Friday, July 4, 2014

ဆိုင်ကယ်(၆)စီးခိုးယူသူ(၇)ဦးရှိရာ (၅)ဦးဖမ်းဆီးရမိခဲ့

Leave a Comment



ဆိုင်ကယ်(၆)စီးခိုးယူသူ(၇)ဦးရှိရာ (၅)ဦးဖမ်းဆီးရမိခဲ့
**********************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့  မြို့မှရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင် / အမှုစစ် ဒုရဲအုပ်လှိုင်မိုးဝေ နှင့် နယ်ထိန်းအဖွဲ့တို့သည် ၂၃.၆.၂၀၁၃
ရက်နေ့ တွင် ပြည်မြို့မရဲစခန်းမှုး ဒုရဲမှူးမျိုးမြင့်၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့်  ရပ်ကွက်များအတွင်း ဆိုင်ကယ်များ လိုက်လံရောင်းချနေကြောင်း သတင်းရရှိ၍ ပြည်မြို့ ရွာ
ဘဲရပ်ကွက် မင်္ဂလာဦးရပ်နေ မင်္သကာသူ နေလင်းထွန်း(၃၀)နှစ် (ဘ)ဦးထွန်းစိန်အား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ နေလင်းထွန်းမှ..

(၂၀.၅.၂၀၁၄)ရက်နေ့က ပြည်မြို့ ရွာဘဲရပ်ကွက် ဖက်တန်းလမ်းနေထိုင်သူ မှူးသက်ပိုင်(ခ)မောင်ပု နှင့် ကျော်ဇင်လတ်တို့မှ Toyomax 125 နီ/နက်မီးခိုးရောင် တရုတ်နိုင်ငံလုပ်ဆိုင်ကယ်အား
ပေါင်ခိုင်းသဖြင့်  ပြည်မြို့ ရွာဘဲရပ်ကွက် ရွှေတစ်ချောင်းလမ်းရှိ ဦးစိုးဦးလွင်၏ အမိန့်ရအပေါင်ဆိုင်တွင် ငွေကျပ် (၁၅၀၀၀၀)ကျပ်ငွေ တစ်သိန်းငါးသောင်းကျပ်ဖြင့်၎င်း...

(၃၀.၅.၂၀၁၄)ရက်နေ့တွင် ပြည်မြို့ ရွာဘဲရပ်ကွက် မင်္ဂလာဦးရပ်နေ မခိုင်စပယ်(ခ)ခိုင်မင်းလွင်အား ဖြိုးကို(ခ)ကုလားနှင့် ကျော်ဇင်လတ်တို့မှ Luojia 110 အနက်ရောင်ဖင်ထောင်တရုတ်
နိုင်ငံလုပ်ဆိုင်ကယ်အား ပေါင်ခိုင်းသဖြင့် ပြည်မြို့ န၀င်းရပ်ကွက် ၀ါရုံလမ်းရှိ ကိုအေးချို၏ အမိန့်ရအပေါင်ဆိုင်တွင် (၂၀၀၀၀၀)ကျပ်ငွေ နှစ်သိန်း ဖြင့်လည်းကောင်း....

လွန်ခဲ့သော(၂)လခန့်ကလည်း နေလင်းထွန်းအား  မခိုင်စပယ်(ခ)ခိုင်မင်းလွင်အား ဖြိုးကို(ခ)ကုလား အောင်နိုင်ထွန်းတို့က ဆိုင်ကယ်များအားရောင်းခိုင်းသဖြင့် Jialing စူပါကပ်အမျိုးအစား
ကျောက်စိမ်းေ၇ာင် ဆိုင်ကယ်အား ရွှေတောင်မြို့ ယွန်းတန်းရပ်နေ ကိုတင်မောင်လွင်ထံတွင် ငွေကျပ်(၇၅၀၀၀) ခုနှစ်သောင်းငါးထောင်ကျပ် ဖြင့် ၄င်း / Kenbo 125 ငှက်ခါးစိမ်းရောင်ဆိုင်ကယ်
အား ရွှေတောင်မြို့ လက်ခုပ်တန်းရွာနေ ကိုစိုးသန်း ထံတွင်ငွေကျပ်(၁၈၀၀၀၀)တစ်သိန်းရှစ်သောင်းကျပ်ဖြင့်လည်းကောင်း ရောင်းချခဲ့ကြောင်းသိရသည်။

လွန်ခဲ့သော(၂)ခွဲခန့်မှလည်း နေလင်းထွန်းအား မခိုင်စပယ်(ခ)ခိုင်မင်းလွင်အား ဖြိုးကို(ခ)ကုလားနှင့် ကျော်ဇင်လတ် နှင့်  မှူးသက်ပိုင်(ခ)မောင်ပု တို့မှ Kenbo 110 ကျောက်စိမ်းရောင်ဆိုင်ကယ်
အားရောင်းချခိုင်းသဖြင့်  ပြည်မြို့ ကိုးသောင်းခရမ်းကုန်းလမ်းနေ ကိုကိုကြီးထံတွင် (၁၃၀၀၀၀)တစ်သိန်းသုံးသောင်းကျပ်ဖြင့် ရောင်းချသွားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ
ပစ္စည်း ဆိုင်ကယ်(၆)စီးအား သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး ပြည်မြို့မရဲစခန်းတွင် (ပ)၄၆၂/၂၀၁၄ ။ ၄၆၇/၂၀၁၄ ။ ၄၆၈/၂၀၁၄ ။ ၄၇၈/၂၀၁၄ ။ ၄၇၉/၂၀၁၄ ။ ၄၈၄/၂၀၁၄
 ပြစ်မှုပုဒ်မ-၃၈၀/၅၄ အမှုများဖြင့်တရာခံများဖြစ်ကြသော....
ပြည်မြို့ ရွာဘဲရပ်ကွက် မင်္ဂလာဦးရပ်နေထိုင်ကြသူ နေလင်းထွန်း(၃၀)နှစ် (ဘ)ဦးထွန်းစိန် ။ မခိုင်စပယ်(ခ)ခိုင်မင်းလွင်(၂၇)နှစ် (ဘ)ဦးသိန်းဇံ ။  ဖြိုးကို(ခ)ကုလား (၂၁)နှစ် (ဘ)ဦးအောင်ဝင်း
 ။  အောင်နိုင်ထွန်း(၂၀)နှစ် (ဘ)ဦးအံ့ကျော်...တို့နှင့်အတူ ပြည်မြို့ ရွာဘဲရပ်ကွက် ဖက်တန်းရပ် ဦးယျာဉ်စုလမ်း မှူးသက်ပိုင်(ခ)မောင်ပု(၂၀)နှစ် (ဘ)ဦးအောင်တင် နှင့် ကျော်ဇင်လတ်(၁၉)နှစ်
(ဘ)ဦးအောင်ကိုလတ် ပေါင်းတည်ကျောင်းဝန်း ဖက်တန်းရပ် ရွာဘဲနယ်မြေ ပြည်မြို့ နှင့် ပြည်မြို့ မြို့သစ်ရပ်ကွက် (၇/၉)လမ်း တွင်နေထိုင်သူ (ဘ)ဦးအောင်မြင့်သန်း ၏သား နေသွေး(၁၈)နှစ်
တို့အား အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိခဲ့ပါသည်။ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေသူ   ဖြိုးကို(ခ)ကုလား နှင့်  အောင်နိုင်ထွန်း တို့အား ပြည်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်
ဇော်မင်းနိုင် နှင့်နယ်ထိန်းအဖွဲ့ ။ အမှုစစ် ဒုရဲအုပ်လှိုင်မိုးဝေတို့မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။...

သတင်းနှင့် ဓါတ်ပုံ ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page