Friday, October 4, 2013

ရထားလမ်ကူးတွင်တာဝန်ကျမီးရထားဝန်ထမ်းမရှိ၍ရထားလမ်းဖြတ်ကူးသူများ ယာဉ်အန္တရာယ်စိုးရိမ်ရ

Leave a Comment


ရထားလမ်ကူးတွင်တာဝန်ကျမီးရထားဝန်ထမ်းမရှိ၍ရထားလမ်းဖြတ်ကူးသူများ
ယာဉ်အန္တရာယ်စိုးရိမ်ရ

ပြည်မြို့မြောက်စောင်းတန်းလမ်းတွင် ၁၁း၄၀ အချိန်ခန့်က
မြို့သစ်ဘက်မှမြို့ထဲပြည်ဘူတာကြီးဘက်သို့မောင်းနှင်လာသော
ကားရထားကိုပုံတွင်တွေ့မြင်ရပါသည်။
ထိုသို့ကားရထားဖြတ်သွားချိန်တွင်ရထား၏ဘယ်/ညာဘက်
မှလာသောဆိုင်ကယ် ၊ကား ၊စက်ဘီးတို့ကိုတားဆီးရန်တံခါးပြု
လုပ်ထားသည်ကိုပြည်သူများသိရှိပြီးဖြစ်ပါသည်။ထိုအပြင်ယာဉ်
များဖြတ်သွား၊ဖြတ်လာမပြုလုပ်ရန် မီးရထားဝန်ထမ်းများကိုအ
လှည့်ကျချထားပါသည်။သို့ပါသော်လည်းယနေ့ ၂.၉.၂၀၁၃ ရက်
နေ့ နေ့လည် ၁၁း၄၀ အချိန်ကားရထားဖြတ်ချိန်တွင်တံခါးပိတ်မ
ထားခြင်း ၊တာဝန်ကျမီးရထားဝန်ထမ်းကိုမတွေ့ရပါ။ထိုကြောင့်ကား
ရထားဖြတ်ကူးရာတွင်အများပြည်သူများအန္တရာယ်ရှိနိုင်ပါသဖြင့်မီး
ရထားဝန်ကြီးဌာနမှကြီးကြပ်ပေးပါရန်အပြုသဘောဆောင်ကာတင်
ပြလိုက်ပါသည်။

ပြည့်သဲမောင် (ပြည်)

0 comments:

Post a Comment

Facebook Like Page