Monday, June 30, 2014

ပြည်​မြို့မှသတင်း

Leave a Comment

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၂၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်ကအာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက် က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့် လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။
“တိုင်းသူပြည်သားတွေလည်းသိတယ်။ စစ်တပ်က ၁၉၆၂၊ ၁၉၈၈ မှာ လက်နက်နဲ့ အာဏာသိမ်းတယ်။ အခုကျတော့ လက်နက်နဲ့မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့ အာဏာသိမ်းထားတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ရက်ကွက်ကျေးရွာ၊ မြို့နယ် ခရိုင်၊တိုင်း၊ ပြည်ထောင်စုအဆင့်ထွေအုပ်များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက် တွင်ရှိသည့် အတွက်စစ်တပ်က ပြည်သူလူထုကို တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြခဲ့ သည်။
“ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘကမကြိုက်တာကို မလုပ်ရဲဘူးဖြစ်နေ တယ်။ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ရင်ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်”ဟု ၎င်း ကဆိုသည်။
ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ၄၃၆ အရ စစ်တပ်သဘော မတူပါက ပြင်ဆင်ရန်ခဲယဉ်းနေသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
၁၉၅၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများနှင့် ပတ်သက်သည့် လူသတ်၊လူ သေမုဒိန်းမှုများ တရားရုံးများတွင် တရားစွဲဆိုကာ နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက် ရောက်နိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်မည်ဖြစ်၍ ပြည် သူလူထု များစွာနစ်နာနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးကလည်း ဝေဖန်သည်။
ထို့ပြင် “လွှတ်တော်က စစ်တပ်ကိုအမြဲတမ်းလွှမ်းမိုးနိုင်ရမယ်။ ဒါဟာဒီမိုကရေစီရဲ့မူပဲ။ ဒီမှာကြည့်ရင် ကာ ကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့ဟာ အားလုံးပေါင်း ၁၁ ယောက်ရှိတယ်။ ခြောက်ယောက်သောပုဂ်္ဂိုလ်တွေက သူတို့စိတ်တိုင်းကျ ထည့်ထားတာ”ဟုလည်း ၎င်းကဆိုသည်။
အဆိုပါဟောပြောပွဲကို ထိုနေ့မနက် ၉ နာရီက ပြည်မြို့ခေတ္တရာမြို့သစ် လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ ပြီး၎င်းတို့ နှစ်ဦးအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင်ဦးဌေးဦး (စိန်ကျွန်း)တို့က ဟောပြော ခဲ့ရာ မြို့ခံလူထု ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ရေခဲ(ပြည်​)
တင်​ဆက်​သူ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page