Tuesday, October 8, 2013

ဥသျှစ်ပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေပင်ရတနာခန်းမ၌ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနား ကျင်းပ

Leave a Comment
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေပင်ရတနာခန်းမ၌ အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက ကမ္ဘာ့ ဆရာများနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားတွင် ဥသျှစ်ပင်မြို့ ပတ်ဝန်းကျင်ရှိ ဆရာ ဆရာမကြီးများအား ကန်တော့ခြင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အသက် ၇၃ နှစ် အထက် ဆရာ ဆရာမကြီး ၃ဝ ကျော်ကို လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြခြင်း၊ ကျောင်းသား ကျောင်းသူများမှ အဆိုအကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ ၄င်းအခမ်းအနားသို့ မြို့နယ် ပညာရေးမှူးရုံးမှ ပညာရေမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

Pyay City

0 comments:

Post a Comment

Facebook Like Page