Wednesday, May 7, 2014

မသမာသောနည်းများဖြင့် မော်တော်ယာဉ်မှတ်ပုံတင်များပြုလုပ်ပေးနေသော ဌာနတစ်ခု.........သတင်း နှင့် ဓါတ်ပုံ ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment










မသမာသောနည်းများဖြင့် မော်တော်ယာဉ်မှတ်ပုံတင်များပြုလုပ်ပေးနေသော ဌာနတစ်ခု
*******************************************************
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပြည်မြို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန/ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးတွင်
7.5.2014 ရက်နေ့ နေ့လည်(123း0)မိနစ်အချိန်ခန့်တွင် (၁၀)ဘီးကားကြီးတစ်စီး လာရောက်မှတ်ပုံတင်ရန်အတွက် အဆိုပါ
ရုံးရှေ့တွင်ရပ်နားထားသည် မှတ်ပုံတင်ပြုလုပ်ရန်အတွက်လည်း အဆိုပါကားကြီးအား ဓါတ်ပုံရိုက်နေခြင်းများကိုပါတွေ့မြင်ခဲ့ရ
ပါတယ် ထိုကား၏ဘော်ဒီဆေးရောင်မှာတမျိုးဖြစ်နေသောကြောင့် အနီးသို့သွားရောက်ကြည့်ရှုမိသောအခါ ကားဘော်ဒီတိုင်များအား
လုံးသည်(၂)လက်မပတ်လည် သစ်သားချောင်းများကို (မှုလီနတ်)စွဲကာထောင်ထားစေပြီး အဆိုပါသစ်သားတိုင်လေးများကိုပတ်ကာဖြင့်
ကားဘော်ဒီပတ်လည်အားလုံးကို ကော်ပျော့(ခေါ်)ဝေဖာပြားများကို တစ်ချပ်နှင့်တစ်ချပ်ကို (စတပ်(စ်)ပလာ)ကလစ်များဖြင့်ထိစပ်ချုပ်ထားသည်။
ထို့နောက်အဆိုပါဝေဖာပြားများကို ငွေမှင်ဆေး(ခေါ်)ငွေရောင်ဆေးများဖြင့်အပြင်မှပြင်လျှင်(သို့)ဓါတ်ပုံရိုက်လျှင် ကားဘော်ဒီအစစ်ပုံစံကဲ့သို့
ဆေးမှုတ်ထားသည် အံ့သြမိခဲ့ပါတယ် အဆိုပါဖြစ်ရပ်သတင်းကို စာအတိုလေးဖြင့်သတင်းရေးနေရပါသော်လည်း သတ်မှတ်ထားသော စည်းကမ်း
များကိုတိတိကျကျမလိုက်နာသော အကျင့်ပျတ် ပြည်သူတချို့ နှင့် သေသေချာချာချမှတ်ထားသောရုံးတွင်းဌာနဆိုင်ရာ စည်းကမ်းများနှင့်ရရှိထားသော
တာဝန် ကျင့်ဝတ် ရာထူးများကိုပါ အလေးမထားသေသေချာချာမစီစစ် မလေ့လာပဲ ယာဉ်လိုင်စဉ်များအားထုတ်ပေးထားသော ယာဉ်များဘယ်နှစ်စီး
လောက်တောင်လုပ်ပြီးကြပြီလည်းဆိုတာတော့မတွေးတောတတ်အောင်ပါပဲ ဒီလိုဖြစ်၇ပ်တွေမှာနောက်ဆက်တွဲပါလာတတ်တဲ့ (လာဒ်ပေး လာဒ်ယူ)တွေရော
ကင်းရှင်းနိုင်ပါ့မလား ပြုပြင်ပြောင်းလည်းရေးကာလမှာ အထက်ဆိုသောလူကြီးတွေဘယ်လောက်ကောင်းအောင်လုပ်နေပါစေ ဒီလိုဖြစ်ရပ်လေးတွေက
အပေါ်ပြောင်း အောက်မပြောင်းစနစ်ဆိုးတွေနဲ့ခံစားနေရတဲ့ဘ၀တွေ ဘယ်လိုရုန်းထွက်နိုင်ပါ့မလည်း ယခုလိုလာရောက်ပြုလုပ်တာတွေကိုရော ဘာ့ကြောင့်
လူကြီးမင်းများမသိနိုင်ကြတာလည်း(တကယ်မသိတာရော ဖြစ်နိုင်ပါ့မလား) ဒါဆိုရင် မြန်မာနိုင်ငံကြီးမဆိုထားနဲ့ ကျွန်တော်တို့ပြည်မြို့ဘယ်တော့မှာမတိုးတက် မဖွံ့ဖြိုး
နိုင်တော့ပါဘူး စမ်းကမ်းသည် လူ၏တန်ဖိုး ရှေးရှေးကဆိုရိုးစကားတွေ မြောင်းထဲမျာပဲရှိပါတယ် ဖွံ့ဖြိုးတိုးတက်မှုတွေကိုယခုလိုနည်းလမ်းတွေကဖျတ်စီးနေပါတယ်
ထို့ကြောင့် ဘယ်မြို့ဘယ်ရွာ ဘယ်သူတွေဘယ်လိုဖြစ်နေနေပါ ကိုယ့်မြို့ ကိုယ့်ရွာမှာလာဒ်ပေးလာဒ်ယူ(ခေါ်)နားလည်မှုတွေ နဲ့လုပ်စားနေကြသော ဌာနဆိုင်ရာ
အောက်ခြေ၀န်ထမ်းတွေသာ မိမိမြို့ မိမိရွာ နောက်ဆုံးတွေးရမှာက မိမိနိုင်ငံစည်းကမ်းရှိစွာ နဲ့ ကျရာတာဝန်ကို ကျေပွန်ဖြူစင်စွာထမ်းဆောင်သွားမယ်ဆိုရင်
အမှန်အကန်ဖွံ့ဖြိုးတိုးတက်မှုရပြီး မြန်ဆန်စွာနဲ့ အခြားမြို့တွေရွာတွေထက် သာသွားနိုင်ပါကြောင်း အများပြည်သူ နှင့် သက်ဆိုင်ရာ ဌာန၀န်ကြီးမှ လူကြီးမင်းများအားသိရှိစေရန်
ပြည်မြို့ကိုအမှန်အကန် အများမြို့များထက် ပိုမိုသာရှိစေရန် စိတ်ရင်းအမှန်ဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန/ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)
အထိ လေးစားစွာဖြင့်တင်ပြအပ်ပါတော့သည်။

သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page