Wednesday, October 9, 2013

ဖိုးဦးတောင်လမ်းမကြီးဖောက်လုပ်လှုဒါန်းသူ ဦးခိုင်အောင်ကျော် နှင့် ပြည်သတင်းတွေ့ဆုံမေးမြန်းခဲ့

Leave a Comment


ဖိုးဦးတောင်လမ်းမကြီးဖောက်လုပ်လှုဒါန်းသူ ဦးခိုင်အောင်ကျော် နှင့် ပြည်သတင်းတွေ့ဆုံမေးမြန်းခဲ့
**************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပန်းတောင်မြို့ ရွှေဘုံသာဘုရားတောင်ခြေမှ စ၍ ဖိုဦးတောင် တောင်ခြေအလယ်မကြီးအထိ တောင်တက်ကားလမ်းများ ဖောက်လုပ်ပြီး ထက်မံပြုပြင်တိုးချဲ့လျှက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။
အဆိုပါ ဖိုးဦးတောင် တောင်တက်လမ်းမကြီးကို ကျောက်စလစ်မြေနီလမ်းချော(ကျောက်ချော)လမ်းမကြီးအဖြစ်ဖောက်လုပ်ထားကြောင်းသိရရသည်။ အဆိုပါ လမ်းမကြီးကို ရန်ကုန်မြို့ နေထိုင်သူ ဦးခိုင်အောင်ကျော် မိသားစုမှ မတည်
ငွေများဖြင့် (၂၀၁၀)ခုနှစ်မှာအဆိုပါလမ်းမကြီးကို မတည်အလှုရှင် ရန်ကုန်မြို့မှ ဦးခိုင်အောင်ကျော် နှင့် မိသားစုများနှင့် ဒေသဆိုင်ရာ သြ၀ါဒစရိ ဆရာတော်ကြီးများ၊မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖောက်လုပ်ခဲ့သည်။
အဆိုပါ သတင်း နှင့်ပတ်သက်၍ မတည်အလှုရှင် ရန်ကုန်မြို့မှ ဦးခိုင်အောင်ကျော် မှ ပြည်သတင်းသို့ ယခုလိုပြောကြားခဲ့ပါသည်။ ။........

အစတုန်းကတော့ ဒီဖိုးဦးတောင်ဆိုတာ မကြားဖူးခဲ့ပါဘူး ပဲခူးက ဒေးစွန်းပါ ဘုရားမှာ တံခွန်တိုင်ခဲ့ပြီး ဆရာတော်တစ်ပါးနဲ့ကြုံခဲ့ပါတယ် ဆရာတော်ရဲ့ ဘွဲ့အမည်က ဦးကုမာရ(ဓါးထိုးဆရာတော်)ပါ ကျွန်တော့ကို ဖိုးဦးတောင်လာဖို့ဖိတ်ခေါ်တယ်
တော်တော်နဲ့မရောက်ဖြစ်ခဲ့ပါဘူး နောက်ပိုင်အတော်ကြာမှ ပုပ္ပါးတောင်က အဘဘိုးမင်းခေါင် ထွက်ပွဲအသွား ပြည်မြို့ကို ရောက်တုန်း ရွှေဆံတော်ဘုရားမှ ဘုရားဝင်ဖူးရင် ဆရာတော်နဲ့ ပြန်တွေ့ခဲ့ရတာပါ အဲမှာပဲ ဆရာတော်က ဖိုးဦးတောင်
မှာ ပဌာန်းပွဲလေးလုပ်ချင်တယ်လို့ မိန့်ပါတယ် ကျွန်တော်ကလည်းလှုပါ့မယ်လို့ ပြောပြီး သွားလိုတဲ့ ပုပ္ပါးတောင်က အဘဘိုးမင်ခေါင် ထွက်ပွဲကို သွားပြီး ရန်ကုန်ကိုပြန် အဲနောက်မှာစပြီး ဖိုးဦးတောင်မှာ ပဌာန်းပွဲကျင်းပပြုလုပ်လှုဒါန်းပြီး ဖိုးဦးတေ
ာင် ကိုရောက်တာက (၂၀၀၇)ခုနှစ်လောက်ကပါ လမ်းစဖောက်တာက (၂၀၁၀)ခုနှစ်လောက်ပါ လမ်းဖောက်လုပ်မှု့တွေမှာ အစပိုင်းမှာတော့ အနီးအနားကရွာသူ/သား တွေလာရောက်ကူညီမှုရှိခဲ့ပါတယ် နောက်ပိုင်းတော့ ဘယ်လိုဖြစ်သွားကြတယ်မသိပါ
ဘူး မလာတော့ဘူး ဒါနဲ့ကျွန်တော်လည်း အလုပ်သမား(၈)ယောက်လောက်နဲ့ တအိအိ နေ့စဉ်လမ်းများဖောက်လုပ် ပြုပြင်တိုးချဲ့ မှု့တွေလုပ်ဆောင်နေခဲ့ရပါတယ် အခုနောက်ပိုင်းတော့ ရွာသားအနည်းငယ်လောက်ပဲလာပါတယ် လုပ်အားခတော့
ပေးရတာပေါ့ ကျွန်တော်တို့ရန်ကုန်မြို့က ကျွန်တော့အသိမိတ်ဆွေတွေအားလုံးလည်း ဒီလမ်းဖောက်လုပ်မှု့အတွက် လှုဒါန်းတာတွေတော့ရှိခဲ့ပါတယ် အခုလက်ရှိအချိန်အထိ ကျွန်တော်တစ်ယောက်တည်း မတည်ငွေရောဘာရော ပေါင်းတွက်မယ်ဆို
ကျွန်တော်တစ်ယောက်တည်း လှုဒါန်းငွေစုစုပေါင်း သိန်းပေါင်း(၁၀၀၀)ကျော်ရှိနေပါပြီ အဓိကရည်ရွယ်ချက်ကတော့ ဘုရားဖူးလာ မိတ်ဆွေများ အစဉ်ပြေသွားလာနိုင်ရေး နဲ့ လမ်းဆက်သွယ်ရေးကောင်းလာတော့ လမ်းအနီးတိုင်းမှာရှိတဲ့ ကျောင်း
သား/သူ တွေပညာရေး လူမှုရေး စီးပွားရေး အပြင်ကျေးလက်ဖွံ့ဖြိုးရေးတွေပါ တိုးတက်စေချင်တဲ့ရည်ရွယ်ချက်ပါ ပြီးတော့ သရေခေတ္တရာအစ ဖိုးဦးတောင်ကလို့သမိုင်းလည်းရှိခဲံတယ်တိမ်မြုပ်နေတာတွေအများပြည်သူတွေသိစေချင်ပါတယ်
အခုနောက်ပိုင်းမှာတော့ ပန်းတောင်စည်ပင်က (၁) နှစ်ကို (၁)မိုင်နူန်းနဲ့ ကျွန်တော်တို့ခင်းပြီးသားလမ်းမကြီးပေါ်မှာပဲ ပြန်လည်ပြုပြင်မှုတွေတော့ရှိခဲပါတယ် ဒီလမ်းကြီးဖြစ်မြောက်အောင်ကြီးကြပ်ခဲ့သူ(၂)ဦးရှိပါတယ် ကိုအောင်ကြီး(ရွှေဘုံသာရွာ)
ကိုထွန်းအောင်(ပြည်မြို့)တို့ပဲဖြစ်ပါတယ် လမ်းနှင့်ပတ်သတ်ပြီးတော့ရော အခုလက်ရှိ တံတား၊လမ်း၊ရေပြွန် တွေကိုပါတည်ဆောက်လှုဒါန်းခဲ့ပြီးဖြစ်ပါတယ် နောက်ပိုင်အခုလက်ရှိ ဖိုးဦးတောင် တန်ဆောင်လျှေက်လမ်းတွေကိုလည်း အသစ်ပြန်လည်
ပြုပြင် လှုဒါန်းမှုတွေကိုပါ ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။ ။ဟုရန်ကုန်မြို့ နေထိုင်သူ ဦးခိုင်အောင်ကျော်မှ ပြည်သတင်းကို ပြောကြားသွားခဲ့သည်။

ရွှေဘုံသာကျေးရွာနေ ဦးကျော်ခိုင်ဝေ အားပြည်သတင်းမှ မေးမြန်းခဲ့ရာ...

အရင်ကသွားရေးလာရေးလုံးဝအဆင်မပြေခဲ့ပါဘူး တောတိုးတဲ့ လမ်းကလေးပါ ခြုံတွေထဲကသွားရတာပါ အခုတော့ လမ်းမကြီးကို ဖြူးနေတာပါပဲ အရမ်းဝမ်းသာပါတယ် အစက ဒီလမ်းကလေးက စက်ဘီးတောင်သွားဖို့မလွယ်တဲ့လမ်းပါ အခုတော့
ရွာတွေ ဆိုင်ကယ်တွေတ၀ီဝီနဲ့ သြွးရေးလာရေးအလွန်ကောင်းသွားပါပြီ ရွာထဲမှာနေကြတဲ့ ကလေးတွေပညာရေးတွေ ကျန်းမာရေးကအစ အားလုံးအဆင်ပြေသွားခဲ့ပါပြီ လမ်းနဲ့ပတ်သက်ပြီး အားလုံးသောလူများကို ကျွန်တော်ကျေးဇူးတင်မိ
ပါတယ်ဟု။ ။ရွှေဘုံသာကျေးရွာနေ ဦးကျော်ခိုင်ဝေ မှ ပြည်သတင်းကိုပြောကြားသွားခဲ့ပါသည်။

စစ်တ၀င်းရွာ နေထိုင်သူ တောင်သူ ဦးစံသိန်း နှင့် ဦးစိန်သောင်းတို့အား လမ်းအခြေအနေသွားကြည့်ရင်းကြုံတွေ့လို့မေးမြန်းခဲ့ရာ

ဒါဟာ ပထမဦးဆုံးဖောက်လုပ်ပေးခဲ့တာပါ အတိုင်းမသိကျေးဇူးတင်မိပါတယ် ဖိုးဦးတောင်ဘုရားကြီးအတွက်လည်း ဖုန်းကြီးသွားတာပေါ့ အစက မြို့ကျောင်းတက်ရင် အဘတို့ရွာကနေလှေတွေနဲ့သွားရတာ မနက်အစောထမှလကျောင်းမှီတယ် မြို့
ကျောင်းမှာတက်တဲ့ကလေးတွေ ထဲမှာ အဘမြေးတွေတောင်ပါသေးတယ် လှေစီးခ တစ်နှစ်ကို (၄၀၀၀၀)တောင်ပေးခဲ့ရတယ် အခုတော့အားလုံးအဆင်ပြေသွားကြပါပြီ စက်ဘီးတွေ ဆိုင်ကယ်တွေရှိလာတော့ ပိုအဆင်ပြေသွားကြတာပေါ့ အစက
အခုဖောက်ထားတဲ့လမ်းကကျည်းကျည်းလေးပါ အဲကြားထဲ ဗွက်တွေက ဒါအထိရောက်တယ် အခုတော့ ခိုင်အောင်ကျော် လှုဒါန်းမှုတွေကြောင့် အားလုံးအဆင်ပြေခဲ့ပါပြီ အဘတို့ စိတ်ကူးတောင်မယဉ်ခဲ့မိဘူး မသေခင်လေးမှာ အခုလိုလေးတွေ့
ခဲ့ရတော့ နောက်သားစဉ်မြေးဆက်တွေအတွက် လမ်းအတွက် ဘုရားအတွက် စိတ်ချသွားပါပြီ ကျေးဇူးလည်းအရမ်းတင်ပါတယ်လို့ စစ်တ၀င်းရွာ နေထိုင်သူ တောင်သူ ဦးစံသိန်း နှင့် ဦးစိန်သောင်း တို့မှ ပြည်သတင်းကို ပြောကြားသွားခဲ့ပါသည်။

ဖိုးဦးတောင်ကျောင်းတိုက်ဆရာတော် ဦးက၀ိသာရ မှ ယခုလိုပြည်သတင်းကို ပြောကြားခဲ့...

ဦးဇင်းအနေနဲ့ ၀မ်းသာပီတိဖြစ်မိပါတယ် လိုအပ်တဲ့နေရာတစ်ခုကို လိုအပ်တာတွေဖြည့်ဆည်းတတ်တဲ့သူဖြစ်လို့ လိုအပ်နေတဲ့သူတွေအားလုံး ပြည့်စုံခဲ့ပါပြီ ၀မ်းသာပါတယ် ဘုရားဖူးလာတွေအတွက်ရော လမ်းမကြီးအနီးရွာသူ/သားတွေအတွက်
စီးပွားရေး လှုမှုရေး ကျေးလက်ဖွံ့ဖြိုးရေး နဲ့ ပညာရေးတွေပါ အချိန်တိုတိုအတွင် အဆင်ချောမောစွာ သွားလာနိုင်ခဲ့ပါပြီ ဟု ဖိုးဦးတောင်ကျောင်းတိုက်ဆရာတော် ဦးက၀ိသာရ မှပြည်သတင်းကို မိန့်တော်မှုခဲ့ပါသည်။...

အဆိုပါလမ်းနှင့်ဖောက်ခြင်းတွင်မကပဲ တံတားများ၊ရေပြွန်များပါဆောက်လုပ်ပြီးစီးသွားပြီ လမ်းအား အချောပိုင်း နှင့် တောင်များကားလမ်းတက်တိုးချဲ့ရန် ဖောက်လုပ်ခြင်းတွေကိုပါပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်းသိခဲ့ရသည် ဖိုးဦးတောင်
တောင်တက် တန်ဆောင်တော်ကြီးအသစ်ပြုလုပ်လှုဒါန်းနေမှုတွင် ပြည်မြို့ မှ( ရွှေဆံတော်ဂေါပက..အဟောင်း) ဦးလှကြည် နှင့်မိသားစုမှ တန်ဆောင်တော်ကြီး(၁)ခန်းလျှင်(၅)သိန်းဖြင့် တန်စောင်းတော်ကြီး(၈)ခန်းစုစုပေါင်း သိန်း(၄၀)လှု
ဒါန်းခဲ့ပါကြောင်း လမ်းမကြီးဖောက်လုပ်မတည်လှုဒါန်းခဲ့သူ ဦးခိုင်အောင်ကျော် မှ ပြောကြားသွားခဲ့သည် အဆိုပါလမ်းမကြီးအတွက် လမ်းဖြစ်မြောက်ရေးကော်မတီကိုလည်း (၁၅)ဦးဖြင့်ဖွဲ့ည်းထားကြောင်းသတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း..

0 comments:

Post a Comment

Facebook Like Page