Wednesday, June 4, 2014

မည်သည့်ဌာနတွင် တာဝန်ရှိသည်ကို မသိရဘဲ ဌာနတစ်ခုနှင့်တစ်ခု ဘော်လီဘောပုတ်နေ

Leave a Comment

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ကမ်းနားလမ်းတွင် ပြည်ခရိုင်၏ ကျက်သရေ ဆောင် ခရိုင်ရဲရုံး၊ ခရိုင်မြေစာရင်းရုံး၊ ခရိုင်တရားသူကြီးရုံး၊ စည်ပင်သာယာရေးဦးစီး ဌာနရုံးတို့ကို သွားလာသည့်လမ်းတည်ရှိရာနေရာတွင် ဇွန်လ(၁)ရက် နံနက် (၁၀)နာရီ အချိန်မှစ၍ ခရိုင်ရဲရုံးရှေ့ ဘောစကိုင်းပင်အကိုင်းသည် လမ်း သုံးပုံ နှစ်ပုံ ဓါတ်ကြိုး ပေါ်သို့ ကျိုးကျနေသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဓါတ်ကြိုးပေါ်သို့ ကျိုးကျနေသည့်အတွက် အများပြည်သူသွားလာရာလမ်း အများပြည်သူများအန္တရာယ်ရှိနိုင်သည်ဟု ယူဆရသည့်အတွက် ဖုန်းဖြင့်မြို့နယ်လျှစ် စစ်အင်ဂျင်နီယာရုံးသို့ အကြောင်းကြားခဲ့ရာ ၄င်းဖုန်းကိုင်သည့်တာဝန်ကျဝန်ထမ်းမှ “ဟုတ်ကဲ့ ကျွန်တော်တို့လာလုပ်ပေးလှည့်ပါ့မယ်” ဟုပြောသော်လည်း နေ့လည် (၁)နာရီခွဲသည့်အချိန်အထိ လာရောက်ပြုလုပ်ခြင်းမရှိသည့်အတွက် ထပ်မံ၍ ဖုန်းဆက်သည့်အခါ “၄င်းဖုန်းကိုင်သည့် တာဝန်ကျဝန်ထမ်းမှ အဲဒီသစ်ကိုင်းပိနေတဲ့ ကြိုးက လျှပ်စစ်ကြိုးမဟုတ်ဘူးဗျ။ ဖုန်းကြိုးပေါ်ကျနေတာ ဒါကြောင့် အိတ်ချိန်းရုံးကို အကြောင်းကြားလိုက်ပါ”ဟု၎င်းကပြောသည်။ ထို့ကြောင့် အိတ်ချိန်းရုံးသို့ သွားရောက် အကြောင်းကြားသောအခါ သွားရောက်လုပ်လိုက်ပါမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် (၂-၅-၂၀၁၄) ရက်နေ့တွင် ၄င်းအပင်သည် ကြိုးကျနေသည့်အတိုင်း ရှိသေးသည့် အတွက် စည်ပင်သာယာရေးဦးစီးဌာနသို့ ထပ်မံ၍ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ “ဟုတ်ကဲ့ ကျွန်တော်တို့သွားကြည့်လိုက်ပါမယ်”ဟုသာ ပြောပြီး ဖုန်းချသွားခဲ့ပါသည်။

ထို့ကြောင့် ပြည်သူ့လစာစား၊ နိုင်ငံတော်အစိုးရ၀န်ထမ်းများခင်ဗျား ပြည်သူ လူထုက လိုအပ်လို့လုပ်ပေးရန်အကူအညီတောင်းသည့်အခါ မိမိတို့အနေဖြင့် ပြည်သူ လူထု၏ အသက်အန္တရာယ်ကင်းဝေးစေရန် မိမိဌာနနှင့်မဆိုင်လျှင်လည်း ဌာနအချင်း ချင်း ချိတ်ဆက်ကာဆောင်ရွက်ပေးသင့်သည်ဟု ပြည်သူတစ်ယောက်အနေနှင့် ထင်မြင်ပါသည်။ သို့ပါသော်လည်း နိုင်ငံ့လစာစား၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ ကြားပေါက်မရသောအလုပ်များကို လုံးဝစိတ်မ၀င်စားသည်မှာ ထင်ရှားနေပါသည်။ ၄င်းတို့နေရာထိုင်ခင်း ပြုတ်၊ ပြေး၊ ပြောင်းရမည့်ကိစ္စ ဥပမာ- ဗိုလ်ချုပ်လမ်းပေါ်ကြီး တွင် ဓါတ်တိုင်များအောက်ခြေသံချေးစား၍ လေတိုက်သည့်အခါ လဲကျရာတွင် စက်ကြီးစက်ငယ် အဖွဲ့ပေါင်းစုံတို့မှ နာရီပိုင်းအတွင်း ပြုလုပ်နေသည်ကိုလည်း တွေ့ မြင်ရပါသည်။

ယခုကိစ္စသည် လေတိုက်၍သာမာန်ရိုးကျ ဘောစကိုင်းပင်အကိုင်းကျိုး ကျသည်ကို လာရောက်ရှင်းလင်းခြင်းမပြုလုပ်သည့်အတွက် ယနေ့ (၄-၅-၂၀၁၄)ရက် နေ့ နံနက် (၁၀း၀၀)နာရီအချိန်အထိ အများပြည်သူသွားလာရာလမ်းပေါ်တွင် ရှိနေ ပါသည်။ ထို့အတွက်ကြောင့် တာဝန်ရှိသောဌာန ပြည်သူ့လစာစား နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း အပြုသဘောဆောင်၍ သက်ဆိုင်သောဌာန ဆိုင်ရာအကြီးအကဲသိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။
ပြည့်သဲမောင်(ပြည်)

ကတိခံဝန်ချက်။ ။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဖြစ်ပျက်လာ မည့်ကိစ္စ မည်သည့်ကိစ္စမဆို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြည့်သဲမောင် (ပြည်)မှ ကတိခံဝန်ချက်ပြုပါသည်။

0 comments:

Post a Comment

Facebook Like Page