Tuesday, June 3, 2014

သိန်း (၉၀) ကျော် ပိုင်ရှင်မဲ့တွေ့သည်ကို ရိုးသားစွာ ပြန်ပေးခဲ့သည့် ဦးစန်းဝင်းအား ဂုဏ်ပြုချီးမြှင့်မည်

Leave a Comment

ပြည်သတင်း၊ Photographer - Phyo Min Zaw ၊ Tin Aung Phyu နှင့် ဦးဇင်သိန်းတို့မှ ငွေကျပ် တစ်သိန်း စတင်မတည်ပြီး ဂုဏ်ပြုချီးမြှင့်ရန် စီစဉ်ထားပါသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ခြင်းကို (၈.၆.၂၀၁၄) ရက်နေ့ နံနက် (၉) နာရီတွင် ရွှေဘုန်းပွင့်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို ပါဝင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။

ကျွန်တော်တို့နှင့်အတူ ဂုဏ်ပြုလိုသူများအနေဖြင့် မိမိတို့ ဂုဏ်ပြုလိုသည့် ငွေကြေး (နဲ/များ) ဖြစ်စေ၊ အသုံးအဆောင်ဖြစ်စေ ပါဝင်နိုင်ပါသည်။ ပါဝင်ဂုဏ်ပြုကြသည့် စာရင်းကို ပြည်သတင်းတွင် ပြန်လည် ဂုဏ်ပြုဖော်ပြပေးသွားပါမည်။

ဦးစန်းဝင်း၏ ရိုးဂုဏ်နှင့် မွန်မြတ်သောစိတ်ဓါတ်ကို ပါဝင်ဂုဏ်ပြုလိုသူ မည်သူမဆို စုပေါင်းပါဝင် ဂုဏ်ပြုနိုင်ရန်အတွက် ကျွန်တော်တို့ ပြည်သတင်းမှတဆင့် ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန် >>>

ပြည်သတင်း - 09 430 47862 , 09 401 616 323

ဦးဇင်သိန်း - 09 531 0120

Phyo Min Zaw - 09 42368 0511

0 comments:

Post a Comment

Facebook Like Page