Wednesday, October 9, 2013

ရွှေတောင်မြို့ ရွှေဂူကြီးဗုဒ္ဓမြတ်စွယ်တော်အား နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်မြို့တွင်းသို့ အပူဇော်ခံကြွချီမည်

Leave a Comment


ရွှေတောင်မြို့ ရွှေဂူကြီးဗုဒ္ဓမြတ်စွယ်တော်အား နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်မြို့တွင်းသို့ အပူဇော်ခံကြွချီမည်
*************************************************************************
ရွှေတောင်မြို့ ရွှေဂူကြီးဗုဒ္ဓမြတ်စွယ်တော် သမိုင်းအကျဉ်း.....

(၁၁၄၄) ခုနှစ်တွင် အမရပှုရမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီး၏ သားတော် (တပါယ) မင်းသားမှ အထက်လက်ဝဲစွယ်တော်နှင့် အတူကိန်းဝပ်အပူဇော်ခံခဲ့သော စွယ်တော်ပွား(၁)ဆူအား အန္ဒိယနိုင်ငံမှ ပင့်ဆောင်ပြီး မန္တလေးမြို့
ပေါက်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဓဇမထေရ် အားဆက်ကပ်ကိုးကွယ်ခဲ့ပါသည်။ မထေရ်ကျော်အဆင့်ဆင့် နှစ်ပေါင်းရှည်ကြာစွာကိုးကွယ်ဆည်းကပ်ခဲ့ပြီးနောက် (၁၃၂၆)ခုနှစ်တွင် မှုလရွှေဂူတိုက်သစ်ဆရာတော် (အမတ်ဆရာ
တော်) ဘဒ္ဒန္တ ဥာဏိန္ဒမဟာထေရ်သည် မဟာရွှေဂူကြီး ဂေါပကအဖွဲ့ဝင်များနှင့် ညှိနိုင်းတိုင်ပင်ပြီး အများပြည်သူ ဖူးမျှော်ကြည်ညိုသဒ္ဒါတရား ပွားများနိုင်စေရန် ရည်သန်လျှက် (၁၃၂၆)ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေ
တောင်မြို့သို့ ပင့်ဆောင်အပှုဇော်ခံခဲ့ရာ ယခု (၁၃၇၅)ခုနှစ်တွင် နှစ်(၅၀)ပြည့် မြောက်ခဲ့ပါသဖြင့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မြတ်စွယ်တော်ကို မြို့တွင်းသို့ ကြွချီအပူဇော်အဖူးမျှော်ခံပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။....

အဆိုပါ မြတ်စွယ်တော်ပွဲတော်ကြီးကို (၁၃၇၅)ခုနှစ်၊သီတင်းကျွတ်လဆန်း(၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော်တိုက်မှ သြ၀ါဒစရိယဆရာတော်ကြီးများနှင့် အတူတူ သက္က၀တီဂျိုးဖြူ သာသနာ့နယ်မြေမှ သာသနာပြုဆရာ
တော် ဘဒ္ဒန္တ အဂ္ဂသာရ (အဖေကြီးဦးအေးဖေ) နှင့် မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ ဂေါပက အဖွဲ့ဝင်လူကြီးများတို့မှ ပင့်ဆောင်၍ မဟာရွှေဂူကြီးစေတီတော်မြတ်ကြီးအား လက်ျာရစ်ပူဇော်ပြီး မြတ်စွယ်တော်တိုက်အတွင်းရှိ ရတနာပလ္လင်
ထက်ပေါ်သို့ ပင့်ဆောင်အပှုဇော်ခံပါမည်။

သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့ (17.10.2013) ရက် ကြာသာပတေးနေ့ နေ့လည် (၁၂)နာရီအချိန်တွင် ဒေ၀ါဝင်း၊ရာဇာဝင်းများခြံရံလျှက် မင်္ဂလာဆင်တော်ဖြင့် မြို့အတွင်းသို့ ကြွချီအပှုဇော်ခံပါမည်။ မြတ်စွယ်တော်ကြွချီရာ လမ်းတလျှောက်
တွင် ဇာတ်နိပါတ်တော်များ ယိမ်းကားများ အကအလှများလိုက်ပါအပှုဇော်ဖျော်ဖြေပါမည်။ သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့မှ လပြည့်နေ့အထိ (နှင်းဆီရင်ခွင်ဦး..ဇာတ်အဖွဲ့) နှင့် အတူ ဗွီဒီယိုတေးသံရှင် (ဧကရီမှုးပိုင် နှင့် အဖွဲ့) တို့မှ ပှုးပေါင်း
ဖျော်ဖြေ၍ ဗုဒ္ဓပှုဇနိယ ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု အဆိုပါမဟာ ရွှေဂူကြီးဂေါပက အဖွဲ့များထံမှ သတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း...

ဂေါပကအဖွဲ့များ နှင့် ဆက်သွယ်လိုပါက...

ဦးလှရီ... ဥက္ကဌ................................05355554
ဦးသန်းဦး..ဒု.ဥက္ကဌ...........................0936175839
ဦးဇော်မင်း..........စာရင်းစစ်................09423637973
ဦးကိုအောင်..........အတွင်းရေးမှုး(၁)....0931218716
ဦးအေးထွဋ်....အတွင်းရေးမှုး(၂)..........0931600935 တို့ကို ဆက်သွယ်လှုဒါန်းနိုင်ပါသည်။ ။ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page