Thursday, July 31, 2014

တရုတ်ပညာရှိပုံပြင်

Leave a Comment
တရုတ်ပညာရှိပုံပြင်


အခုလက်ရျိနိုငိငံတော်မျာ အုပ်ချုပ် နေတဲ့ မဟာ ပညာရှင်များရဲ့ စကားတွေကို မကြားချင်သော်လည်း ကြားနေရတော့ ဆရာအောင်သင်း ရေးပြခဲ့ဘူးတဲ့ ပုံပြင်လေးကို အမှတ်ရသဗျာ။အဲဒါကြောင့် မျှဝေ လိုက်ပါသဗျာ။အဆုံးလေးက စစ်အစိုးရ ပြောတာလေးနဲ့ တူသမို့ ပိုသဘောကျသဗျ။နောက်တခါ ပုံပြင်တွေမှာ နှပ်ကြောင်း လုံးဝ မပေးတော့ပါ။စာဖတ်သူများ လွတ်လပ်စွာခံစားနိုင်ရန်အတွက် ဖြစ်သည်။
တစ်ခါက ရွာတစ်ရွာမှာ တရုတ်အဖိုးအိုတစ်ယောက် နေထိုင်တယ်။မြန်မာတွေ နိုင်ငံခြားသားတွေကို အထင်ကြီးတဲ့ ဓလေ့အတိုင်း သူ့ကို ပညာရှိအဖြစ် မှတ်ယူလေသတဲ့။(ယခုအစိုးရများ နည်းတူ)
အဲဒီတော့ ဖျားနာရင်လည်း အဲဒီ တရုတ်ပညာရှိကြီးထံပြေးသတဲ့။ လင်မယားအဆင်မပြေရင်လည်း အဲဒီပညာရှိကြီးထံပြေးတာပဲ။ (ပြည်သတင်းသို့လမ်းညွှန်ချက်)
တစ်နေ့တော့
အဲဒီရွာက လူတစ်ယောက်ရဲ့နွားတစ်ကောင်ဟာ စဥ့်အိုးတစ်လုံးထဲကို ရေ ငုံ့ပြီး ၀င်သောက်ယင်း နွားရဲ့ခေါင်းက ပြန်ထုတ်လို့မရတော့ဘူးတဲ့။
အဲဒါနဲ့ ရွာသားတွေက ပညာရှိကြီထံပြေးတာပေါ့။ ဟိုရောက်တော့.....
ပညာရှိကြီး..ကယ်တော်မူပါဦး။
ကျွန်တော့်ရဲ့နွားလေး စဥ့်အိုးထဲ ခေါင်းစွပ်နေပြီ။အဲဒါ ဘယ်လိုလုပ် ရမလည်းဆိုတာ အကြံပေးပါဦး။ လို့ပြောတဲ့အခါ...
တရုတ်ပညာရှိကြီးက...
ဒါများ ဘာခက်တာမှတ်လို့...
ငါပြောမယ် အသေအချာနားထောင် မင်း ဒီကပြန်သွားပြီး စဥ့်အိုးကိုခွဲလိုက် လို့ ပြောတာနဲ့ ရွာသားကလည်း ချက်ချင်းပြေးပြီး နွားခေါင်းမှာ စွပ် နေတဲ့ စဥ့်အိုးကိုခွဲလိုက်တယ်တဲ့။
ဒါပေမယ့် စဥ့်အိုးသာကွဲသွားပြီး စဥ့်အိုးကရွတ်ကတော့ နွားရဲ့ လည်ပင်းမှာ စွပ်ရက်တန်းလန်း ကျန်နေခဲ့သတဲ့။
အဲဒါနဲ့ ရွာသားတွေက တရုတ်ပညာရှိထံပြေးပြန်သတဲ့...။
ပညာရှိကြီး..။စဥ့်အိုးက ကွဲသွားပေမယ့် ကရွတ်ကြီးက လည်ပင်းမှာတန်းလန်းကြီး။ လို့ ပြောတဲ့အခါကျတော့ ပညာရှိက ..
အဲဒါများကွာ..နွားလည်ပင်း ဖြတ်လိုက်ပေါ့ကွ။...လို့ပြောတော့.။
ရွာသားလည်း တစ်ချိုးထဲ ရွာပြန်ပြီး
နွားရဲ့လည်ပင်းကိုဖြတ်တာပေါ့။
အဲဒီတော့ စဥ့်အိုးလည်းကွဲ နွားလည်းသေပြီ။
ဒါပေမယ့် ရွာသားတွေက တရုတ်ကြီးကို အပြစ်မမြင်ပဲ ဒီတရုတ်ကြီးကိုပဲ မဟာကျေးဇူးရှင် လို့ မြင်နေကြတယ်။
အဲဒါနဲ့....
နွားအသေကို ချက်ပြုတ်ပြီး
အမဲသားဟင်းတစ်ခွက်ကို ဦးဦးဖျားဖျား တရုတ်ပညာရှိထံ
ပို့ပေးသတဲ့။
အဲဒီမှာ...။
ပညာရှိကြီးက....။
သူတို့ကိုကြည့်ပြီး ငိုကျွေးသတဲ့။
ရွာသားတွေလည်း သူတို့ ဘာအမှား လုပ်မိသလည်း ဆိုပြီး ထိတ်ထိတ်ပြာပြာနဲ့..
ပညာရှိကြီးခင်ဗျား..
ဘာအကြောင်းကြောင့်များ ငိုကျွေးရပါသလည်း။
ကျွန်တော်မျိုးတို့ ဘာများ အမှား
လုပ်မိပါသလည်းလို့မေးတော့...
ပညာရှိကြီးက...အင်း...မင်းတို့တွေ ငါမရှိရင် ခက်ဦးမယ်။ လို့ ပြောသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။
အင်း....။
မင်းတို့တွေ တိုင်ုးပြည် ချောက်ထဲကျဘို့ လက်နှစ်လုံး အလိုမှာ ငါမရှိရင်ခက်ဦးမယ်။

မင်ယွန်း(ခေတ္တရာ)

0 comments:

Post a Comment

Facebook Like Page