----- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ----( အပိုင်း ၈ )
@@@@@@@@@@@@@@@@@@@@@@@@@
သက်မောင်ဦး တယောက်ညကအတွေးလွန်ပြီးအိပ်မပျော်ခဲ့ ကိုယ့်ဝမ်းနာကိုသာသိ ကျောင်းပျက်ချိန်တွေများလို့ စာမေါ်ပွဲအချိန်နီးလာတော့ စာမေးပွဲဖြေခွင့်မရမှာကို လန့် နေမိသည် စာမေးပွဲသာဖြေခွင့်မရခဲ့ရင်
ပင်ပန်ဆင်းရဲစွာ မိမိကိုကျောင်းထားပေးတဲ့ မိဘနှစ်ပါးကိုသနားမိသည်
အမှန်သာစာရင်းထွက်လာရင် စာမေးပွဲဖြေခွင့်မရဖို့ ကများသည် G
T C ကျောင်းမှာက သတ်မှတ်ကျောင်းခေါ်ချိန်မပြည့်လျှင်စာမေးပွဲဖြေဆိုခွင့်
မရ ကိုယ်တိုင်ကလည်း ကျောင်းပျက်ချိန်တွေများနေတော့ စိုးရိမ်နေမိသည်
ခု မနက် ၇ နာရီထိုးနေလေပြီ ခင်စပယ်တို့ စားနေကြဆိုင်မှာစောင့်နေ
လောက်ပြီ အင်းတွေ့ ရင် ပြသနာရှာတော့မည် မြန်မြန်လစ်မှ
သားရေ ဟေ့သား ဟမင်းခုမှအိပ်ယာနိုးသလား အဖေတောင်ယောက်
လာပြီ ငါ့သားနယ် မင်းအိပ်လှကြည့်လားကွ အေးလေ ညကစာတွေ ကျက်ပြီး ပင်ပန်းပြီးအိပ်တာပေါ့ဟုတ်လား ဖခင်ဖြစ်သူ မမျှော်လင့်ဘဲရောက်လာ၍ ကြောင်ကြည့်နေမိသည် အံ့သြမိသည် ဟ ငါ့သား
မျက်နှာက ဘာဖြစ်နေတာလည်း အဖေမမျှော်လင့်ဘဲ ရောက်လာလို့ အံ့သြ
နေတာလား အေးဟေ့ မခင်မြင့် လေ သူသမီးစားဖို့ အကြော်အလျှော်တွေနဲ့  ပိုက်ဆံပို့ ခိုင်းလို့ ကွာ အဖေလည်း
သားတွေ့ ခြင်တာနဲ့  သွားပို့ မေးမယ်ဆိုပြီးထွက်လာတာ ဒါနဲ့ ငါ့သား သား
တို့ စာမေးပွဲဖြေခွင့်ကသိရပြီးလားသားရဲ့  အဖေဖြင့် သားစာမေးပွဲအောင်ရင်
ရွာမှာ ကြက်သားနဲ့ ဗူးသီး ချက်ကြွေးမယ်ကွာ ဘယ်လိုလည်းငါ့သား သဘော
ကြလားသား
ဖခင်၏ စကားအဆုံးတွင် သက်မောင်ဦး သက်ပြင်းခိုး၍ မသိမသာ
ခြမိသည် ဘာတွေဖြစ်လာမယ်မသိ တွေးပြီးစိတ်ပူနေတာကလွှဲလို့ ဘာမှမပြောတတ်တော့ အော် အဖေ ညအိပ်ပြီးမှ ပြန်ပေါ့ မနက်ကြမှ ပြန်ပေါ့ ရောက်တုံးပေါက်
တုံး ပြည်မြို့ ကို သား ဘုရားဖူးလိုက်ပို့ မယ်လေ အဖေ့ ပြောသာပြောရတ
ယ် ဒီနေ့ စာမေးပွဲဖြေဆိုခွင့်ထွက်မဲ့နေ့  စာမေးပွဲဖြေဆိုခွင့်ထွက်လို့ စာမေးပွဲ
ဖြေခွင့်မပါရင် ဒုက္ခ သားအဖ ခြင်း စကားအရသာတားရတာ အဖေရှိမနေ
စေခြင် ဘာဘဲပြောပြော ဖြေဆိုခွင့်မရခဲ့ရင်လည်း အဖေအမေ တို့ ကို
အေးအေး ဆေးဆေး မှရှင်းပြရမည် ဖြေသိပ့်ပေးရမည် ကိုယ့်ကိုကိုယ်လည်
နောင်တတွေရမိသည် အဖေရိပ်မိမှာဆိုး၍ ကိုယ့်ကိုကိုယ် မျက်နှာမပျက်
အောင်မနဲထိမ်းနေရသည်
သားရ သားပြောသလို အဖေလည်း စာမေးပွဲဖြေခွင့်ကိုသိခြင်သားကွ
ဒါပေမဲ့ မဖြစ်ဘူးသားရဲ့  မင်းအမေတယောက်ထဲ နွားတွေနဲ့  ယာနဲ့ အဖေပြန်
မှဖြစ်မှာပါကွာ သားဘာသာ သိရပြီဆိုရင်ဖုန်းဆက်လိုက်ကွာ ဖုန်းဆက်လည်း
အတူတူပါဘဲသားရယ် မခင်မြင့် ကလည်း ပို့ ပြီးပြန်လာပါတဲ့ သူသမီးအကြောင်းသိခြင်လို့ တဲ့ကွာ ဒီသားအမိတွေ အဖြစ်ကိုသည်းလွန်းပါ
တယ် ပြန်ကို ပြန်မှကွ ဟို နွားရွှေ ကညင်သိပ်မကောင်းဘူးဟ ဒီကောင်က
မိန်းမသားတွေဆို ဂျစ်ကန်ကန်လုပ်ခြင်တယ်သားရ သားသာ အေးအေးဆေး
ဆေးစာကျက်ပြီး စာမေးပွဲကို စိတ်အေးလက်အေးဖြေပါသားအဖေတို့ အမေ
တို့ အတွက်ဘာမှ မပူနဲ့  အဖေပြန်သွားရင် အိမ်အလုပ်တွေကဖြစ်ပါတယ်
အော် သားစာမေးပွဲဖြေခါနည်း သောက်တာစားတာမလုပ်နဲ့  အကြောင်း ကိ
စ္စရှိလို့  ဆိုင်ကယ်တွေဘာတွေစီးရင်လည်း သတိဝိတိရနဲ့ သွးကွ အိပ်ရေးပျက်
လည်းမခံနဲ့  စာမေးပွဲကသိပ့်လိုတော့တာမဟုတ်ဘူးနော်သား
အဖေသည် မှာရလွန်းလို့ မောသွားပြီးထင် သားကိုတချက်ကြည့်ပြီး
သောက်ရေတခွက်တောင်းပြီး အားရပါးရသောက်ခြလိုက်သည် အော် အ
ဖေ ခင်စပယ် တို့ စားနေကြဆိုင်မှာ စောင့်နေလောက်ပြီ သွးရအောင်အဖေ
အော် သားပြောမှသတိရတယ် ပစ္စည်းတွေပေးရင်း သူအမေကို မှာခြင်တာမှာရတာပေါ့ကွာလားသား
ဟာအဘ ဘယ်ချိန်ဘယ်လိုယောက်လာတာလည်းအဘ စောစော
စီးစီး ကြီး မဟုတ်မှလွဲရော သားကို မိန်းမပေးစားဖို လာတာလားအဘ ဒါ
ကြောင့် သက်မောင်ဦး မျက်နှာက ဇြစ်နေတာဟင်း
မဟုတ်ပါဘူးဟာ နင်အမေက စားစရာသောက်စရာတွေပေးခိုင်းလိုက်
လို့ တဲ့  ဟော ဒီမှာ အများကြီးဘဲ ဟယ်အတော်ဘဲ စာမေးပွဲဖြေခါနည်း
အားဖြည့်ရမယ် ဟု ခင်စပယ် ကဆိုလိုက်လေသည် အော် ခင်စပယ် နင်အ
မေကမှာလိုက်သေးတယ်တဲ့ အဲ့ဒါအရေးကြီးတယ်ဟ ဘာလည်ဟင်ဟု ခင်
စပယ်မေးလိုက်လေ၏ ခုပေးလိုက်တဲ့ အကြော်အလျှော် စားစရာတွေကို သူ့ 
သမက်လောင်းလေးလည်း ကြွေးဖြစ်အောင်ကြွေးပါတဲ့
အောင်မယ် မိစပယ်တို့  ဒို့ ကို ဒိုင်လျှိုထားတာပေါ့ ဟင်းပြောပြဘ
ယ်သူလည်း ဟု မိငယ်ကပြောလေ၏
အလကားစနေတာပါဟာ ဒီကောင်စုပ် မိငယ် နင်ကလည်းသူပြောတိုင်းဥ
နှောက်မရှိယံနေနော် ခင်စပယ် ပြောလို့ အဆုံးလိုက် မိငယ် ၀င်ပါပြန်ပြီ
ဒါဆို နင်ပြောပြ သက်မောင်ဦး ဟုဆိုလေ၏
အော် သူ့ အမေက သူ့ သမက်လောင်းလေးကို သိပ့်ချစ်တာဟ အဲ့ဒီ
ကောင်လေးက ငါလည်းဟိုနေ့ ကမှတွေ့ ဘူးတာ ငါ့တောင်မိတ်ဆက်လိုက်
သေးတယ် အစ်ကိုတဲ့ ကျွန်တော့ နံမည် သက်မောင်ဦး ပါတဲ့ သက်မောင်
ဦး စကားမဆုံးလိုက် ခင်စပယ် သက်မောင်ဦး နောက်ကြောအား ထုလေ
၏
ကဲကဲ မင်းတို့ သူငယ်ချင်းတွေခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ ရတော့ဝမ်း
သာတယ်ကွာ ကဲငါ့တူမ အဘလည်း ကားမှီအောင်ပြန်ရဦးမှာ အမေကိုထူးထူး
ထွေထွေမှာစရာရှိသေးလား မရှိရင်လည်း အဘပြန်တော့မယ် သူချင်းတွေ ချစ်ချစ် ခင်ခင်နေကြ တယောက်အခက်အခဲ တယောက်က ကူညီ ကြ ဟုတ်
လား အော် သား စာကြိုးစာ ပေတေမနေနဲ့  ကုန်းဘောင်ခေတ်က ဦးပေါ်
ဦး က ဘိုးတော်ဦးဝိုင်း ကိုပြောတဲ့ ပုံပြင်လိုဖြစ်နေဦးမယ် ဦးပေါ်ဦး က ဘိုး
တော်ဦးဝိုင်း ကိုပြောလိုက်တဲ့  မပြီးဆုံးနိုင်တဲ့ ပုံပြင် ဟာ ဘုရင်ကသ
ကြလွန်းလို ဆုတော်တောင်းပေးတာကွ ကဲသွားပြီဟေ့
ဟာ အဘ အဲလိုမလုပ်နဲ့ လေ တိုးလိုတန်လန်းကြီး ဘိုးတော်ဦးဝိုင်း ကြိုက်သလို သမီးတို့ လည်းကြိုက်တယ် အဘ ပြောသွးပါဦး ဟုဝိုင်းဝန်း
စွဲကြရင်းပြောလေ၏ ခင်စပယ် မှ အဘကလည်း စောပါသေးတယ်
ပြောပြပြီးမှသွား ဟုဆိုလေ၏
အေးလေ ငါကလည်းစမိတာကိုး ပြောရတာပေါ့ ဟု အစချီ၍ ဦးဘအေး ပြန်ထိုင်လိုက်လေ၏
သက်မောင်ဦး တွေးမိလေသည် ဘာပြောပြော သူကိုသာဦးတည်မည်
ဖြစ်ကြောင်းကြိုသိနေလေ၏
ဒီလိုကွဲ့  တနေ့ သောအခါမှာ ဘိုးတော်ဦးဝိုင်း ဟာ ဗဟုသုတကြွယ်
ဝတဲ့ သူရဲ့ ငယ်ကျွန်တော် ဦးပေါ်ဦးကို စခြင်တာကတပိုင်း ဒီလိုကျဉ်းကျဉ်းကြပ်ကြပ်မေးလိုက်ရင် ပေါ်ဦးတယောက် ဘယ်လိုဒုက္ခခံစားရ
မလည်းသိခြင်တာကကြောင်း တနေ့ သော ညီလာခံမှာ ဘိုးတော်ဦးဝိုင်း မှ ဟဲ့ ငယ်ကျွန်တော် ပေါ်ဦး ငါကိုယ်တော်မြတ်ကို မပြီးဆုံးနိုင်သော ပုံ
ပြင်တပုဒ်ကို ပြောပြရမယ် ငါကိုယ်တော်ပြောခိုင်းသလိုမပြောနိုင်ရင် သင်
ဟာ မင်းပြစ်မင်းဒဏ်ကြူးလွန်သကဲ့သို့  အပြစ်ပေးခံရမယ် ကြားလား ငပေါ်
ဦး ဟုဆိုလေ၏ ဦးဘအေး မောသွားလို့ ထင် ရေနွေးကြမ်းခွက်ကိုင်လိုက်ရာ ခင်စပယ် မှ
လက်သွက်ခြေသွက်ဖြင့် အော် အဘ သမီးငှဲ့ ပေးပါမယ်ဟု ပြောကယ ရေ
နွေးကြမ်းငှဲ့ ပေးလေ၏ ဦးဘအေး ရေနွေးကြမ်းပူပူကို အားရပါးရသောက်
လိုက်ပြီး အစချီလေ၏
အဲ့ဒီမှာ ပေါ်ဦး ဟာမျက်နှာမပျက် ကြည်ကြည်လင်လင်နှင့် မှန်လှပါ အမိန့် တော်မြတ်တိုင်းပါဟုလျှောက်လေ၏ ဘိုးတော်ဦးဝိုင်း သိပ့်ဘ၀င်မ
ကြဘူးပေါ့ သူပြောခိုင်းတဲ့ ပုံပြင်ဟာ ပေါ်ဦးအကြပ်တွေ့ စိတ်သောကရောက်
မည်ဟုထင်ထားခဲ့လေသည် ခုတော့ ပေါ်ဦး ဟန်မပျက် သို့ သော်လည်း
ပေါ်ဦး သည် ပညာဗဟုသုတပြည့်စုံသူပီပီ ဟန်ဆောင်နေတာဖြစ်လိုက်မည်
အိမ်ရောက်မှဘယ်လိုသောကဖြစ်နေမလည်း ငယ်ကျွန်တယောက်ကိုလိုက်
ကြည့်ခိုင်းရမည် ညီလာခံပြီးတော့ ပေါ်ဦး ကဟန်မပျက်ထွက်သွားလေသည်
ဟင် အဘကလည်း ဘုရင်ဆိုပြီး မဖြစ်နိုင်တာခိုင်းတာတော့လွန်တာပေါ့ဟု မိငယ်က၀င်ပြောလေသည်
ဟုတ်ပ ဘယ်လိုမှမဖြစ်နိုငတာကို ငါဘုရင်ဘဲဆိုပြီးလုပ်တာတော့ လွန်
တာပေါ့ ဟု ခင်စပယ် ကဆိုပြန်လေ၏
သက်မောင်ဦး ကခင်စပယ် မျယ်နှာကြည့်ပြီး ဘုရင် တွေက ဒီလိုဘဲ ကို
ထင်ရာကိုဆိုင်းလုပ်ခြင်တာလုပ်တာဘဲလား အဖေရ
မဟုတ်သေးဘူး ကလေးတို့ ရ ဘုရင် ကပေါ်ဦး ချစ်ကလည်းချစ် စခြင်တာကကြောင်း ပေါ်ဦး ပညာ ဥာဏ် ဗဟုသုတကို သိလို့  အခြားမူးမတ်တွေရှေ့ မှာ သူ့ တပည့်ဘယ်လောက်တော်တယ်ဆိုတာပြခြင်တာလည်းပါလိုက်မယ်ကွဲ့ 
ကဲစပါဦး အဘ တော်ကြာကားနောက်နေမယ် ဟု မိငယ်ကဆိုပြန်လေ၏
ဒါနဲ့  ဘုရင် ကငယ်ကျွန်တွေကို ပေါ်ဦး ဘယ်လိုနေရှာမလည်းလို
သွားကြည့်ခိုင်းတော့ ပေါ်ဦး ကအေးအေးဆေးဆေး ဒါနဲ့ ဘဲ နော်တပတ် ညီလာခံပြန်စလေပြီပေါ့
ဘုရင် ကတွေးပြီးပြုံးတော်မူတာပေါ့ သူမေးတဲ့မေးခွန်းကိုမဖြေနိုင်လေက်
ဖူးပေါ့ ကဲ ပေါ်ဦး ငါကိုယ်တော် မိန့် မှာတဲ့ ပုံပြင် ပြောလို့ ရပြီလားဟဲ ဟု
ဘုရင် ကဆိုလေတာပေါ့
မှန်လှပါ အမိန့် တော်မြတ်တိုင်း အသင့်ဖြစ်ကြောင်းပါ ဘုရား ဟု
ပေါ်ဦး ကလျှောက်တင်လေရာ ဘိုးတော် ဦးဝိုင်း မျက်ခုံးတချက်တွန့် ပြီး ဟုတ်ရဲ့ လား ပေါ်ဦး ရယ်ဟုမိန့် လေ၏ ဒါဆိုလည်းလျှောက်တင်စမ်းပါဦးဟဲ့
ငါကိုယ်တော် ကိုဟု ဘုရင့် မိန့် လေတော့
မှန်လှပါ ဘုရင် မင်းမြတ်မိန့် ဆိုရာ မပြီးဆုံးနိုင်သော ပုံပြင် ဟာ
ဖြင့် တခုသောတိုင်းပြည်မှာ တောင်းကုန်းလေးတကုန်းရှိပါတယ် ဘုရား
အဲ့ဒီတောင်ကုန်းလေးပေါ်မှာ သစ်ပင်ကြီးတပင်ရှိပါတယ် ဘုရား အဲ့ဒီသစ်
ပင်ကြီးရဲ့ အောက်မှာ ကျောက်ခဲလေးတလုံး နဲ့  သစ်ရွက်ခြောက်လေး ရှိ
ပါတယ်ဘုရား
ဟဲ ပေါ်ဦး ငါကိုယ်တော် ပုံပြင်ပြောခိုင်းတာနော်
မှန်လှပါ ပုံပြင်ပါ ဘုရား
ကျောက်ခဲလေး နဲ့ သစ်ရွက်ခြောက်တို့  ဟာ တယောက်နဲ့ တယောက် မာနတွေတခွန်ထူလို့  ကျောက်ခဲလေးက လိမ့်ပြီး သစ်ရွက်ခြောက်ကို ဖိမိရင်လည်း သစ်ရွက်ခြောက် မင်းငါမဖိနဲ့ ဟုမာနထောင်လေသည်ဘုရာ
သစ်ရွက်ခြောက် လေအတိုက် ကျောက်ခဲလေးကိ အုပ်မိရင်လည်း မင်းငါ့မအုပ်နဲ့  ဟုမာနထောင်းပါတယ် ဘုရား တယောက်ကိုတယောက် မာနထောင်ရင် တယောက်ကတယောက်ကိုအဖိမခံ တယောက်ကတယော
က်ကို အဖုံးမခံ မနာတွေတက်နေကြောင်းပါ ဘုရား တနေ့ သောအခါမှာ
မိုးသက်မုန်းတိုင်းတွေ တိုက်ခတ်ပြီး လေကြီး မိုးမုန်းတိုင်းတွေတိုက်ရာမှာ
ကျောက်ခဲကလည်း သူကို မိုးစိုမှာစိုး၍ သစ်ရွက်ခြောက်ကို သူကိုဖုံးပါဦး
သစ်ရွက်ခြောက်ကလည်း သူကို လေတိုက်ခတ်ရာပါမသွားရအောင် ဖိပါဦး နဲ့  တယောက်ကိုတယောက်အကူအညီတောင်နေကြောင်းပါ ဘုရား ဒီလိုနဲ့  မိုးကပိုရွာ လေကပိုတိုက် တော့ တယောက်နဲ့ တယောက် ရေစိုမှာကြောက်
လေထဲလွင့်မှာကြောက်ပြီး ဖိပါဦး ဖုံးပါဦး ဖိပါဦး ဖုံးပါဦး နဲ့ ပေါ်ဦးက တောက်လျှောက် ဖိပါဦး ဖုံးပါဦး ဟု မနာမနေဆိုနေလေရာ
ဘုရင် မှ ဟဲ့ပေါ်ဦး မပြီးသေးဘူးလားကွဲ့ နင်မုန်းတိုင်တွေလေတွေက ဟုဆိုလေ၏
မှန်လှပါ လေပြင်းမုန်းတိုင်းတွေ တိုက်ခတ်နေဆဲပါဘုရား ဟုဆိုလေ၏
တော်ပါတော့ ပေါ်ဦး ရယ် နင်မုန်းတိုင်းနောက်ငါပါ ပါသွားပါဦးမယ်
ဟုဆိုကာ နန်းဆောင်နောက်ဝင်သွားလေ၏
ကောင်းလိုက်တာ အဘရယ် ဟု မိငယ်နှင့် ခင်စပယ် ကချီးကြူးလေ၏
အဖေကသားကိုဘာပြောခြင်တာလည်းအဖေရ ဟုသက်မောင်ဦး မေးလေ၏
အဖေဆိုလိုတာကသားရယ် သားပညာသင်တဲ့နေရာပါ ဦးပေါ်ဦး ဘိုး
တော်ဦါ်ဝိုင်း လျှောက်တဲ့ မပြီးဆုံးနိုင်တဲ့ ပုံပြင် မဖြစ်အောင် သားကိုစာ
ကြိုးစားစေခြင်တာပါသား တနှစ်လည်းကြ နောက်တနှစ်လည်းကြမဖြစ်
အောင်ကြိုးစားပါသားရယ် သားပေတေနေရင် ဟဲဒီကျောင်းတော်ကြီးမှာ
ဦးပေါ်ဦး ရု့ မပြီးဆုံးနိုင်တဲ့ပုံပြင်မသွားအောင်ပေါ့သားရယ် ကဲ အဘ ပြန်မယ် လိမ်လိမ်မာမာနေကြ ဟုပြောပြီး သက်မောင်ဦး ကြိုတင် ငှါးထားသော ဆိုင်ကယ်ဖြင့် ပြည်မြို့ ကားကြီး ၀န်းသို့ ထွက်သွာလေ၏
ကဲသက်မောင်ဦး အဘ ပြောသွားတာဘယ်လောက်ပညာပါလည်းကြည့်
စမ်း နင်ကိုပညာသားပါပါပြောသွားဆုံးမသွားတာဟ နင်တော့မသိဘူး ငါတို့ တော့ သက်ကြီးစကား သက်ငယ်ကြား ပညာတွေအများကြီးရလိုက်ပြီ
ကဲပါ နင်တို့ ရကြ လာကျောင်းဘက်သွားကြရအောင်လေ--------------
အပိုင်း ၉ မျှော်ပါ ဆက်လက်တင်ပြပါမည်
( ငါလိုယောင်္ကျား ပြဿဒါးမရှိ )
ဓည၀တီ စိုးပိုင်

0 comments:
Post a Comment