Tuesday, October 8, 2013

---- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ----( အပိုင်း ၉ ) ( ငါလိုယောင်္ကျား ပြဿဒါးမရှိ )

Leave a Comment


---- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ----( အပိုင်း ၉ )
@@@@@@@@@@@@@@@@@@@@@@@@@

ယခုရေးသားသည့် အပိုင်း ၉ တွင်ပါလာမည့် ဇာတ်ကောင် မောင်
ဝဏ( ခ ) စောခ ကြို့ ပင်ကောက် ဇာတိ ထွန်းမင်းအောင် အောင်လံ ဇာတိ
ဝေယံဟိန်းကျော် လက်ပတန်းဇာတိ တို့ သည် ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ၀တ္ထု (ပြဇာတ်) ၏ ဇာတ်ကောင် သက်မောင်ဦး (အမည်ရင်း)
ကျော်ဇင်ထွဋ် ကြို့ ပင်ကောက် ဇာတိ တို့ သည် ပြည်မြို့  G T C ကျောင်းတွင် အတူကျောင်းတက်ခဲ့ကြပြီး အရင်းနှီးဆုံးသူငယ်ချင်း အတူ
နေ အတူသွား အတူစား အတူအိပ် သွားအတူ လာအတူ နေခဲ့ကြသည့် သူ
ငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ ဖြစ်ကြပါသည် သို့ ဖြစ်ပါ၍ ယခုအပိုင်း ၉
တွင် ၄င်းတို့ ၏ အခန်းပါရှိလာ၍ ကြိုတင်အစီရင်ခံတင်ပြအပ်ပါသည်

ကျောင်းတွင် ခြေသွက်လက်ဖြင့်ရှေ့ဆုံးက ခင်စပယ်တို့ အဖွဲ့ ကသွားနှ
င့် ပြီ မိန်းကလေးတွေ ဒါမျိုးတော့ အားကိုးရသည် ကိုတိုင်းကြည်ဖို့ မလို အတွေးမဆုံးလိုက် ဘသားချောများရောက်လာလေပြီ ဘသားချောဆိုတာ
ပေတေတေ ဂျစ်ကန်ကန် လူသိများသည့် ကျွန်တော်တို့  အဖွဲ့ ကို ဆိုတာပါ
ကျွန်တော်တို့ မှာ အရင်းနှီးဆုံးသူငယ်ချင်းများ ၁၀ ယောက်ခန့် ရှိပါတယ်

ဟေ့ မင်းက ငါတို့ လည်းရှောင်နေတယ် ပျော်နေတာပေါ့ ဟင်း ခင်စပယ် အနားဘဲကပ်နေ လာလေ တို့ လည်း စာမေးပွဲဖြေခွင့်ပါမပါကြည့်ရအောင်
ဟု ၀ဏ ကပြောလေသည်

ဟာကွာအလုပ်ရှုပ်ခံလို လာသူတို့ လာရင်သိရမှာဘဲဟာကို မိတ်ဆွေကြီး မှာစားရင်းသောက်ရင်းစောင့်မယ်ကွာလား ဟုဝေယံဟိန်းကျော်
မှဆိုလေသည် အားလုံးက ငိုခြင်ရဲ့ လက်တိုံဖြစ်သွားသူတွေ ခေါင်းကိုယ်စီ
ညိမ်လိုက်ကြပြီး မိတ်ဆွေကြီး သို့ ဝင်ကြလေသည်

ကဲမှာကွာ ဖြစ်ခြင်တာဖြစ် မောင်ဘချစ် ဘဲ နောင်ခါလာနောင်ခါဈေး
လောလောဆယ် ဗိုက်ဖြည့်လိုက်ရအောင် စာနေပြီကွ ဟုပြောရင်း ထွန်းလင်းအောင်( ဂျိုကာ)ကဆိုလေသည်

ပြောရင်းဆိုရင်းနဲ့ မှာပြီးစားကြရာ တက်ညီလက်ရှိလှပေသည် ခဏအတွင်း
စားပွဲပေါ် ပုဂံ များပုံသွားလေသည် မိတ်ဆွေကြီး စားသောက်ဆိုင် ကဖီးသည်
ကျွန်တော် ဒဏ်ခံရတဲ့အထဲမှာ ဒီဆိုင်လည်းပါလေသည် တခါတလေ တ၀တ
ပြဲစားပြီး ပိုက်ဆံ မပေးဘဲထားခဲ့လေသည် ဘာမှမမြော လုပ်ကြပါကွာ ဟုပြော ယုံမှတပါးဘာမှမပြောရှာ စားသောက်ပြီး ညစားဖို့ ယူသွားတတ်လေ
သည် ကဲ စားသောက်လို့ ကလည်းကောင်း ဟိုဟာမတွေလည်းမလာသေးပ
လားဟု ထွန်းမင်းအောင် ကဆိုလေသည်

ဟောဟိုမှာလာပြီဟေ့ ငါတော့ ရင်တွေခုံလာပြီဟေ့ အင်းကြည့်ရတာ မျက်
နှာသိပ်မကောင်းကြဘူးကွ အခြေအနေမကောင်းဘူးထင်တယ် ဘယ်သူများ
စာမေးပွဲဖြေခွင့်မရလည်းမသိဘူး ဝေယံဟိန်းကျော် ကညီးတွာရင်ပြောလေ
သည်

လာဟေ့ထိုင်ကြ ဟု အေးကျော်မှ လှမ်းခေါ်ရင်း ထိုင်ခိုင်းလေသည်
ဘာဖြစ်လာကြတာလည်းဟ နင်တို့ မျက်နှာတွေက အီးမှန်ထားတဲ့မျက်နှာနဲ့ 
နင်တို့ ကြည့်ရတာ စိတ်မချမ်းသာလိုက်တာဟာ မြန်မြန်ပြောဟာ ဘယ်သူ
တွေ ဘာဖြစ်ကုန်ပြီးလည်းဟု မေးလေသည်
ကဲနော်မှပြော ကြနင်တို့ လည်း စာနေကြပြီး တခုခုစားလိုက်ဦး ငါတို့ 
တော့စွဲပြီးပြီ နင်တို့ စောင့်နေတာဟ ကဲပြောပါဦး ၀မ်းနဲရမှာလား ၀မ်းသာရ
မှာလာ မိသိမ်းကြည့်ဟု ဇာတ်လေသံဖြင့် ရဲသီဟစိုး (ပေါင်တလည် မြေက်
ခွေးရဲရွာ)ကပြောလေသည်

နင်တို့ မျက်နှာတွေကြည့်ပြီး အံ့သြပ ကိုယ့်ကိုကိုယ်ဘာဖြစ်လို့ ဘာမှန်မ
သိပျော်နေကြတာ ငါတို့ မှတော့ သောကမီးတွေတောက်လို့ နင်တို့ ကစားလိုက်သောက်လိုက်နဲ့ ပျော်နေကြ ကဲနင်ဘဲပြောပြလိုက် မိစပယ် ဟု အိထွေးမွန် ကံမ သူကဆို
လေသည်

မျက်ရည်တွေကြနေတဲ့ ခင်စပယ် ကိုကြည့်ပြီး အားလုံးပါးစပ်အဟောင်း
သားနဲ့ ဘယ်သူမှဘာမှမမေးဖြစ် မင်တက်မိနေကြသည် အားလုံးသိနေပြီ
ဝမ်းနဲစရာ ကြေကွဲစရာ တယောက်ယောက် ဒါမှမဟုတ် သူတို့ တွေ စာမေးပွဲ
ဖြေဆိုခွင့်မပါတာတော့သေခြာပြီ ဘယ်နှစ်ယောက်လည်းဆိုတာဘဲမေးရမေး
ရတော့မည် သေခြာတာကတော့ ငါမပါတာဖြစ်နိုင်တယ် ခင်စပယ် မျက်ရည်
ကျပုံကြည့်ရတာ မျက်ရည်တွေကြားက သူကိုကြည့်နေတာ သက်မောင်ဦး သိ
နေသည် နင်အလိုငိုနေလို့ ငါတို့ ဘာသိမှာလည်း နင့်တိုထည်ကတယောက်
ယောက်ကပြောမှပေါ့ဟ ဒါမှငါတို့ သိရမှာပေါ့ ဟု သက်မောင်ဦး ကပြောလေ
သည်

ကဲပါဟာ သူမပြောနိုင်ဘူးဟ ငါဘဲပြောပြမယ် နင်တို့ သူငယ်ချင်းတွေထဲ
က ခုနှစ်ယောက် ( ၇ ) တောင်ဟ နင်တို့ တဖွဲ့ လုံးမှာ သုံးယောက်ဘဲ ဖြေခွင့်
ရတယ်ဟ ငါလည်ဝမ်းနဲတယ်ဟာ ဘာပြောရမှန်းကိုမသိတော့ဘူး နင်တို့ က
မိုက်လွန်းတယ်ဟာ

သေခြာတာကတော့ စာမေးပွဲဖြေဆိုခွင့်မရတဲ့အထဲမှာ သက်မောင်ဦး
ရယ် ထွန်းမင်းအောင် ရယ် ငါရယ်ကတော့ အသေအခြာပါမှာဟု ဝေယံဟိန်း
ကျော် မှပြောလေသည်

သက်မောင်ဦး နင်လေ ------------- မျက်ရည်တွေကျလာလေပြီး ခင်စ
ပယ် စကားမပြောနိုင်တော့ပြီ ရှိုက်ကြီးတငင်ငိုနေလေသည် ငါတို့ မျှော်
လင့်ခဲ့တဲ့ ပညာလမင်း ထိန်ထိန်လင်းမှ ရွာပြန်မယ်ဆို ရည်မှန်ချက်တွေ ပြည်
မှ ရွာကိုခြေခြမယ်ဆို နင်ပြောနေကြလေမှတ်မိလားဟင် အိမ်အပြန်လမ်းမှာ
ရွာကိုဝင်ရင် ဘွဲ့ ဝတ်စုံဝတ်ပြီး ခါးကော့ ရင်မော့ပြီး ကျွန်တော် ဘွဲ့ ရ ပညာတတ် ကြီး သက်မောင်ဦး ပြန်လာပြီးဗျို့ လို့ အော်ဝင်မှာဆို နင်ပြောစ
ကားတွေ ခုတော့ ခုတော့ - - - - -ငိုပြန်ပြီး မျက်ရည်တွေက တသွင်သွင်
ပါးပြင်မှာ ဧရာဝတီမြစ်ငယ်တခုစီးဆင်းနေသလိုပလား ခင်စပယ် ရယ်ဟု
သက်မောင်ဦးတွေးနေမိသည်

ကဲဆိုင်ထဲမှာမကောင်းဘူးဟ အပြင်သွားကြရအောင် ငါတို့ လည်း ခံစားရပါ
တယ်ဟာ သူငယ်ချင်းတွေနဲ့ ဝေးရပြီဆိုတာ သိနေလို့  ဆက်မပြောတော့ ရဲ
သီဟစိုး တယောက် ၀မ်းနဲစွာဖြင့် ဆိုင်အတွင်းမှ လေးလံသောခြေလှမ်းတွေနဲ့ ထွက်ခွါသွားလေသည် သူငယ်
ချင်းတွေ အလျှိုလျှို လမ်းခွဲထွက်သွားမိကြသည်

ကဲသွားရအောင်လေဟု တိုးတိုးလေး ခင်စပယ် ကိုခေါ်လေသည် သက်မောင်ဦး ခေါ်သာခေါ်ရတယ် ကိုယ်တိုင်က ခွန်အားတွေမရှိတော့ ခြေ
လက်တွေမသယ်ခြင်တော့ ငိုရလွန်းလို့  မျက်နှာတပြင်လုံးရနြေပြီ မျက်ခုံတွေ
မို့ နေပြီ သူကိုကြည့်ပြီး ရင်ထဲမှာ ဆူးနစ်စွာခံစားရသည် ငါမိုက်ခဲ့လေပြီ အ
မိုက်တရားသိခဲ့ပါလည်း အချိန်နှောင်းသွားပေါ့ ခင်စပယ် ရေ့  ဟု နှုတ်မှ ရေ
ရွှတ်မိလေသည် ခင်စပယ် သူလက်ကိုကိုင်ပြီး မောင် ဟု တီးတိုးခေါ်
လေသည် မောင် မငိုနဲ့ နော် အတူတူလမ်းလျှောက်ထွက်လာမိသည်
ခင်စပယ် လက်ကိုဒီတခါတော့ သက်မောင်ဦး လှမ်းကိုင်ပြီး မျက်ရည်တွေကိုသုတ်ပေးမိလေသည် ခင်စပယ် မျက်တောင်လေး စင်းပြီး
ငြိမ်းနေလေသည် ငါလည်းဝမ်းနဲပါတယ်ဟာ နင်ကိုမခွဲနိုင်ပါဘူးဟု ပြောရင်း
စကားမပြောနိုင်တော့ မောင် မငိုနဲ့ လေ ယောင်္ကျားလေ မေ့မသွားနဲ့ 
မောင် မောင့်ကိုယ်စား ခင်စပယ် ငို ပါရစေ မောင် ရယ် မောင် ၀မ်းမ
နဲပါနဲ့ ဖြေပါ မောင် ရယ် ခင်စပယ် ကိုတိုင်းဝမ်းနဲ ကြေကွဲရပေမဲ့ ယောက်ျား
တယောက်မှာ ရည်မှန်းချက်ပန်းတိုင်ဟာတခုတည်းရှိတာမဟုတ်ဘူုး မောင်
ရဲစွမ်းသတ္တိရှိတဲ့ ယောင်္ကျား မခံခြင်စိတ်ရှိတဲ့ ယောင်္ကျား ရှေ့ ကို အမြဲမျှော်
ကြည့်တဲ့ယောင်္ကျား မောင် ကြားဖူးပါတယ် ယောင်္ကျား တခွန် လူရည် ချွန်
ကောင်းကင်တမွတ် ကြယ်ကိုစွတ်က မလွှတ်စတမ်းရမြဲလမ်းတည်းတဲ့ မောင် ရဲ့  မောင် ကိုခွန်အားတွေ ရှိအောင်သာပြောနေရတယ် ရင်ထဲမှာပူလောင်လှသည် အော် မောင် ရယ် အပူရုပ်ကိုဟန်လုပ်ပြုံးနေရတာ မောင် သိပါလေစ မောင်

စာမေးပွဲဖြေခွင့်မရလို့ အဖေအမေတို့ သနားတာကလွှဲလို့  မောင် စိတ်
ဓါတ်မကြပါဘူး ကွာ ယောင်္ကျားဆိုတာ ကျဆုံးရင်လည်း ပြုံးနိုင်ရမယ် အော
င်မြင်ရင်လည်းခံနိုင်ရမယ် လူဆိုတာ နှိမ်ကြနေတဲ့အချိန်မှာ အပေါ်ကို မေါ့ 
ကြည့်တတ်ပေမဲ့ အောင်မြင်တဲ့အချိန်မှာ အောက်ကို ငုံ့  မကြည်တတ်ကြဘူး
လေ လူသဘာဝကိုက စက်ဘီးစီးသူက လမ်းလျှောက်သူကိုအထင်သေး ကားစီးသူက စက်ဘီးစီးသူကိုအထင်သေး မျက်မှန်တတ်ပြီး လူတွေကို မသဲမ
ကွဲကြည့်တဲ့ထည်မှာ မောင် မပါဘူးကွ သိလား

ဝမ်းသာတယ်ဟာ ခုလိုစကားမျိုးကြားရတော့ နင်အတွက် တမျိုးတော့
စိတ်အေးရတာပေါ့ ဒါနဲ့ မောင် အိမ်ကိုဘယ်လိုပြောမလည်းဟင် ငါတော့ နင့်
အတွက်နဲ့ အိမ်တောင် ဖုန်းမဆက်ရဲတော့ဘူးဟ ဘယ်လိုပြောရင်ကောင်းမ
လည်းဟင်

ခုလောလောဆဲတော့ အဖေအမေတို့ ကိုအမှန်အတိုင်းပြောလို့ မရသေးဘူး
ဟ နင်လည်း ဖုန်းဆက်ရင်မပြောနဲ့ ဦး အားလုံကို ဖုံးကွယ်ထားမှဖြစ်မှာ ခုချ
က်ခြင်းပြောလိုက်ရင် ၀မ်းနဲပက်လက်ဖြစ်ပြီး အမေ လဲမှာဟ နောက်မှ ကြည့်
လုပ်တာပေါ့ဟာ ခုတော့ နင်လည်း ငါပြောသလိုအလိုက်သင့် လုပ်ထားပေး
ဟာ ငါအချိန်ယူပြီး ဘယ်လိုလုပ်ရင်ကောင်းမလည်းစင်းစားလိုက်ဦးမယ်ဟု
ပြောရင်း ခင်စပယ် ကိုလုံးလေးအားရင်ခွင်ထဲစွဲလဲလိုက်သည် ခင်စပယ် ကို
လုံးလေသည် ကြာရိုး ကြာနွယ်လို ပျော့ပြောင်နွဲ့ ကာ အလိုက်သင့်ပါလာ
လေသည် ပြီးတော့ နဖူးလေးကိုဖွဖွလေးနမ်းမိလေသည် ခင်စပယ် မလှုပ်
ငို ထားလို့ မောဟိုက်နေတာတွေ အမောပြေသွားပြီးထင် သက်ပြင်းကို မျှင်
မျှင်လေခြလို့  မျက်စေ့ကို မှေးမှေးလေးဖွင့်ပြီး သက်မောင်ဦး မျယ်နှာကို
စိမ့်စိမ့်ကြည့်နေလေသည် ခင်စပယ် အကြည့်က စစ်သည်လေးတယောက်
က စစ်သူကြီးတယောက်ကိုကြည့်တဲ့အားကိုးတဲ့အကြည့် ယုံကြည်တဲ့အကြည့်
ပြီးတော့ မောင် ရယ် ဆိုပြီး သက်မောင်ဦး ရင်ခွန်းထဲမှေးစက် အိပ်မောကြသွားလေးသည်==

အပိုင်း ၁၀ ဆက်လက်ဖေါ်ပြပါမည်

( ငါလိုယောင်္ကျား ပြဿဒါးမရှိ )

ဓည၀တီ စိုးပိုင်

0 comments:

Post a Comment

Facebook Like Page