဘူး၊လူနာတင်ဖို့အတွက်ကိုလဲ သီးခြားလိုင်စဉ်လုပ်ပေးစေချင်တယ် နောက်ပြီးတချို့ နာရေးအသင်းတွေရဲ့နာမယ်ကိုအလွဲသုံးစားလုပ်ပြီး ကိုယ်ပိုင်အသုံးချနေသူတွေ ရှိနေလို့အခုလို ဂရက်ရိုက်တာဖြစ်တယ် လို့ ဥသျှစ်ပင် နာရေးကူညီမှုအသင်းကတာဝန်ရှိသူတယောက်ကရှင်းပြပါတယ်။

မှတ်ပုံတင်မဲ့နိဗ္ဗာန်ယာဉ်များအား ၀မ်းစတုတ်ဆားဗစ်စနစ်ဖြင် လိုင်စင် ပြုလုပ်ပေးရန် မှတ်ပုံတင်မဲ့ ခန့်မှန်းစာရင်းတောင်းခံရာတွင် တစ်နိုင်လုံးအတိုင်းအတာဖြင့် ၆၉၆ စီးစာရင်းပေးပို့ခဲ့သော်လည်းဇူလိုင်လ(၁၈)ရက်နေ့အထိလိုင်စင်ပြုလုပ်သောယာဉ်မှာ၂၇၃၀စီးထိရှိနေပြီး ယခင်နာရေးကူညီမှုလုပ်ငန်းများယဉ်များကိုသာလုပ်ပေးရန်ဖြစ်သော်လည်းမော်ဒယ်မြင့်ကားများပါ နိဗ္ဗန်ယာဉ်နံပါတ်ရယူ၍ လမ်းများပေါ်တွင်သွာလာနေသည်ကိုတွေ့ရသောကြောင့် နိဗ္ဗာန်ယာဉ်အတွက်သတ်မှတ်ထားသောယဉ်အမျိုးအစားများမှအပအခြားယဉ်များကိုဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားချက်များထပ်ပြီးရောက်ရှိလာခဲ့ ခြင်းဖြစ်ပြီး၊ နိဗ္မာန်ယဉ်ကားတစီးအတွက်ကို အာမခံ(တနှစ်စာ)၁၅၀၀ ကျပ်၊စာအုပ်ဖိုး(၁၅၀)ကျပ်၊မြန်မာ့စီးပွားရေးဘဏ်သွင်းကြေး(၅၅၀)ကျပ်၊(ကညန)သွင်းရန်ငွေ(၂၂၀၀၀)ကျပ်၊အကောက်ခွံ(၅%)နဲ့ ကုန်သွယ်ခွန်(၅%) စသဖြင့် ကုန်ကျမည်ဖြစ်ပြီး လိုင်စဉ်ကို HSE အက္ခရာနဲ့ထွက်ရှိမှာဖြစ်ပြီး ဇူလိုင်လ(၂၆)ရက်နေ့အထိ ပြည်ခရိုင်(ကညန)ရုံးတွင် လိုင်စဉ်လာဝင်ပြီးအစီးရေ(၂၃)စီးအထိရှိနေပြီဖြစ်ပါတယ်။

မင်းညို(DVB)

0 comments:

Post a Comment

Facebook Like Page