Wednesday, May 7, 2014

သရေခေတ္တရာအစ ဖိုးဦးတောင်က(ဖိုးဦးတောင် ဘုရားသမိုင်း)............အပိုင်း...(၂).........ဆက်လက်ဖတ်ရှုပေးပါရန်(မျှော်........) ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment


သရေခေတ္တရာအစ ဖိုးဦးတောင်က(ဖိုးဦးတောင် ဘုရားသမိုင်း)
***********************************


အပိုင်း...(၂)




 
ဂေါတမမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေးရှင်တော်/ကုမုဒ/ပဒုမ/ပုဏ္ဍရိက/သုပုပ္ပိတ/ လေးမည်ရသော မွေးညင်းတော်များဌာပနာ၍တည်ထားကိုးကွယ်တော်မှုအပ်သော ပဲခူးတိုင်းဒေသကြီး(နောက်)
ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စုတွင် တည်ထားကိုးကွယ်တော်မှုတော်သော ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်သမိုင်းအား ၁။စေတိယပကာသနီကျမ်း/၂။မြန်မာရာဇ၀င်ပေါင်းချုပ်/
၃။မြန်မာ့စွယ်စုံကျမ်း/၄။မှန်နန်းရာဇ၀င်/၅။ရွှေဆံတော်သမိုင်း စုစုပေါင်းကျမ်းတော်ကြီး(၅)ကျမ်းမှ ကိုးကားရေးသားတော်မှုခဲ့သော ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပန်းတောင်းမြို့နယ်
ရွာသာယာအုပ်စု ဘဒ္ဒန္တ ရာဇိန္ဒ (တောင်တော်တာဝန်ခံဆရာတော်) ဖိုးဦးတောင်ကျောင်းတိုက် ဖိုးဦးတောင်ဘုရားပဓာနနာယက ဆရာတော်ကြီးရေးသားခဲ့သော ဖိုးဦးတောင်ဘုရားသမိုင်းစာအုပ်အား
ပြည်သတင်းလူငယ်(ပြည်သတင်း) မှ ပြန်လည်ကူးယူရေးသားဖော်ပြခဲ့ပါသည်။

ဖိုးဦးတောင်ကား ဘီလူး/နဂါး တို့၏နေရာဖြစ်ခြင်း
*******************************************

ထိုသို့မြတ်စွာဘုရား ကြွရောက်တော်မှုလာသောအခါ ထိုဖိုးဦးတောင်၌နေသော သာတာဂီရိ နတ်ဘီလူးမင်းကြီး၏ တူဖြစ်သော သမ္ဘူလဘီလူးသည် ဘီလူးအရံတစ်သိန်းနှင့်နေ၏။
ထိုဘီလူးတို့သည်မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို သာတာဂီရိဘီလူးမင်း ပြောဟောသည်ကိုအဆင့်ဆင့် ကြားသိကြသဖြင့် ဘုရားကြွလာသည်ကို ၀မ်းမြောက်ဝမ်းသာရှိလှ၍ (ငါတို့နေသော ဖိုးဦး
တောင်ထိပ်သို့ မြတ်စွာဘုရားကြွလာတော်မှုခြင်းကား.....ကောင်းလေစွ..)ဟုအမြိုက်ရေဖြင့် သွန်းလောင်းဘိသကဲ့သို့ ၀မ်းသာခြင်း/သဒ္ဒါခြင်းဖြစ်သောကြောင့် သမ္ဘူလဘီလူးသည် ဘုံကိုးဆင့်ရှိ
သော မိမိဗိမာန်အတွင်း၌ ခင်းထားအပ်သော ပတ္တမြားပလ္လင်ထက်သို့ပင့်၍ သတင်းသုံးစေတော်မှုပြီးလျှင် သစ္စာလေးပါးတရားတို့ကို ဟောတော်မှုသဖြင့်ကြားနာရသောကြောင့် မိမိမယား အဘိမုခ
ဘီလူးမနှင့်တကွ သောတာပန်တည်လေ၏။ ကြွင်းသောတစ်သိန်းသောဘီလူးတို့သည် သရဏဂုံ/ပဉ္စသီ တည်ကြလေကုန်၏။

ထိုအခါဖိုးဦးတောင် တဘက်၌ရှိသော ဝေမိဿကတောင်/မဟိန္ဒတောင်/က္ကုန္ဒ၀တောင် ၄င်းတောင်သုံးလုံး၌ အရံတစ်ထောင်စီနှင့်တကွ နေကြကုန်သော ဝေသာမိတ္တဘီလူး/
က္ကုဒ္ဓိမန္တဘီလူး/ဝေလုကန္တဘီလူးဟုဆိုအပ်ကုန်သော သမ္ဘူလဘီလူး၏ အဆွေခင်ပွန်း သုံးယောက်တို့အား မြတ်စွာဘုရားသည် ငါတို့နေရာဖိုးဦးတောင်ထိပ်သို့ ကြွလာကြောင်းကို တမန်စေလွှတ်
၍ အကြောင်းကြားလိုက်၏။ ဘီလူးသုံးယောက်တို့သည် ဝေမိဿက-စသောတောင်သုံးလုံးတို့ကို ရံလျက်ရှိသော အရံတောင်ကိုးလုံး/ထိုတစ်ဆယ့်နှစ်လုံးသော တောင်တို့၌အမြဲနေကြ၏။ ထိုတစ်
ဆယ့်နှစ်လုံးသောတောင်တို့၏ အောက်၌ ဧရာပထနဂါးမင်း သည်ကုဋေတစ်သိန်းသောနဂါးအပေါင်းတို့နှင့်တကွ သိကြားမင်းကဲ့သို့ တင့်တယ်စွာ ဖန်ဆင်း၍နေ၏။ ဧရာပထနဂါးမင်းမျိုးတို့သည်
တစ်နှစ်လျှင် သုံးဌာနပြု၍နေကုန်၏။ နွေကာလဖြစ်လျှင် မဟာသမုဒ္ဒရာ၌နေကြ၏။ မိုးအခါဖြစ်လျှင် မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုးကြီးခြင်းကြောင့် ဟိမ၀န္တာအရပ်၌နေကြ၏။ ဆောင်းအခါဖြစ်လျှင်
ဝေမိဿက စသောတစ်ဆယ့်နှစ်လုံးသောတောင်တို့၏ အောက်၌နေကုန်၏။ ထိုအခါ ဟေမန္တကာလ ပြာသိုလတွင် ဝေသာမိတ္တဘီလူး/က္ကုဒ္ဓိမန္တဘီလူး/ဝေလုကန္တဘီလူး တို့သည် မိမိတို့၏ အောက်
၌ နေသော ဧရာပထနဂါးမင်းအား ဖိုးဦးတောင်ထိပ်၌ မြတ်စွာဘုရား ကြွရောက်နေကြောင်းကို သမ္ဘူလဘီလူးထံမှ တမန်စာရသည်ဟုပြောကြားကုန်၏။ ဘုရားရှင်၏ ဂုဏ်ကျေးဇူးကြီးမားကြောင်း
ကိုလည်း ပြောကြားကုန်၏။

ဧရာပထနဂါးမင်းသည် ကဿပ ဘုရားရှင်လက်ထက်တော်က နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ရဟန်းအဖြစ်ဖြင့်နေခဲ့ဖူးသူတစ်ယောက်ဖြစ်ခဲ့၏။ တစ်ခုသောအာပတ်ငယ်ကို
ဖုံးလွှမ်းမိသည်ဖြစ်သောကြောင့် နဂါးအမျိုးဖြစ်နေရ၏။ ကဿပဘုရား ပရိနိဗ္ဗာန်စံသည်မှစ၍ ငါတို့မြတ်စွာဘုရား ပွင့်သည့်တိုင်အောင် (ဘုရား ဟူသောစကား/တရား ဟူသော စကား/သံဃာ
ဟူသောစကားကို မကြား မသိရ၍ မိမိသမီးကို ရတနာဆင်မြန်း၍ ဘုရား/တရား/သံဃာဟူသော ဂုဏ်ကိုဟောပြောနိုင်သူရှိက သမီးကိုပေးအပ်မည်ဟူသောစိတ်အကြံဖြင့် လပြည့်/လကွယ်
ဥပုသ်နေ့တို့၌ ဗာရာဏသီပြည်၏အနီး တစ်ခုသောဆိပ်ကမ်းတွင် နေလေ၏။ ထိုအခါ ဥတ္တရလုလင် နှင့် တွေ့လျှင်မြတ်စွာဘုရားပင့်တော်မှုသည်ကို သိစေသဖြင့် သမီးနှင့်တကွ များစွာသော
ဥစ္စာတို့ကို ဥတ္တရလုလင်အား ပှုဇော်ပြီးလျှင် သရဏဂုံ/ပဉ္စသီ၌ တည်လေ၏။ ရတနာသုံးပါးကျေးဇူးဂုဏ်ကို သိကြကုန်၏။ မြတ်စွာဘုရား၏ ကျေးဇူးဂုဏ်ကိုသိပြီးဖြစ်သော ဧရာပထနဂါးမင်း
သည် မြတ်စွာဘုရား ကြွလာကြောင်းကိုဘီလူးမင်းတို့ ပြောကြားသဖြင့် ၀မ်းမြောက်ဝမ်းသာရှိ၍ မိမိနှင့်တကွ နဂါးကုဋေတစ်သိန်း/ဘီလူးသုံးထောင်ကျော်နှင့်တကွ ဧရာဝတီဆိပ်ကမ်း ဖိုးဦးတောင်
ထိပ်သို့ တစ်ပြိုင်နက် လာရောက်ကုန်၏။ (အမှာ)။ ။ထိုရောအခါ ဧရာဝတီမြစ်သည် ဧရာပထ နဂါးတို့၏ သွားလာရာလမ်းဖြစ်နေသောကြောင့် ယခုတိုင် (ဧရာဝတီမြစ်)ဟုခေါ်ဝေါ်ဟန်ရှိ၏။

ဆက်လက်ဖတ်ရှုပေးပါရန်(မျှော်........)
ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page