Friday, October 4, 2013

ဝေယျာဝစ္စကုသိုလ်ဆိုတာ(နာရေးကူညီပံ့ပိုးမှုနှင့်ခေတ္တရာလူငယ်)

Leave a Comment


ဝေယျာဝစ္စကုသိုလ်ဆိုတာ(နာရေးကူညီပံ့ပိုးမှုနှင့်ခေတ္တရာလူငယ်)
*****************************************
ခေတ္တရာလူငယ်အသင်းဝင်တစ်ယောက်ဖြစ်ပြီး ကုသိုလ်ယူနိုင်ဖို့က မည်သူမဆို လူမှုကူညီရေးစိတ်ဝင်စားသူမှန်သမျှ အသင်းဝင်အဖြစ်ပါဝင်ကုသိုလ်ယူနိုင်ကြပါတယ်။ ချွင်းချက်တစ်ခုကတော့ မည်သည့်အရောင်အသွေး၊ မည်သည့်တံဆိပ်တပ်ထားသူဖြစ်ပါစေ၊ အသင်းဝင်တစ်ယောက်ဖြစ်လို့ အသင်းတာဝန်များကို ထမ်းဆောင်စဉ်မှာ အရောင်ကင်းစင်တဲ့ အဖြူရောင်သမားဖြစ်ဖို့ကအဓိကပါ ။ အကူအညီလိုသူ အကူအညီမဲ့နေသူတွေများမှာ အရောင်ရှိနေရင် ရောပြီး အရောင်ဝင်သွားကာ ဘက်လိုက်တာတွေ၊ မမျှတတာတွေဖြစ်တတ်ကြလို့ ဒီအချက်တစ်ခုထဲကို တင်းတင်းကျပ်ကျပ်စည်းကမ်းတစ်ခုအဖြစ်သတ်မှတ်ထားတာ ယနေ့အထိပါခင်ဗျာ။ ဝေယျာဝစ္စကုသိုလ်ရှင်ဆိုတာ အလှူရှင်နဲ့ အလှူခံပုဂ္ဂိုလ်ကြားကမှ ကုသိုလ်ယူကြရသူများပါ။ အလှူရှင်လှူသမျှကို အလှူခံပုဂ္ဂိုလ်တွေ ထိုက်ထိုက်တန်တန် ပြည့်ပြည့်၀၀ရအောင် ဆောင်ရွက်ပေးနိုင်လေ ကုသိုလ်ရကြလေမို့ ကျွန်တော်တို့ အသင်းသားများရဲ့ နာရေးကူညီမှုမှာ ယူကြတဲ့ ဝေယျာဝစ္စကုသိုလ်ပုံရိပ်အချို့ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ ။

ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း

0 comments:

Post a Comment

Facebook Like Page