Tuesday, July 15, 2014

ဒုတိယသမ္မတ လာတဲ့သတင်းကိုမယူပဲ အဲဒီရက်ကိုရွေးပြီး ပြည်မြို့တွင် သတင်းသမားများ အသံတိတ်ဆန္ဒပြ..............သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

Leave a Comment
ဒုတိယသမ္မတ လာတဲ့သတင်းကိုမယူပဲ အဲဒီရက်ကိုရွေးပြီး ပြည်မြို့တွင် သတင်းသမားများ
အသံတိတ်ဆန္ဒပြ
*********************************************************************
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

သတင်းထောက်များ ဖမ်းဆီးထောင်ချခံခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်း
ဖြစ်သည် ဟုဆိုကာဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇူလိုင်(၁၅)ရက်နံနက်က
ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယသမ္မတလာသည့်ရက်နှင့်ကိုက်၍ ဒုတိယ
အကြိမ် ပြည်မြို့ရှိသတင်းသမားများအသံတိတ်ဆန္ဒပြခဲ့ကြသည်။

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှုဖြင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိ
ချုပ်နှင့်သတင်းထောက်လေးဦးကို ပခုက္ကူခရိုင်တရားရုံးက ဇူလိုင် ၁၀ ရက်နေ့တွင်
အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့်ပြည်မြို့
သို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းလာသည့်ရက်ကိုရွှေးချယ်ပြီး ဆန္ဒပြရခြင်းဖြစ်ကြောင်း
သတင်းသမားများကပြောဆိုသည်။

သတင်းသမားများကို ဖမ်းဆီးထောင်ချနေခြင်းနှင့်ပက်သက်ပြီး ကန့်ကွက်ကြောင်းကို
ဒုတိယသမ္မတ ဦးညာဏ်ထွန်း လာချိန်တမင်ရွေးပြီးတော့သူ့သတင်းကို မယူပဲသပိတ်
မှောက်တဲ့အနေနဲ့ဆန္ဒပြရခြင်းဖြစ်တယ်လို့(DVB)သတင်းထောက် ကိုမင်းညိုက ပြောဆို
ခဲ့သည်။

“ ဒီရက်ကိုတမင်ရွေးပြီး ဒီပွဲကိုပြုလုပ်တာပါ။သူ့ကိုသပိတ်မှောက်တဲ့အနေနဲ့လဲပါ ပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာစတ္တုထမဏ္ဏိုလို့ သမ္မတကြီးကပြောထားပေမဲ့ အခုတော့
တလွဲပဲ။အကျင့်ပျက်ချစားနေတဲ့ အရာရှိကြီးတွေရဲ့အဂတိလိုက်စားနေတာကို မီဒီယာက
ဖော်ပြမှပြည်သူတွေကအရှိအတိုင်းသိမယ်။နိုင်ငံတော်ဘဏ္ဏာငွေတွေဆုံးရှုံးနေတာတွေကိုလဲ
မီဒီယာတွေကဖော်ပြမှသိမယ်။ဒီလိုကိစ္စတွေအတွက် မီဒီယာကဖော်ပြနေတာကို ဖိနှိပ်ပြီး
ထောင်ချခဲ့အတွက် ယခုလိုအသံတိတ်ဆန္ဒပြခဲ့ရခြင်းဖြစ်တယ်” (DVB)သတင်းထောက် ကိုမင်းညိုက ပြောသည်။

ထိုနေ့နံနက်(၉)နာရီအချိန်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင်မီဒီယာသမားနှစ်ဆယ်ခန့် စုဝေးကြပြီး သတင်းထောက်များ ဖမ်းဆီးထောင်ချခံခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်း
ဖြစ်သည် ဟုရေးသားထားသောဗင်နိုင်းပိုစတာကိုကိုင်ဆောင်ပြီး စတစ်ကာများကို ပါးစပ်တွင်ပိတ်ကာ မိနစ် ၃၀ ခန့်အသံ တိတ်ဆန္ဒပြခဲ့ကြသည်။

ထို့နောက်ဗိုလ်ချုပ်ကျောက်ရုပ်မှလမ်းရှည်လမ်း ၊ရုံးလမ်းအတိုင်းချီတက်ခဲ့ကျပြီး
ကမ်းနားလမ်း ခရိုင်တရားရုံးရှေ့တွင် ထပ်မံ၍ မိနစ်၃၀ ခန့်အသံတိတ်ဆန္ဒပြခဲ့
ပြီးလူစုခွဲခဲ့ကျသည်။

“နှစ်ရှည်ထောင်ကျခံရတဲ့သတင်းထောက်တွေလွတ်မြောက်ရေးအတွက်ပါ။သတင်းထောက်
တွေကို အခုလိုပြစ်ဒဏ်တွေချမှတ်တာ မီဒီယာသမားတွေကို ဖိနှိပ်တာဖြစ်သလို ၊စစ်တပ်နဲ့
ပက်သက်လာရင် ဒါမျိုးလုပ်လို့မရဘူးဆိုပြီး နောင်ကျဉ်သွားအောင်နှစ်ရှည်ချတာပဲ’’ဟု ဧရာဝတီ သတင်းထောက် ကိုကောင်းမြတ်မင်းက ပြောကြားသည်။

ပထမအကြိမ် ဧပြီလ (၂၅)ရက်နေ့က သတင်းထောက်ကိုဇော်ဖေလွတ်မြေက်ရေး
အတွက်ဆန္ဒပြတောင်းဆိုခဲ့သည့် ဦးဆောင်ဆန္ဒဖော်ထုတ်သူ မဇ္စျိမသတင်းထောက် ကိုအောင်ဦးနိုင်(ခ)ရေခဲ(ပြည်)အား ပုဒ်မ(၁၈)ဖြင့်တရားဆွဲဆိုခဲ့ရာ ဇူလိုင်(၁၇)ရက်နေ့
တွင်အမိန့်ချသွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page