Monday, December 23, 2013

“အ.ထ.က ဥသျှစ်ပင် ကျောင်းသား /သူ ဟောင်းများ (၁၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ”

Leave a Comment


“အ.ထ.က ဥသျှစ်ပင် ကျောင်းသား /သူ ဟောင်းများ
(၁၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ”

သူငယ်ချင်းတို့ရေ...
တို့တွေ ပညာနို့ချို သောက်သုံးခဲ့တဲ့ ကျောင်းတော်ကြီးမှာလေ
တို့တွေ တက်ခဲ့ရတဲ့ စာသင်ဆောင်တွေ အိုဟောင်းပြိုလဲလို့ အသစ်အသစ်သော ကျောင်းဆောင်တွေနဲ့ အစားထိုးလို့ ကျောင်းတော်ကြီးဟာ လှပ၀င့်ထည်လို့ပေါ့
လောကမှာလေ ....
အဟောင်းနေရာမှာ အသစ်တွေ အစားထိုးဝင်ရောက်လို့
တင့်တယ်လှပတဲ့အရာတွေ ရှိကောင်းရှိပေမယ့်
အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ လည်းရှိနေပါတယ်..
တို့တွေ ငယ်စဉ်ကျောင်းသားဘ၀က
ပျိုမြစ်နုနယ် တက်ကြွစွာနဲ့
တို့တွေကို ဆုံးမသွန်သင် ပဲ့ပြင်ခဲ့တဲ့
ဆရာတွေလေ
ငါတို့ရဲ့ မြတ်ဆရာတွေလေ...
ရှောင်လွှဲလို့မရတဲ့ လောကဓမ္မတာအတိုင်း
ပျိုမြစ်ခြင်းတွေ ပျောက်ဆုံးလို့ ..
ယိုင်လုလု ချိနဲ့နဲ့ခြေလှမ်းတွေနဲ့ ဇရာတွေဖုံးလွှမ်းခဲ့ပြီလေ...
တို့တွေရဲ့ ဆရာကြီးတစ်ယောက်ကပြောဖူးတယ်
သူတို့အတွက်တော့
တပည့်တွေက လက်အုပ်လေးတွေချီလို ဆရာလို့ခေါ်လိုက်တဲ့ အသံက
ဘယ်အရာနဲ့မှ မတူတဲ့ အားဆေးတစ်ခွက်ပါပဲတဲ့

အခုဆိုရင်
နှစ်စဉ် ကျင်းပလာတဲ့ ပူဇော်ပွဲက (၁၄)ကြိမ်တိုင်ခဲ့ပါပြီ
အဲဒီ (၁၄)ကြိမ်အတွင်းလေးမှာပဲ ...
တစ်ဖြုတ်ဖြုတ်နဲ့ ကွယ်ပျောက်ကုန်တဲ့
တို့တွေရဲ့ ဆရာကြီး ဆရာမကြီးတွေနဲ့ သူငယ်ချင်းတွေ လည်း
မနည်းတော့ပါဘူး သူငယ်ချင်းတို့ရေ...
ဒါကြောင့်မို့လေ..
ကျန်ရှိနေသေးတဲ့
အိုမင်းနေပြီဖြစ်တဲ့
ငါတို့ရဲ့ ဆရာတွေ ကိုပူဇော်ကန်တော့ရင်း
ဝေးကွာနေကြတဲ့ ငယ်သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြဖို့
(၁၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို
လာဖြစ်အောင် လှမ်းလာခဲ့ပါသူငယ်ချင်းတို့ရေ...

28.12.2013 စနေနေ့
နံနက် (၈း၀၀) နာရီ
ရွှေပင်ရတနာခန်းမ

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page