အခမဲ့ ဓမ္မစကူလ်း-(ပြည်) ရွာဘဲတောင်ပေါ်ကျောင်း ဗိုလ်ချူပ်လမ်း
ပြည်မြို့တွင်ဖွင့်လှစ်
နောက်ခံသမိုင်း။။။။။။ကမ္ဘာပေါ်တွင် ထေရ၀ါဒငါးနိုင်ငံရှိသည့်အနက်
သီရိလင်္ကာနိုင်ငံ၌ အားကျအတုယူဖွယ် ဗုဒ္ဓဘာသာပညာရေးစနစ်တစ်ခုရှိပါသည်။ထိုပညာရေးစနစ်မှာ
တနင်္ဂနွေနေ့တိုင်း ဘုန်းတော်ကြီးကျောင်းများတွင် ဗုဒ္ဓဘာသာသင်ခန်းစာများကို သင်ကြားပေးသော
ဓမ္မစကူလ်းစနစ်ပင်ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်များစွာကတည်းက သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်လူငယ်တို့သည်
ဓမ္မစကူလ်း ကျောင်းများတွင် လူငယ်တို့၏ နေ့စဉ်ဘ၀အတွက် အကျိုးရှိစေမည့် ဗုဒ္ဓအဆုံးအမများကိုသင်ယူခွင့်ရခဲ့ကြသည်။
ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးတွင် ဗုဒ္ဓဘာသာဝင်များသည် ဘာသာရေး။လူမှုရေး။ယဉ်ကျေးမှုဆိုင်ရာ
စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ဘာသာရေး။သာသနာရေးနှင့်ဆိုင်ရာ ယဉ်ကျေးမှုများကို
အခြေခံကောင်းကောင်းဖြင့် အုတ်မြစ်ချတည်ဆောက်ထားနိုင်မည့် လူငယ်မျိုးဆက်သစ်များလိုအပ်နေပါသည်။အဆိုပါလိုအပ်ချက်ကို
ဖြည့်ဆည်းနိုင်ရန် သီရိလင်္ကာနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံးလွှမ်းခြုံနေမည့် ဓမ္မစကူလ်းကျောင်းများပေါ်ပေါက်လာဖို့မဖြစ်မနေကြိုးစားရန်
အချိန်တန်နေပါပြီ ပြုပြင်ပြောင်းလဲေ/းလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေသည့်ယနေ့ မြန်မာနိုင်ငံတော်ကြီးအတွက်လည်း
ရေရျည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ဓမ္မစကူလ်းကျောင်းများက ကူညီဖော်ဆောင်ပေးကြလိမ့်မည်ဟုယုံကြည်မိပါသည်။……
အနာဂတ်မျှော်မှန်းချက်။။။။။။(က)ခေတ်မီသင်ကြားရေးစနစ်ပါဝင်သည့်
အတန်းစဉ်အလိုက် ပြဌာန်းထားသောသင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားမေးပါမည်။ဓမ္မစကူလ်းကျောင်းများ
မြန်မာနီုင်ငံအနှံ့ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓတရားတော်များကိုအခြေခံမှစ၍
လေ့လာသင်ကြားနိုင်စေရန်……………(ခ)..ဗုဒ္ဓတရားတော်များကို သိရှိနားလည်စေပြီးဘာသာတရားကိုအလေးထား
တန်ဖိုးရှိစွာချစ်ခင်မြတ်နိုးစွာဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရန်……….(ဂ)…မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ
တရားတော်များကို လက်တွေ့ဘ၀တွင် အသုံးချနိုင်သောအဆင့်မြင့်ဗုဒ္ဓဘာသာဝင်များဖြစ်လာစေရန်…..(ဃ)..ဆရာနှင့်ဒကာညီညာစွာလက်တွဲ၍
သာသနာပြုလုပ်ငန်းများလုပ်ဆောင်သွားနိုင်ရန်…..
ရည်ရွယ်ချက်။။။။။ကလေးဗဟိုပြုချဥှုးကပ်နည်း(C.C.A)ကိုအသုံးပြု၍
ကလေးများသင်ယူမှုလုပ်ငန်းတွင်တက်ကြွစွာပါဝင်လုပ်ဆောင်နိုင်ရင်း ဥာဏ်ဖွင့်စဉ်းစား။ပြဿနာဖြေရှင်းခြင်း။မေးခွန်းဖြေဆိုစေခြင်း။သိရှိလိုသည်များကို
မေးခွန်းထုတ်ခြင်း။ဆွေးနွေးခြင်း။ရှင်းပြပြောဆိုခြင်း။အများနှင့်ပှုးပေါင်းလုပ်ဆောင်တတ်စေခြင်းဖြင့်မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေပြီး။ဗုဒ္ဓ၏အဆုံးအမများကို
နားလည်သဘောပေါက်ရုံသာမက နေ့စဉ်လိုက်နာကျင့်ကြံနေထိုင်သွားတတ်စေရန်။……
ဓမ္မစကူလ်းတက်ရောက်မည့်ကလေးငယ်များသည်
တစ်ပတ်လျှင် (တနင်္ဂနွေ)နေ့တိုင်း နံနက်(၈း၀၀)နာရီ မှ (၁၀း၃၀)နာရီအထိ(၁)ရက် တစ်လလျှင်(၄)ရက်
(၁၀)လတိတိ သင်ရိုးညွှန်းတမ်းကုန်အောင်တက်ရောက်နိုင်သူဖြစ်ရပါမည်။ လက်ရှိသင်ရိုးညွှန်းတမ်းအရ
ပထမတန်း။ဒုတိယတန်း။တတိယတန်းတို့ကို တစ်တန်းလျှင်ကျောင်းသားဦးရည်(၄၀)နူန်းဖြင့်သင်ကြားပေးပါမည်။
တက်ရောက်လာကလေးသူငယ်များအတွက် ယောဂီရောင်(ပုဆိုး/ထမီ) နှင့် ပုခုံးတင်ယောဂီသဘတ်လေးများကိုလည်းလှုဒါန်းပေးပါမည်။ကျောင်းတက်သည့်ကလေးများအား
အဟာရကျွေးမွေးစေပြီး သင်ခန်းစာပါ ကဗျာများရွတ်ဆိုစေခြင်း ပုံပြင်ပြောခြင်း ဆေးရောင်ခြယ်ပုံဆွဲခြင်း
ဥာဏ်စမ်းရုပ်ပုံကားချပ်များဆက်စေခြင်းဖြင့် ပျော်ရွှင်စွာသင်ကြားပေးမည်။
ဓမ္မစကူလ်း-ပြည်၏တည်နေရာ…ပြည်မြို့။ရွာဘဲရပ်။ဗိုလ်ချုပ်လမ်း။ရွာဘဲတောင်ပေါ်ကျောင်းတိုက်
ကျောင်းအပ်လက်ခံမည့်နေ့…(၂၁.၄.၂၀၁၄)
မှ (၂၅.၄.၂၀၁၄)ထိ နံနက်(၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ
ကျောင်းဖွင့်မည့်နေ့…(၃.၅.၂၀၁၄) စနေနေ့(၁၃၇၆
ခုနှစ်) ကဆုန်လ္ဆန်း(၅)ရက်နေ့
အခမဲ့(အခမဲ့)သင်ကြားပေးသောသင်တန်းဖြစ်ပါသည်။
အပတ်စဉ်အဟာရဒါနပြုလိုသူများဆက်သွယ်လှူဒါန်းနိုင်ပါသည်။ အဆိုပါဓမ္မစကူလ်း-ပြည် အဖွဲ့သို့အသင်းဝင်လိုပါကလည်းပါဝင်နိုင်ပါတယ်
ကိုယ်ရေးအကျဉ်းမှတ်တမ်းဖောင်များကိုလည်းဆက်သွယ်စုံစမ်းပြီးလာရောက်ဖြည့်စွပ်နိုင်ပါတယ်
အသင်းဝင်များအနေဖြင့် တစ်လလျှင်လစဉ်ရန်ပုံငွေ (၁၀၀၀ိ/ကျပ်)တစ်ထောင်ကျပ် ထည့်ဝင်ရမှာဖြစ်ပါတယ်။ ဓမ္မစကူလ်း-ပြည် ဆိုဒ်လိပ်စာ(https://www.facebook.com/dhammaschoolpyay)
ဆက်သွယ်ရန်။ ။095310834 / 095312774 / 09423745103 တို့ကိုဆက်သွယ်နိုင်ပါတယ်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment