Monday, July 21, 2014

ကျီးကန်း​မေ​မေ

Leave a Comment
ကျီးကန်းမေမေ
***********
တနေ့သောအခါမှာ ကြက်တူရွေးအမ တစ်ကောင် နှင့် ကျီးကန်းအမတစ်ကောင်တို့ သစ်ပင်တစ်ပင်ပေါ်မှာ နားနေရင်းဆုံမိကြလေတယ်။ ကြက်တူးရွေးမက ကျီးကန်းမကိုမေးတယ် ဒေါ်ရွှေကျီး ဘယ်သွားမလို့လည်းရှင့် လို့မေးတော့ ကျီးကန်းမက ကျောင်းတက်နေတဲ့ ကျွန်မသားလေးကို ထမင်းသွားပို့မလို့ ဆိုပြီးပြန်ဖြေတယ် ဒါနဲ့ကြက်တူရွေးမကဆက်ပြောတယ် ဒါဆိုရင်အတော်ပါပဲ ဒေါ်ရွှေကျီးရယ် ကျွန်မသားလေးဆီကို လက်စနဲ့ ဒီထမင်းထုတ်လေးတပါတည်းယူသွားပေးနိုင်မလား ကျွန်မအရေးတကြီးသွားစရာရှိနေလို့ပါ ဒေါ်ရွှေကျီးရယ် လို့အကူအညီတောင်ရှာတယ် ကျီးကန်းမကလည်း သူ့ကိုရွှေတပ်ပြီး သူ့နာမည် ရွှန်းရွှန်းဝေအောင်ခေါ်နေတာကို အကြိုက်တွေ့တာနဲ့ ကြက်တူရွေးမကို ပြန်မေးတယ် ရပါတယ်ကူညီပါ့မယ် ဒါနဲ့ရှင့်သားကို ကျောင်းမှာ ကျွန်မက ဘယ်လိုလုပ်ရှာရမလည်း မေးတော့ ကြက်တူရွေးမက ပြန်ဖြေတယ် ဒါများဒေါ်ရွှေကျီးရယ် ကျောင်းရောက်ရင် ကျောင်းထဲမှာ အချောဆုံး အလှဆုံး ကျောင်းသားကိုတွေ့ရင်သာပေးဖြစ်အောင်ပေးလိုက်ပါ အဲဒါကျွန်မသားပေါ့ လို့ပြန်ဖြေပါတယ် အင်းပါ ကောင်းပါပြီ ကျွန်မ ရှင်ပြောတဲ့အတိုင်းပေးလိုက်ပါ့ဆိုပြီး ထွက်သွားသတဲ့ ညနေကျောင်းဆင်းချိန်လည်းရောက်ရော ကြက်တူရွေးမက နေ့လည်ကတွေ့ခဲ့တဲ့ ကျီးကန်းမအိမ်ရှေ့ရောက်လာပြီး အသံကုန်အော်ပြောတယ် ဟဲ့ဟဲ့ ကျီးကန်းမ နင်ဘယ်လိုလုပ်လိုက်တာလည်း ငါ့သားကိုပေးခိုင်းတဲ့ ထမင်းထုပ်ကို နင်ဘယ်သူ့ကို ပေးလိုက်သလည်း အော်မေးောအခါမှာ ကျီးကန်းမက သြော်ခက်လိုက်တာ ကြက်တူရွေးမရယ် နင်ပဲ ကျောင်းထဲကအချောဆုံးအလှဆုံးကျောင်းသားကို ပေးလိုက်ဆို ကြက်တူရွေးမက အင်လေဟုတ်တယ်လေ ကျီးကန်းမရဲ့ အဲဒိအခါ ကျီးကန်းမက ကျောင်းထဲမှာ အချောဆုံးအလှဆုံး ကျောင်းသားပေးလိုက်ဆိုတော့ ငါလည်း ငါ့သားကိပဲပေးလိုက်တာပေါ့ဟယ်......

Zoo King(ပြည်)

0 comments:

Post a Comment

Facebook Like Page