ပြည်မြို့ န၀ဒေးနယ်မြေ ရွှေပေါက်ပင်တောရ ဆရာတော်ဘုရားကြီး၏ ကျွတ်ပွဲ လွတ်ပွဲ သြ၀ါဒ
*****************************************************
2.10.2013 ရက်နေ့မှသတင်း...
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ န၀ဒေးနယ်မြေအတွင်းရှိ ရွှေပေါက်ပင်တောရ ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ဦးစီးကျင်းပ ဦးဆောင်တော်မှုသော ကျွတ်ပွဲလွတ်ပွဲသြ၀ါဒခံယူပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း
သတင်းရရှိခဲ့ပါသည်။ ဘ၀ဆိုတာ တစ်ခုမှတစ်ခုသို့ ပြောင်းရွေ့သွားနေကြသည်။ ထိုဘ၀သည် နိမ့်တာမြင့်တာရှိသည်။ နိမ့်သောဘ၀သည် ဒုက္ခများစွာကြုံရသည်။ ထိုဒုက္ခသည် ဘ၀သည် ကယ်မည့်သူကိုမျှော်နေသည်။ ထိုဒုက္ခသည်
ဘ၀မှာ မြင်အပ်သော သတ္တ၀ါ မမြင်အပ်သော သတ္တ၀ါ နှစ်မျိုးရှိပါသည်။ ထိုနှစ်မျိုးတွင် မြင်အပ်သော သတ္တ၀ါကို ထင်ရှားရှိသော ပစ္စည်းများဖြင့် ကူညီရပါသည်။ မမြင်အပ်သော ဒုက္ခိတ သတ္တ၀ါကို စွမ်းအားသတ္တိဖြင့် ကူညီရပါသည်။
ထိုစွမ်းအားသည် ဒါန၊သီလ၊ဘာဝနာ ပြုလုပ်ရာမှ ရရှိလာသော စွမ်းအားသတ္တိဖြင့်ကူညီရပါသည်။ ဒုက္ခများစွာရောက်နေသော သတ္တ၀ါတို့အား မိမိကိုယ်တိုင်ပြုအပ်သော စွမ်းအားသတ္တိ(ကုသိုလ်) ကိုရရှိသွားတာနှင့် ချမ်းသာတစ်ခုကို
ရရှိပါသည်။ ချမ်းသာမှုကို ရလိုက်တာ နှင့် ဆင်းရဲသော ဘ၀သည် အမြန်ချမ်းသာသွားပါသည်။ မမြင်အပ်သော ဆင်းရဲဒုက္ခရောက်သူကို မကျွတ်မလွတ်သူ ဟုဆို၍ ထိုပွဲကို (ကျွတ်ပွဲ လွတ်ပွဲ)ဟုခေါ်ဆိုပါသည် ဟု ရွှေပေါက်ပင်ဆရာ
တော်ဘုရားကြီးမှ ပြည်သတင်းကို မိန့်ကြားတော်မူခဲ့ပါသည်။
အဆိုပါ ကျွတ်ပွဲလွတ်ပွဲကြီးကို သတင်းကျွတ်လဆန်း(၇)ရက်နေ့မှ လပြည့်နေအထိ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျှက်ရှိကြောင်း ဆရာတော်ဘုရားကြီးထံမှ သိရပါသည်။ မိမိတို့ဆိုင်ရာ မြို့နယ်အတွင်းရှိ ဘုရားစေတီများမှာ ကျင့်ကြံ
ကျိုးကုတ် အားထုတ်နိုင်ပါသည် အဲဒိလို ကျင့်ကြံကျိုးကုတ် အားထုတ်ပြီးပါကလည်း မိမိအားထုတ်ထားသောကုသိုလ်များကို အကြောင်းပြု၍ အမျှပေးဝေခြင်းများကို ပြုလုပ်ကြပါတယ် သို့ဖြစ်ပါသောကြောင့် ယခုလို ကျင်းပပြုလုပ်သွားမည့်
ကျွတ်ပွဲ လွတ်ပွဲ ကြီး၌ ပါဝင်ကုသိုလ်အမျှပေးဝေခြင်းများကို မိမိကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းနှင့်ဖြစ်စေ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးထံတွင် သြ၀ါဒခံယူ၍ မိမိနှစ်သက်ရာ ဘုရားစေတီအမျိုးမျိုးတို့ မှာပဲဖြစ်ဖြစ် သွားရောက်
ပြုလုပ်နိုင်ပါသည် ပြုလုပ်သွားမည်ပုဂ္ဂိုလ်များမှ မေးမြန်းနိုင်ရန် ဆက်သွယ်နိုင်ရန်အတွက် ရွှေပေါက်ပင်ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တသောမာစရ(ရွှေပေါက်ပင်တောရကျောင်းတိုက်)သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။...
ဆက်သွယ်ရန်။ ။ ၀၉.၂၄၂၆၁ နှင့် ၀၉.၄၃၀၈၇၄၆၈ တို့ကိုဆက်သွယ်နိုင်ပါတယ်။ ။ပြည်သတင်း....

0 comments:
Post a Comment