Sunday, April 20, 2014

ဦးဝင်းတင်ကျန်းမာရေးအတွက် ရွှေတောင်တွင် ဆုတောင်းပွဲလုပ်

Leave a Comment
ရေခဲ(ပြည်)



ရွှေတောင်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင် ကျန်းမာရေး ကောင်းရန်နှင့် သက်တော်ရာကျော်ရှည်စေလိုကြောင်း ပဲခူးတိုင်း ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်- ရန်ကုန် လမ်းရှိ အောင်မင်းခေါင်စေတီတွင် ဧပြီလ ၂၀ရက်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀က ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု ဆုတောင်းပွဲတွင် ပါဝင်သူ ဦးမင်းမော်က ပြောသည်။



"အဘဦးဝင်းတင် တန်ဘိုးကြီးတဲ့ သတင်းစာဆရာ တစ်ယောက်လည်း ဖြစ်တယ်။ ဘဝကို နိုင်ငံရေးထဲမှာ စတေးခံခဲ့တယ်။ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးကို ဆောင်ရွက်တဲ့ လူတစ်ယောက် ဆုံးရှုံးသွားမှာကို အရမ်းစိုးရိမ်တဲ့အတွက် အခုလို ဆုတောင်းပွဲ လုပ်ရတာပါ"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမင်းဇော်က ပြောသည်။



သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး ကောင်းမွန်လာကာ အသက်ရာကျော်ရှည်စေရန် ဧပြီလ ၂၀ရက် နံနက် ၉နာရီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် အောင်မင်းခေါင်စေတီတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကာ ဆုကောင်း မေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြသည်။



ထို့အပြင် ဦးဝင်းတင် အသက် ၈၆နှစ်ပြည့် အထိန်းအမှတ် မင်းခေါင်စေတီတော်တွင် အလှူငွေ ၈၆၀၀ကျပ် လှူဒါန်းခဲ့သေးသည်။



ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေသည် ယနေ့(ဧပြီလ ၂၀ရက်) ညနေအထိ ကျောက်ကပ်ဆေး ကုသမှု သုံးကြိမ်တိုင် ပြုလုပ်နေရသည်။



ဦးဝင်းတင်ကျန်းမာရေးအတွက် ရန်ကုန်တွင်လည်း ဧပြီလ ၂ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် အဖွဲ့အစည်းအချို့က ပူးပေါင်းကာ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သေးသည်။

0 comments:

Post a Comment

Facebook Like Page