Thursday, July 3, 2014

ရွှေတောင်မြို့နယ်အတွင်းရှိ သရက်သုံးပင်အုပ်စု သရက်သုံးပင်ကျေးရွာနေ ဒေသခံများ အသက်မွေးဝမ်းကျောင်းပြုကာ စိုက်ပျိုးမြေ အဖြစ်အသုံးပြုနေသော မြေနုကျွန်းမှ ကမ်းပါးများပြိုကျလျှက်ရှိနေ

Leave a Comment
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ  သရက်သုံးပင်အုပ်စု သရက်သုံးပင်ကျေးရွာနေ ဒေသခံများ အသက်မွေးဝမ်းကျောင်းပြုကာ စိုက်ပျိုးမြေ
အဖြစ်အသုံးပြုနေသော မြေနုကျွန်းမှ ကမ်းပါးများပြိုကျလျှက်ရှိနေကြောင်း ဒေသခံများမှပြောကြားသည်။ အဆိုပါ သရက်သုံးပင်အုပ်စု/ကျေးရွာ ကွင်းအမှတ်(၄၅၀) သရက်
သုံးပင်ရွာဆိပ်ကမ်းအနီး  စီဘီမော်တော်ကြီး(၂/၃)စီး နှင့် ကျောက်စုပ်မော်တော်များ နေ့စဉ် (၂၈)စီးကျော် လာရောက်ကျောက်စုပ်နေခြင်းကြောင့် (၇)ရက်ကျော် ရက်မျှဖြင့်
ယခုလိုကမ်းပါး မြေနုကျွန်းများတ၀ုန်းဝုန်းပြိုကျလျှက်ရှိနေတာဟာ ဧကပေါင်း(၂၀)ကျော် ရှိနေပြီဖြစ် ကြောင်းဒေသခံများမှပြောကြားခဲ့သည်း။ အဆိုပါကျောက်စုပ်မော်တော်များ
မှာ ၂၂.၆.၂၀၁၄ ရက်နေ့မှာစတင်စုပ်ယူခြင်းလုပ်ငန်းများပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံများ အဆိုပါမြေနုကျွန်းကို လွန်ခဲ့သောနှစ်ပေါင်း(၃၅)နှစ်ကျော်ကတည်း အဆိုပါမြေနုကျွန်း
အား ထမင်းအိုးသဖွယ် ၀မ်းရေးအတွက်အလေးထား အဓိကထား၍ စပါး/နှမ်း/ပြောင်း/ပဲ နှင့်အခြားသီးနှံများကို စိုက်ပျိုးကာ အသက်မွေးဝမ်းပြုနေရသည်ဟုသိရသည်။

အဆိုပါဒေသခံတောင်သူ ဦးသိန်းဝင်း မှပြည်သတင်းကို ယခုလိုပြောကြားခဲ့...(...မြို့နယ်ထွေအုပ်ကို ၂၅.ရက် ဇွန်လ ၂၀၁၄ရက်နေ့ကတည်းက ခရိုင်အုပ်ချုပ်ရေးရုံးကို
 ဒီကျောက်စုပ်မော်တော်တွေကြောင့် မြေနုကျွန်းကမ်းတွေနေ့စဉ်တ၀ုန်းဝုန်းပြိုကျနေတာကို စာတွေတင်ပြခဲ့ပါတယ် ရွှေတောင်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးတင်မောင်မြင့်ကတော့ အားလုံးကို နှစ်သိမ့်ပေးပါတယ် တင်ပြထားတဲ့စာကြောင့်လားမသိဘူး  ၁.၇.၂၀၁၄ ရက်နေ့မှာ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးရုံးက လူတွေကွင်းဆင်း
စစ်ဆေးတယ် အဲနေ့ကျတော့ ကျောက်စုပ်မော်တော်တွေသူတို့မဟုတ်သလိုနဲ့ အလုပ်မလုပ်ပြဘူး ကမ်းပါးတွေတ၀ုန်းဝုန်းပြိုကျတာတွေလည်း သူတို့တွေမျက်မြင်ကိုယ်တွေ့
ဖြစ်ခဲ့ပါတယ် သူတို့ပြန်ပြီးနောက်ရက်ကျတော့ တန်းပြီးကျောက်တွေအရင်အတိုင်းပြန်စုပ်ကြတယ်...).......ဟုဒေသခံတောင်သူ ဦးသိန်းဝင်း မှပြည်သတင်းကို ယခုလိုပြောကြားခဲ့သည်။

ဒေသခံတောင်သူ ဦးလှစိုး မှလည်း ပြည်သတင်းကို ယခုလိုပြောကြားခဲ့.....(...တင်ပြတယ် ပြိုကျနေတာတွေကို လာကြည့်တယ် ပြန်သွားတယ် အခုဆရာတို့လာတဲ့အထိထူးခြားမှုမရှိဘူး
ကျောက်မော်တော်တွေလည်း အခုချိန်ထိ စုပ်နေဆဲပဲ တားစီးမဲ့သူမရှိဘူး ကျွန်တော်တို့ဒေသခံတွေ ဒီကျွန်းမရှိရင် တခြား နိုင်ငံတွေမှာ ကျွန်ခံရတော့မယ် အဲလိုမဟုတ်လည်း မြို့တက်
ခွက်ဆွဲပြီးတောင်းရတော့မယ်အနေအထားဖြစ်နေတယ် ဒါ့ကြောင့် ကျွန်တော်တို့ ရွာသား/သူတွေအားလုံး သဘောတူညီမှုတွေနဲ့  ပဲခူးတိုင်းဒေသကြီး အဆိုးရအဖွဲ့ကို ထိထိရောက်ရောက်တင်
ပြဖွဲ့ ရွာက ရွာသားနှစ်ယောက်ကို တရွာလုံးပိုက်ဆံလေးတွေစုပေါင်းပြီး (၂)ရက်နေ့က ကိုယ်တိုင်ကိုယ်ကျတိုင်ကြားတင်ပြစာသွားဖို့ခိုင်းလိုက်ပါပြီ ပိုက်ဆံတွေလည်းကုန်နေပါပြီ မြေနုကျွန်း
လည်းကုန်တော့မယ် ဒီအရေးကို သတင်းမီဒီယာတွေက ဖော်ပြကယ်တင်ပေးဖို့ပြောချင်ပါတယ်...)ဟု ဒေသခံတောင်သူ ဦးလှစိုး မှ ပြည်သတင်းကိုပြောကြားခဲ့သည်။

ဒေသခံ တောင်သူ ဦးထွန်းဝေ မှ ပြည်သတင်းကို ယခုလိုပြောကြားခဲ့......(...မြေနုကျွန်းတွေအရမ်းပြိုနေပြီ ဒီနှစ်ပိုဆိုးနေပါတယ် ကျွန်တော်တို့ ၀မ်းရေးအတွက် တရွာလုံးအထိကအားကိုးအား
ထားတဲ့ ဒီကျွန်းလေးပျောက်မှာမလိုချင်ဘူး ဒါကြောင့်ကယ်တင်ပေးကြပါ ကူညီပေးကြပါ လို့အလေးအနက်ပြောချင်ပါတယ်ခင်ဗျာ...)ဟု ဒေသခံ တောင်သူ ဦးထွန်းဝေ မှ ပြည်သတင်းကို
ပြောကြားခဲ့သည်။...

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရွှေတောင်မြို့ အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်မြင့်မှ ပြည်သတင်းအားယခုလိုဖြေကြားခဲ့.....
အခြေအနေမထူးလို့ဆိုပြီးမနေ့ကလာပြီးတောင်သူကျွန်တော့ကိုတင်ပြတယ် ကျွန်တော်ခရိုင်ရုံးနဲ့မြို့နယ်အုပ်ချုပ်ရေးမှုးကို ပြောကြားထားတယ် ကျွန်တော်တို့ကတော့ လိုင်စင်စည်းကမ်းနဲ့အညီ
လုပ်ငန်းရှင်ကို လိုက်နာဖို့ပြောလို့ပဲရပါတယ် အဲဒါအရေးအကြီးဆုံးပါ ရေ/မြစ်/ဖြိုးကိုမေးဘူးတယ် သူတို့မှာတိုင်းတာတဲ့စက်နဲ့လုပ်လို့ရမရတိုင်းတာပြီးမှ သဘောထားပေးခဲ့တာတဲ့ ရွာသားတွေကို
ပြောပြထားပါတယ် တာဝန်ရှိသူအဆင့်ဆင့်ကိုတင်ပြဖို့ပြောထားပါတယ် နေ့စဉ်ဖြစ်ပေါ်နေမှုမှတ်တမ်းကို ဖုန်းဆက်ပြီးဖြစ်စေ စာနဲ့ဖြစ်စေတင်ပြဖို့လည်းပြောထားပါတယ် မြေကမ်းပါးပြို
မှုကို ရေ/မြစ်/ဖြိုးက ကွင်းစစ်ဆေးပြီးတော့ ဘာ့ကြောင့်ယခုလိုလုပ်ငန်းလုပ်ခွင့်ပေးတာလည်းဆိုတာကို ပြည်သူဒေသခံတွေထင်သာမြင်သာအောင်တော့ပြောပြချပြသင့်တယ်လိုထင်ပါတယ်
အဲဘက်မှာ သရက်သုံးပင်ရယ်  လက်ပံပုရယ် ရွှေကျွန်းကုန်း   ရယ်သုံးရွာရှိတယ် အဲမှာ တစ်ဦးတစ်ယောက်ရဲ့ ပြောကြားတိုင်ကြားချက်လား အားလုံးရဲ့ပြောကြားတိုင်ကြားချက်လားဆိုစဉ်းစား
ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ပါ ပြည်သူကတင်ပြလာရင်စုံးစမ်းစီစစ်ရမှာဖြစ်ပါတယ် အခုဟာကလည်း တစ်အုပ်စုလုံးဆန္ဒလား တစ်ဦးတစ်ဖွဲ့ဆန္ဒလား ဆိုတာရယ် အခုအဲဘက်မှာလည်း
အုပ်ချုပ်ရေး ပြန်လည်ရွေးရမဲ့အနေအထားလေးတွေရှိနေသေးပါတယ်  ဒီကိစ္စအတွက်ကိုလည်းအမြန်ဆုံးအုပ်ချပ်ရေးအဖွဲ့တွေနဲ့သေသေချာချာသွားေ၇ာက်ဖြေရှင်းဖို့စီစဉ်ထားပါတယ်
ဘယ်နေ့ဆိုတာတော့ပြောမရသေးပါဘူး...)ဟု ပြောကြားသွားခဲ့သည်။

ရွှေတောင်မြို့ ရေ/မြစ်/ဖြိုး ဒုဦးစီးတစ်ဦးက ပြည်သတင်းအား ယခုလိုဖြေကြားခဲ့.....
မှတ်ပုံတင်ပေးခြင်းက ခရိုင်ထွေအုပ်နဲ့ဆိုင်တယ် ပြည်သူဘက်ကနေပဲ စဉ်းစားလုပ်ပေးမှာပါ ကျွန်တော်တို့ဘက်က ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ပြီးပါပြီ ကျွန်တော်အနေနဲ့တိုက်ရိုက်တား
ပိုင်ခွင့်မရှိဘူး အထက်ကိုအဆင့်ဆင့် တင်ပြရပါတယ် အခုလုပ်ပိုင်ခွင့် အခုတားပိုင်ခွင့်မရှိပါဘူး အခုဖြစ်တဲ့ကိစ္စမှာ သူတို့က (၃)ရက်ကျော်နေပါပြီ သူတို့နူတ်မိန့်နဲ့တော့တားစီးခဲ့ပါတယ်
သူတို့အခုဆို လုပ်ငန်းလုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးတာ (၃)ရက်ကကျော်နေပြီ ဖြစ်တဲ့အတွက်ကြောင့် တရားမ၀င်လုပ်ကိုင်တယ်လို့တော့ဆိုလို့ရပါတယ် သူတို့လည် တင်ပြထားပါတယ်
ထပ်ပြီးလုပ်ဆောင်ဖို့ကိုပါ ခရိုင်ကတော့ခါင့်မပြုသေးဘူးလို့ ကြားထားပါတယ် ဘာဖြစ်ဖြစ်အှန်တိုင်းဖြစ်စေရပါ့မယ် ...)ဟုပြောကြားခဲ့သည်။

အဆိုပါ မြေနုကျွန်းကမ်းပါးများတ၀ုန်းဝုန်းပြိုကျနေမှုကို သွားရောက်သတင်းယူခဲ့စဉ် ဒေသခံရွာသူ ရွာသားများမှလည်း အဆိုပါကိစ္စအားအမြန်ဆုံးမဖြေရှင်းပေးပါက  ရွာလုံးကျွတ် မြို့တက်
ဆန္ဒထုတ်ဖော်သင့်ပါက ထုတ်ဖော်သွားမည်ဖြစ်ကြောင်း  ဒေသခံရွာသူတစ်ဦးက ပြည်သတင်းအား ယခုလိုပြောကြားခဲ့.
ကျွန်မတို့ခံစားနေရတာတွေ ကျွန်မတို့ကအသိဆုံးပါ အခုဖြစ်ပေါ်နေတဲ့ ဒီမြေနုကျွန်းကမ်းပါးတွေနေ့တိုင်း မိနစ်မခြားပြိုကျနေတာ ကျွန်မတို့တစ်ရွာလုံး ငေးကြည့်နေရတယ် ဒါ့ကြောင့်
ကျွန်မတို့က ဥပဒေဘောင်အတါင်းက တောင်ဆိုနေတယ် တင်ပြပေးနေတယ် အခုသတင်းမီဒီယာတွေနဲ့ နောက်ဆုံးအဆင့်တွေ့တာပါ ဒါတောင်မှဘာမှထူးခြားမှုမရှိရင် ကျွန်မတို့ကို ဥပဒေ
ဘောင်အပြင်ဘက်ကိုဆွဲပို့နေသလိုဖြစ်နေပါပြီ ကျွန်မတို့လိုအပ်လျှင် လိုအပ်သလို မြို့တက်ပြီး ခံစားနေရတာတွေကို ဆန္ဒထုတ်ဖော်ဖို့ပဲလိုပါတော့တယ်...)ဟုပြောကြားသွားခဲ့သည်။..

သတင်း နှင့် ဓါတ်ပုံ..ပြည်သတင်းလူငယ်(ပြည်သတင်း)...














0 comments:

Post a Comment

Facebook Like Page