Tuesday, July 15, 2014

ဒုတိယသမ္မတ ပြည်ကိုလာတဲ့သတင်းကိုမယူပဲသပိတ်မှောက်ပြီး။ဖမ်းစီးထားတဲ့ ယူနတီသတင်းထောက်တွေပြန်လွှတ်ပေးရန်အတွက် ပြည်မြို့က သတင်းထောက်တွေ အသံတိတ်ဆန္ဒပြခဲ့

Leave a Comment

ဒုတိယသမ္မတ ပြည်ကိုလာတဲ့သတင်းကိုမယူပဲသပိတ်မှောက်ပြီး။ဖမ်းစီးထားတဲ့ ယူနတီသတင်းထောက်တွေပြန်လွှတ်ပေးရန်အတွက် ပြည်မြို့က သတင်းထောက်တွေ အသံတိတ်ဆန္ဒပြခဲ့
***********************************************************************
  ဒုတိယသမ္မတ ပြည်ကိုလာတဲ့သတင်းကိုမယူပဲသပိတ်မှောက်ပြီး။ဖမ်းစီးထားတဲ့ ယူနတီသတင်းထောက်တွေပြန်လွှတ်ပေးရန်အတွက် ပြည်မြို့က သတင်းထောက်တွေ အသံတိတ်ဆန္ဒပြခဲ့ကြပါတယ်။
သတင်းထောက်များ ဖမ်းဆီးထောင်ချခံခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်း ဖြစ်သည် ဟုဆိုကာဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇူလိုင်(၁၅)ရက်နံနက်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယသမ္မတလာသည့်ရက်နှင့်ကိုက်၍ ဒုတိယ အကြိမ် ပြည်မြို့ရှိသတင်းသမားများအသံတိတ်ဆန္ဒပြခဲ့တာပါ။
  နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှုဖြင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိ ချုပ်နှင့်သတင်းထောက်လေးဦးကို ပခုက္ကူခရိုင်တရားရုံးက ဇူလိုင် ၁၀ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့်ပြည်မြို့ သို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းလာသည့်ရက်ကိုရွှေးချယ်ပြီး ဆန္ဒပြရခြင်းဖြစ်ပါတယ် 
 ကိုကောင်းမြတ်မင်း(ဧရာဝတီသတင်းထောက်)က ယခုလိုပြောကြားခဲ့...
“နှစ်ရှည်ထောင်ကျခံရတဲ့သတင်းထောက်တွေလွတ်မြောက်ရေးအတွက်ပါ။သတင်းထောက် တွေကို အခုလိုပြစ်ဒဏ်တွေချမှတ်တာ မီဒီယာသမားတွေကို ဖိနှိပ်တာဖြစ်သလို ၊စစ်တပ်နဲ့ ပက်သက်လာရင် ဒါမျိုးလုပ်လို့မရဘူးဆိုပြီး နောင်ကျဉ်သွားအောင်နှစ်ရှည်ချတာပဲ’’ဟု ဧရာဝတီ သတင်းထောက် ကိုကောင်းမြတ်မင်းက ပြောပြပါတယ်။
 ကိုရေခဲ(မဈိမသတင်းထောက်)ကယခုလိုပြောကြားခဲ့....
 ''အဲဒီပြသနာဖြစ်တဲ့ညူကလီးယားစက်ရုံနဲ့ပတ်သတ်ပြီး ပြည်သူတွေကိုထင်သာမြင်သာအောင်ပြပါ-နောက်ထပ်လဲမွန်းတည့်နေဂျာနယ်နဲ့ပတ်သတ်ပြီးတော့လဲ အဲဒီသတင်းထောက်တွေကို လွှတ်မပေးရင် နောက်တကြိမ်ထပ်ပြီး ဆန္ဒပြဦးမယ်လို့ မဇျ္စိမသတင်းထောက် ကိုရေခဲ ကရှင်းပြပါတယ်။ 
 ထိုနေ့နံနက်(၉)နာရီအချိန်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ပြည်မြို့ ၊အောင်လံ၊သာယာဝတီ၊နှင့် ရန်ကုန်မြို့မှ  မီဒီယာသမားနှစ်ဆယ်ကျော်၊စုဝေးကြပြီး သတင်းထောက်များ ဖမ်းဆီးထောင်ချခံခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်း ဖြစ်သည် ဟုရေးသားထားသောဗင်နိုင်းပိုစတာကိုကိုင်ဆောင်ပြီး စတစ်ကာများကို ပါးစပ်တွင်ပိတ်ကာ သတင်းမီဒီယာများပါရှိလာသော ကင်မရာများ / အသံဖမ်းစက်များ/ကျော်ပိုးလွယ်အိတ်များကို မြေပြင်တွေပစ်ချထားကာဖြင့် မိနစ် ၃၀ ခန့်အသံ တိတ်ဆန္ဒပြခဲ့ကြသည်။ ဗိုလ်ချုပ်ကျောက်ရုပ်မှ လမ်းမတော်လမ်း လမ်းရှည်လမ်း ၊ရုံးလမ်း၊ကမ်းနာလမ်း၊အတိုင်းချီတက်ခဲ့ကြပြီး ခရိုင်တရားရုံးရှေ့တွင် ထပ်မံ၍ မိနစ်၃၀ ခန့်အသံတိတ်ဆန္ဒပြခဲ့ကြ ပြီးလူစုခွဲခဲ့ကြပါတယ်၊၊

 ပြည်မြို့တွင် ပထမအကြိမ် ဧပြီလ (၂၅)ရက်နေ့က သတင်းထောက်ကိုဇော်ဖေလွတ်မြေက်ရေး အတွက် ကိုပြည်မြို့ကသတင်းထောက်တွေ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဲဒီအထဲက ဦးဆောင်ဆန္ဒဖော်ထုတ်သူ မဇ္စျိမသတင်းထောက် ဦးအောင်ဦးနိုင်(ခ)ရေခဲ(ပြည်)အား ပုဒ်မ(၁၈)ဖြင့်တရားဆွဲဆိုခဲ့ရာ အခုလာမဲ့ဇူလိုင်(၁၇)ရက်နေ့ တွင် ပြည်မြို့နယ်တရားရုံးကနေအမိန့်ချသွားမည်ဖြစ်ပါတယ်။ 

 သတင်း နှင့် ဓါတ်ပုံ...ပြည်သတင်းလူငယ်(ပြည်သတင်း)




0 comments:

Post a Comment

Facebook Like Page