Monday, June 2, 2014

ပြည်မြို့န၀ဒေးတံတားအနီးလမ်းတံတားကြေးကောက်ခံရာမှ PTUကျောင်းသားနှင့် လမ်းတံတားကြေးကောက်ခံသူခိုက်ရန်ဖြစ်ပွား

Leave a Comment


ပြည်မြို့န၀ဒေးတံတားအနီးလမ်းတံတားကြေးကောက်ခံရာမှ
PTUကျောင်းသားနှင့် လမ်းတံတားကြေးကောက်ခံသူခိုက်ရန်ဖြစ်ပွား

ပဲခူးတိုင်းဒေသကြိး၊ပြည်မြို့ရှိ န၀ဒေးတံတားအနီး လမ်းတံတားကြေးကောက်ခံသော နေလသစ္စာကမ္မုဏီ မှ လမ်းတံတားကြေးကောက်ခံသူ ၀န်ထမ်းတစ်ဦးနှင့် ပြည်မြို့နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးတို့သည် ဇွန်လ(၁) ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်ခန့်တွင် လမ်းတံတားကြေးကောက်ခံရေးကိစ္စနှင့်ပါတ်သက်၍ ပြဿနာဖြစ်ပွားရာမှအစပြ ပြီးဇွန်(၂)ရက်နေ့ (၁၀း၀၀)နာရီအချိန်ခန့်တွင် နည်းပညာ တက္ကသိုလ်မှ ကျောင်းသား(၂၀)ယောက်ခန့်နှင့် ၀န်ထမ်းအချို့တို့ ခိုက်ရန်ဖြစ်ပွားခဲ့ထာပါ
ဖြစ်စဉ်မှာ ဇွန်(၁)ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်ခန့်က ပန်းတောင်းမြို့နယ်၊ဆင်တဲ က.ပ.စ(၃)တွင် နေထိုင်သော နည်းပညာတက္ကသိုလ်ကျောင်းသား မောင်အာကာဦး(ဘ)ဦးသန်းဇော်ဦး(တကက၊ကပစ-၃) တတိယနှစ်(Electronic Power)သည် ဆိုင်ကယ်နှင့် န၀ဒေးတံတားအနီး နေလသစ္စာ ကုမ္မဏီ လမ်းတံတားကြေးကောက်ခံရေး ဂိတ်မှဖြတ်သန်းစဉ် ဂိတ်ဝန်ထမ်းမှဖြတ်သန်းခတောင်းခံရာမှ စကားများခဲ့ပြီး မောင်းတံဂိတ်ကိုအတင်းပိတ်ထား၍ ဆိုင်ကယ်လီဗာတင်ပြီးထွက်ရာမှ ဆိုင်ကယ်လဲကျပြီးဂုတ်ပိုးတွင်နာကျင်မှု အနည်းငယ်ဖြစ်ပွားခဲ့သည်။
အဆိုပါကျောင်းသားမှ နည်းပညာတက္ကသိုလ်ကျောင်းသား(၂၀)ဦးခန့်ကိုခေါ်ဆောင်လာကာ ဇွန်လ(၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီခန့်တွင် နေလသစ္စာလမ်းတံတားကြေးဂိတ်တွင် မနေ့ကဖြစ်စဉ်နှင့် ပါတ်သက်၍ ရှင်းလင်းနေစဉ် ၄င်းတို့အဖွဲ့ထဲမှပါလာသူကျောင်းသားတစ်ဦးနှင့် ပထမနေ့ကပြဿနာတက်ခဲ့သူ ဂိတ်ဝန်ထမ်းကိုအောင်မျိုးထွဋ်တို့ စကားများရန်ဖြစ်ရာ အနည်းငယ်စီထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ရဲကြေးနန်းအရသိရသည်။
ဲကျွန်တော်တို့က ဆိုင်ကယ်တစ်စီးကို(၅၀)ကျပ်ကောက်ပါတယ်။ဒါပေမယ့်ဟိုဘက်ကမ်းက လူတော်တော်များများက ၀န်ထမ်းတွေဖြစ်နေတော့ တော်တော်များများကိုမကောက်ဖြစ်ပါဘူး။မနေ့က ကျောင်းကလည်းပိတ်ထားတယ်။သူကလည်းယူနီဖေါင်းလည်းဝတ်မထားတော့ ကျောင်းသားမှန်းမသိလို့ မေးမိတာပါ။တကယ်လို့ယူနီဖေါင်းဝတ်ထားပြီးကျောင်းသားမှန်းသိရင်မကောက်ပါဘူးလို့ တိုးဂိတ်မှတာဝန်ရှိသူ-ကိုပေါက်ကပြောပြပါတယ်။
မနေ့က ဒီကသွားဖြစ်ပါတယ်။မနေ့ကတော့ ပိုက်ဆံတစ်ပြားမှပါမလာတာပါ။ပါမလာတာကလည်း ခါတိုင်းသွားနေကျတုန်းက မပေးရတော့ မပေးရဘူးလို့ထင်လို့ပါ။ဒါပေမယ့် ပြေပြေလည်လည်ပြောရင် ကျွန်တော်လည်းပြေပြေလည်လည်ပြောမှာပါ။တစ်ရာပေးရတယ်လို့ပြေပြေလည်လည်ပြောရင် ကျွန်တော်လည်းမရိုင်းပါဘူး။မပေးနှိုင်ဘူးကွာလို့ပြောပြီ်းမောင်းထွက်သွားမှာမဟုတ်ပါဘူး။သူကမျက်နှာထား ကြီးနဲ့ပြောလို့ဖြစ်ရတာပါ။အဲဒီမှာသူက ကျွန်တော်ဆံပင်ကိုစောင့်ဆွဲတယ်။နှစ်ခါလားသုံးခါလားမသိဘူး။ အဲဒီနားကအမကြီးလည်းမြင်ပါတယ်။ကျွန်တော်ကအောက်ကခံနေရတယ်။ပုဆိုးတောင်ကျွတ်သွားတယ်။အဲဒါကြောင့် ရှက်တာလည်းပါတယ်လို့်ပြဿနာဖြစ်ပွားသူ နည်းပညာတက္ကသိုလ်မှကျောင်းသား အာကာဦးကပြောပြပါတယ်
အဲဒီန၀ဒေးတတားဂိတ်နဲ့လမ်းကြေးကောက်ခံမှုကို-နေလသစ္စာကုပ္မဏီကရရှိထားပြီး-စက်ဘီး-ဆိုင်ကယ်-မြင်လှည်းကအစ-ကောက်ခံယူရမှာဖြစ်ပြီး-ဆိုင်ကယ်တစီးကိုတံတားဖြတ်ခ(၅၀)ကျပ်နှုံးနဲ့အသွားအပြန်(၁၀၀)ကျပ်ကောက်ခံရမှာဖြစ်ပါတယ်။တခါတလေမကောက်တာကလဲ-အနောက်ဖက်ကမ်းက-၀န်ထမ်းမိသားစုတွေများတာရယ်ကျောင်းသားတွေရယ်ကြောင့်-ငွေမကောက်ပဲလွှတ်ပေးထားတာ-ဒါကိုတချို့က-ကောက်ဖို့မလိုပဲ-တခါတရံကို-ကောက်နေတာလို့-အမြင်လွဲမှားတာပဲဖြစ်တယ်လို့-တတားကတာဝန်ရှိသူတယောက်ထံကသိရပါတယ်

သတင်းနှင့်ဓါတ်ပုံ
ကိုမင်းညို(dvb)

တင်ဆက်သူ..ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page