Tuesday, July 15, 2014

သက္ကာယ ........... သရ၀ဏ်(ပြည်)

Leave a Comment
သက္ကာယ

သရ၀ဏ်(ပြည်)

ဧည်.လမ်းညွန်ဦးမောင်သိန်း တိုးရစ်တွေတစ်ဖွဲ.ကြီးနဲ.မန္တလေး မဟာမုနိ ဘုရားကြီးထဲကိုရောက်လာတယ် ။ အပြင်မှာနေကနဲနဲပူစပြု ပြီ ။ဒီအချိန်ဘုရားကြီးကိုလာလို.အကောင်းဆုံးပဲ ။ မဟာမုနိကိုမလာခင် မျက်ပါးရပ်ကရွှေပြားခတ်တဲ.ဆိုင်ကိုဝင်ခဲ.သေးတယ် ။ ဒါမှ မြန်မာ.ရိုးရာရွှေဆိုင်းတွေကိုစက်မသုံးပဲ လူအားသက်သက် ကျွမ်းကျင်မှုသက်သက် ရိုးရာနည်းတွေနဲ.ဘယ်လိုထုတ်လုပ်သလဲဆိုတာ နိုင်ငံခြားသားတွေသိမှာ ။ဒီလိုသိမှလဲ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကိုရောက်လို. ဗုဒ္စဘာသာ မြန်မာတွေ ရုပ်ပွားတော်ကြီးကိုရွှေသင်္ကန်း ကပ်နေတာမြင်တဲ.အခါ ရှင်းပြရတာပိုပြီးသဘောပေါက်လွယ်တယ် ။ ဘုရားထဲရောက်တဲ.အခါ ထုံးစံအတိုင်း အ၀င်ဝကမုခ်ဦးနားကို နိုင်ငံခြားသားတွေခေါ်သွားပြီး ချိတ်ဆွဲထားတဲ. မဟာမုနိရုပ်ပွားတော်မြတ်ကြီးရဲ.ဓါတ်ပုံတွေပြလိုက်တယ် ။ ဓါတ်ပုံတွေက ခေတ်ကာလအပိုင်းအခြားအလိုက်ရိုက်ထားတဲ.ပုံတွေမို. ပထမပုံဟောင်းတွေထဲမှာ မြတ်စွာဘုရားရုပ်တုတော်ကြီးပေါ်မှာ ရွှေတွေသိပ်မရှိသေးဘူး ။ နောက်တစ်ပုံမှာတော. လူတွေ ရွှေဆိုင်းစကပ်လာကြပြီမို. ရင်ဘတ်တော်နေရာမှာနည်းနည်းမို.မောက်လာပြီ ။နောက်ဆုံးပုံကတော.အခုလက်ရှိ မဟာမြတ်မုနိကိုယ်တော်ကြီးရဲ.ပုံတော်ဆိုတော. လူတွေသဒ္စါကြည်ငြိုလို.ကပ်လှူပူဇော်ကြတဲ. ရွှေတွေဟာဘုရားကြီးပေါ်မှာညွှတ်လို.ပေါ. ။ မကိုဋ်တော်ပေါ်မှာလည်း လူတွေလှူထားတဲ. စိန်တွေ ၊ မြတွေ ၊ကျောက်စိမ်းတွေ ၊ ၊ပတ္ထမြားတွေ ၊ နီလာတွေ ဥသဖယားတွေ ဟာ အရောင်စုံပြီးတဖျပ်ဖျပ်လက်လို.ပေါ. ။ မြန်မာတွေဟာဆင်းရဲတယ်ဆိုပေမယ်. ကမ္ဘာမှာ အလှူအတန်းရက်ရောတဲ.နိုင်ငံ ၊ဘာသာရေး အလေးထားကိုင်းရှိုင်းတဲ.နိုင်ငံဖြစ်ကြောင်း တိုးရစ်တွေသိအောင်ပြနိုင်လိုက်လို. ဦးမောင်သိန်းဟာအလွန်ဂုဏ်ယူမိတယ် ။ နိုင်ငံခြားမှာဆို ကိုယ်.ပစ္စည်းကိုဒီလိုလှူဘို.မပြောနဲ. ၊ ဘုရားကျောင်းတွေကပစ္စည်းတွေကို ဖြုတ်ခိုးကြလွန်းလို. CCTV တွေ ၊လုံခြုံရေးတွေနဲ.မနဲကိုကာကွယ်ထားကြရတာ ။

ဗုဒ္စဘာသာမြန်မာတွေဘာသာရေးကိုင်းရှိုင်းပုံကတော.ကမ္ဘာကအောချလောက်တဲ.အဖြစ်ပါပဲ ။
ဂိုဒ်တို.ရဲ.ထုံးစံအတိုင်းပဲ မဟာမြတ်မုနိဘုရားကြီး ရဲ.သမိုင်းကြောင်းကိုရှင်းပြလိုက်တယ် ။ ပြောနေကြမို.အလွတ်ရနေတာပါပဲ ။ မူလကရခိုင်ပြည်မှာသွန်းလုပ်ပူဇော်တယ် ။ အေဒီ ၁၇၈၄ မှာ မြန်မာဘုရင်ဘိုးတော်ဘုရားရဲ.သားတော်အိမ်ရှေ.ဥပရာဇာက စစ်နိုင်ပြီး ရခိုင်ကနေ အမရပူရကို ပင်.ဆောင်လာတယ် ၊ ဒါ.ကြောင်.ရုပ်ပွားတော်မြတ်ကြီးကို မြန်မာပြည်မ ကိုပင်.ဆောင်လာတာ နှစ်ပေါင်း (၂၃၀) လောက်ရှိပြီ လို.ပြောလိုက်တယ် ။ ၁၈၈၄ မှာ မီးကြီးလောင်ပြီး ဘုရားကျောင်းဆောင်မီးထဲပါသွားပေမယ်. မဟာမုနိရုပ်ပွားတော်မြတ်ကြီးကတော. ဘေးအန္တရာယ်တစ်စုံတစ်ခုမရှိခဲ.ဘူး ၊ ပဉ္စလောဟာ သတ္တုငါးမျိုးနဲ.သွန်းလုပ်ထားပါတယ် ။မြတ်စွာဘုရားရဲ. ရင်ငွေ.တော်ကိုလှုံပြီး ရုပ်ပွားတော်မြတ်ကြီးကို သွန်းလုပ်ခဲ.တယ်လို.ဒေသခံတွေကယုံကြည်ကြတဲ.အကြောင်း ၊ဒါ.ကြောင်.မဟာမုနိရုပ်ရှင်တော်မြတ်ကြီးလို.ခေါ်ကြောင်း ၊ နံနက်တိုင်း မျက်နှာတော်သစ်အခမ်းအနားကျင်းပကြကြောင်းစသည်ဖြင်.သိမှတ်ဖွယ်ရာအချက်အလက်တွေကိုစီကာပါတ်ကုန်းဂျာမန်ဘာသာနဲ.ပြောပြလိုက်တယ် ။ ဘာဖြစ်လို.လဲဆိုတော. ဒီအဖွဲ.ကတိုးရစ်တွေဟာဂျာမန်တွေဖြစ်ပြီး သူကလဲဂျာမန်ဘာသာဧည်.လမ်းညွှန်တစ်ယောက်မို.လို.ပါပဲ ။ နောက်တော. ဘုရားကြီးပေါ်မှာရွေသင်္ကန်းကပ်လှူနေကြသူတွေကို လက်ညှိုးညွှန်ပြလိုက်ပြီး

“ အမျိုးသားတွေက ဘုရားကြီးပလ္လင်တော်ပေါ်အထိတက်ပြီး ရွှေသင်္ကန်းကပ်ချင်ကပ်လို.ရတယ် ၊ ဒါမှမဟုတ် သူများတွေရွှေသင်္ကန်းကပ်နေကြတာကိုကြည်.တာတို. ၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကို အနီးကပ်ဖူးမျှော်တာတို.လုပ်လို.ရတယ် ၊ အမျိုးသမီးတွေကတော. ဒီအောက်ကသတ်မှတ်နေရာကပဲဖူးမျှော်ခွင်.ရှိပါတယ် “ လို သတင်းပေးလိုက်ရတယ် ။အဲဒိမှာအဖွဲ.ခေါင်းဆောင်ဖြစ်ဟန်တူတဲ.ဂျာမန်မကြီးကတစ်စခန်းထလာတယ် ။

“ ဘာဖြစ်လို.အမျိုးသမီးတွေက ဟိုအပေါ်ကိုတက်ဖူးလို.မရတာလဲ “ တဲ . ။ ဧည်.လမ်းညွှန်ဦးမောင်သိန်းကလည်း ဖြေရိုးဖြေစဉ်စကားတွေအပြင်

“ အမျိုးသမီးဆိုတာဗျာ ၊ ဒီလိုမြင်.မြတ်တဲ.နေရာတွေနဲ.မသင်.တော်ဘူးမဟုတ်လား ၊ဥပမာဗျာ .. အမျိုးသမီးတစ်ယောက်ဟာ တစ်လတစ်ခါရင်ဆိုင်ရတဲ. ဓမ္မတာသွေးလာနေတဲ.အခိုက်အတန်.ရှိချင်ရှိမယ် ။ ဒီလိုအချိန်မျိုးဘုရားပေါ်တက်လိုက်လို. မတော်တဆ မကောင်းတဲ.သွေးတွေဘာတွေကျသွားရင်ဒီနေရာဟာ မြင်.မြတ်မှုမရှိပဲ ယုတ်နိမ်.သွားမှာပေါ. ၊ ဒါ.ကြောင်.အပေါ်ကိုအမျိုးသမီးတွေ တက်ခွင်.မပြူတာပါ “

လို. ရှည်ရှည်ဝေးဝေးရှင်းပြလိုက်တယ် ။အဲဒိမှာတင်ချောက်ကျတော.တာပဲ ။ ဦးမောင်သိန်းစကားဆုံးတာနဲ. နိုင်ငံခြားသူအမျိုးသမီးဟာ ၀မ်းသာအားရနဲ.

“ ဟ အဲဒါတော. လုံးဝမပူနဲ. ငါက မင်းတိုးစိုးရိမ်သလို ဓမ္မတာ လာတာတွေ ၊သွေးကျတာတွေဘာတွေလုံးဝမရှိဘူး ။ အာမခံတယ် ဘာကြောင်.လဲဆိုတော.ကျန်းမာရေးအရ ခွဲစိတ်ကုသမှုခံယူရင်း ငါ.သားအိမ်ကို ထုတ်လိုက်ရတယ် ။ ဒါ.ကြောင်.ငါမှာ မိန်းမတွေရင်ဆိုင်ရတဲ.ကာယျေနိကဒုက္ခတွေ လုံးဝမရှိဘူး ဒီမှာကြည်. “

ဆိုပြီး သူ.ခရီးဆောင်အိမ်သေးသေးလေးထဲက ဆေးစာရွက်တွေ ၊ဓါတ်မှန်တွေထုတ်ပြတယ် “ ဆေးမှတ်တမ်းတွေအရ ဒီအမျိုးသမီး မှာသားအိမ်မရှိတော.ဘူးဆိုတာလဲ ဆရာဝန်ထောက်ခံချက်တွေဘာတွေနဲ.ဗျ ။ ဦးမောင်သိန်းတစ်ယောက်တော.သူ.စကားနဲ.သူ မိပြီးဘာပြောလို.ပြောရမှန်းမသိဖြစ်နေတယ် ။ ဒါနဲ. ဒီဘုရားကတန်ခိုးကြီးတယ် မိန်းမတက်ခွင်.မရဘူး လို.ဇွတ်ပေပြီးပြောရေ၇ာ ။

“ ခုနကမင်းပြောတော. မိန်းမတွေ ကိုအပေါ်မတက်ခိုင်းတာ ညစ်ညမ်းတဲ.ကိစ္စတွေဖြစ်မှာကြောင်.ဆို ၊အခုငါက အဲဒါတွေမဖြစ်နိုင်ကြောင်းသက်သေသက်ကာယပြနိုင်နေပြီပဲ တက်ခွင်.ပြုရမှာပေါ. ၊ ဂေါပကလူကြီးနဲ.တွေ.ချင်တယ် ၊ဂေါပကခေါ်ပေး “ ဖြစ်ကုန်ရော ။

အနားကဘုရား ဖူးဧည်.သည်တွေကလဲတတ်သလောက်မှတ်သလောက်ဝင်ပြီး

“ မိန်းမမတက်ရဘူးလေ
မိန်းမဆိုတာယုတ်ညံ.တာပဲဘယ်တက်လို.ဖြစ်မလဲ
ဒါမျိုးနေရာဆိုတာ ဘုရားဆုပန်မင်းယောက်ျားတွေမှတက်ခွင်.ပြုတာ
ယောက်ကျားဖြစ်အောင်အရင်ဆုတောင်းဦး “

ဘာ ညာနဲ.တစ်ယောက်တစ်ပေါက်ဝင်ပြောပေးကြပါရဲ.။
ဦးမောင်သိန်းလဲစိတ်ညစ်ညစ်နဲ.ဂေါပကသွားခေါ်ပေးလိုက်တယ် ။ဂေါပကနဲ. ဆက်ပြီး ခုနကပြောတဲ.အတိုင်းပြောတယ် ။နိုးဆိုနိုးမရပါဘူး ။ ဘာကြောင်.လဲ မိန်းမလဲလူ ၊ယောက်ကျာလဲလူပဲဆိုပြီး ဇွတ်ပြောနေတယ် ။ အဲဒိအချိန်မှာ အင်္ဂလိပ်လိုနည်းနည်းပါးပါးပြောတတ်တဲ. ဂေါပကတစ်ယောက်က မိန်းမတွေကို အပေါ်ပေးမတက်တာ အမျိုးသမီးတွေရဲ. ဓမ္မတာကိစ္စနဲ.ညစ်ညမ်းမှာစိုးတဲ.အတွက်တစ်ခုထဲကြောင်.မဟုတ်ပဲ ရိုးရာအစဉ်အလာအရ မိန်းမတက်ခွင်.မပြုတာပါလို.၀င်ပြောတယ်

“ Women are traditionally not allowed to go up “ ဘာညာပေါ. ၊ အဲဒိလိုပြောလိုက်တော.မှ အမျိုးသမီးကငြိမ်သွားတယ် ဆက်မငြင်းတော.ဘူး ။ ဗုဒ္စဘာသာဟာအင်မတန်နက်နဲပါတယ် ၊ ဒါ.ကြောင်.မင်းတို.အနောက်တိုင်းသားတွေ နားလည်လက်ခံအောင်ရှင်းပြရတာခက်ပါတယ်လို. ဦးမောင်သိန်းက၀င်ပြီးလေပြေထိုးလိုက်တယ် ။ အဲဒိမှာ ဂျာမန်မကြီးပြောတာက

“ ငါ.ကိုဘယ်ဘာသာဝင် ထင်လို.လဲ ၊ ငါဟာဗုဒ္စဘာသာဝင်တစ်ယောက်ပါ ။ ဗုဒ္စဘာသာမှ သာမန်မည်ကာမတ္တ ဗုဒ္စဘာသာဝင် မဟုတ်ဘူး ၊ ၀ိပသနာတရားစခန်းပေါင်းများစွာဝင်လာသူပါ ၊အခုမြန်မာပြည်ကိုလာတယ်ဆိုတာလဲ ချမ်းမြေ.ရိပ်သာဆရာတော်ဘုရားကြီးဆီမှာ ၀ိပဿသနာတရားးစခန်းဝင်မလို.လာတာပါ ၊ အရင်ကလဲ ဆရာတော်ကြီးဆီမှာတရားအားထုတ်ဖူးပါတယ် ။ ကာယနုပ္ဖသတိကမဌာန်းကိုဆရာတော်ကြီးရှင်းပြတာက လောကမှာ ငါ၊သူတစ်ပါး၊ယောက်ကျား၊မိန်းမ ဆိုတာမရှိဘူးတဲ. ၊ ရှိတယ်လို.ထင်နေတာတဲ. ၊ လူကို အသားတွေ၊ အေ၇တွေ၊ အရိုးတွေ ၊ အကြောတွေ ၊ဆံပင်မွေးညင်းတွေ ကို တစ်ပုံစီပုံလိုက်ရင် ဘာမှမဟုတ်တော.ဘူး ၊နောက်ဆုံး လူဟာရုပ်နာမ်ပဲရှိတယ် သိကြလား “ လို.
တိုးရစ်မကြီးကပြောတော. ဧည်.လမ်းညွှန်ရော ၊ဂေါပကရောပက်လက်လန်သွားတယ် ။ အမျိုးသမီးကြီးက သူ.နေရာကလေးကနေပဲ ဘုရားကို ဦးချရင်း ဦးမောင်သိန်း တို. ဘက်ကိုလှည်.ပြီးတစ်ခွန်းထပ်ပြောလိုက်သေးတယ် ။

“ နင်တို.ဟာသက္ကာယဒိဌိ ဖြစ်နေပြီ “ တဲ .

ဦးမောင်သိန်းကတော. သူ.နဖူးသူရိုက်ပြီး ဟိုက် လို.အော်လိုက်မိပေရဲ. ။

သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page