Friday, October 4, 2013

ဒီလျှို့ဝှက်ချက်ကို သိနေကြတဲ့လူတွေ အများကြီးရှိနေကြတာ သိလိုက်ရတာ လည်းယုံတောင်မယုံနိုင်ပါဘူး

Leave a Comment


မူရင်းစာရေးသူ၏ နိဒါန်းသ၀ဏ်

"" ဒီလျှို့ဝှက်ချက်ကို သိနေကြတဲ့လူတွေ အများကြီးရှိနေကြတာ သိလိုက်ရတာ
လည်းယုံတောင်မယုံနိုင်ပါဘူး၊ သူတို့ထဲမှာ သမိုင်းက အထင်ကရပုဂ္ဂိုလ်ကျော်
ကြီးတွေဖြစ်တဲ့ ပလေတို၊ရှိတ်စပီးယား၊နယူတန်၊ဗစ်တာဟူးဂိုး၊ဘီသိုဗင်၊လင်ကွန်း
၊အီမာဆင်၊အက်ဒီဆင်၊အိုင်းစတိုင်းတို့လည်း ပါနေတာကိုတွေ့ရတယ်လေ။

ခုနှစ်ပတ်ကြာတဲ့နောက် ' လျှို့ဝှက်ချက် ' အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု
တစ်လွှားက ဆရာကြီး ၅၅ ယောက်ကို နာရီ ၁၂၀ ကြာရုပ်ရှင်တွေ ရိုက်ကူးခဲ့ပါတယ်

ရုပ်ရှင်ကားက ကမ္ဘာကိုပျံ့နှံ့သွားရာက ထူးဆန်းအ့သြဖွယ်ဇတ်လမ်းတွေလည်း
လှိမ့်ဝင်လာပါတယ်၊ နာတာရှည်ဝေဒနာတွေ၊ စိတ်ကျရောဂါတွေကိုကုသနိုင်တဲ့
အကြောင်း မတော်တဆမှု ကြုံရပြီးနောက် ပထမဆုံးထလျှောက်နိုင်တဲ့အကြောင်းနဲ့
သေမယ့်ဆဲဆဲ ဖြစ်နေရာက ပြန်ရှင်လာပုံတွေအထိတောင် လူတွေကစာတွေဝိုင်းရေးခဲ့တာပဲ။

လူတွေက သူတို့ရဲ့အိမ်၊ မိသားစုဘ၀၊ လက်တွဲဖော်တွေ၊ ကားကိစ္စတွေ၊ အလုပ်ဥဌာန
တွေနဲ့ ရာထူးတက်ရေး၊ ရောင်းအားမြှင့်တင်ရေးစတဲ့ လုပ်မျိုးစုံမှာ ပြောင်းလဲတိုး
တက်မှုတွေ ရရှိအောင် လျှို့ဝှက်ချက်ကို အသုံးချခဲ့ရာက အောင်မြင်မှုတွေရကြတာ
နဲ့အမျှ The Secret ဟာ ပိုမိုပေါ်လွင်ထင်ရှားခဲ့ပါတယ်။

The secret ဟာ ထူးခြားတဲ့ ငှက်မွှေးလေးတစ်ချောင်းက ဒေါ်လာကုဋေချီတဲ့အထိ
ညှို့ဆွဲနိုင်တဲ့ စွမ်းအားတွေရှိခဲ့တာလို့ ဆိုရမှပေါ့။

ဒီစာအုပ်ထဲမှာ ပညာရှင်ပေါင်း ၂၄ ဦးကို ဖော်ပြထားပါတယ်။ သူတို့စကားသံ
တွေကိုလည်း အမေရိကန်ပြည်ထောင်စုတစ်ခွင် ပြဲပြဲစင်အောင်ထုတ်လွှင့်ပြသခဲ့ပြီး
ပါပြီ""

Rhonde Byrne
Secret
ညီညီနိုင်

Law of Attraction ညှို့အားနိယာမ ရဲ့အစွမ်းထက်ပုံတွေကိုရှင်းပြထားပါတယ်
ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဈာန်သဘောနဲ့ဆင်တူပါတယ် စိတ်အာရုံတအားစူးစိုက်တည်ငြိမ်လ
တဲ့အခါ ကိုယ်လိုချင်တဲ့ ပုံစံပြောင်းလဲဖန်တီး နိုင်တဲ့ပါဝါမျိုးပါဘဲ ဖန်ဆင်းရှင်းဘာသာတွေ
မှာလည်း ဒီလိုပါဘဲ ဘုရားသခင်တိုင်တည်ပြီး ဘုရားသခင်ကူညီမှိုင်းမမယ် ယုံကြည်ချက်
နဲ့ ကိုယ့်လိုအင်တွေကို စိတ်ထဲမှာ အမြဲအကောင်းဘက်ကို အာရုံပြုနေတတ်ပါတယ်
ကျနော်တို့ ဗုဒ္ဓဘာသာမှာ အများအားဖြင့်မြင်သာအောင်ပြောရရင်တော့ နတ်တို့ ဘိုးတော်
တို့ ကူညီဆောင်မမှာပါဆိုတဲ့ စိတ်အင်အားမျိုးပေါ့ တကယ်တန်းကိုယ့် စိတ်စွမ်းအားကြောင့်
သာ ဒီအဖျက်တွေ မကောင်းတာတွေကို ကျော်လွှားနိုင်ခဲ့တာပါ ဒီညှိုးအားနိယာမနဲ့
မေတ္တာတရား၊ ကုသိုလ်ကောင်းမှုတွေနဲ့သာပေါင်းလိုက်ရင် အတော်ခရီးရောက်မယ်ထင်ပါတယ်
youtubeလင့်က အဲဒီmovieပါ မြန်မာစာတန်းထိုးထွက်ပါတယ် အောင်မြင်မှုနှင့်လူမှု
ဆက်ဆံရေးသင်တန်းတွေမှာ ရနိုင်ပါတယ် ခွေအရောင်းဆိုင်တွေမှာလည်း ရှိနိုင်ပါတယ်
ဝယ်ကြည့်စေချင်ပါတယ် မြန်မာစာတန်းထိုးကြည့်ရတာ အရမ်းကြည့်လို့ကောင်းပါတယ်
အဲဒီအခွေထဲမှာ ကင်ဆာရောဂါ ပျောက်သွားတာတွေ လိုချင်တဲ့အရာတွေရလာတာတွေ
လုပ်ငန်းအောင်မြင်လာတာတွေ ရောဂါအပေါ်အမြဲပူပန်နေတတ်သူတွေဟာ ပိုဆိုးလာ
တတ်တာ လေယာဉ်ပေါ်ကပြုတ်ကျပြီး ကျောရိုးတွေကအစ တကိုယ်လုံးကြေမွပြီ
လမ်းမလျှောက်နိုင်တဲ့သူက ခရစ်မတ်နေ့မှာလမ်းစလျှောက်နိုင်တာတွေ အတွေ့အကြုံတွေ
အများကြီးထည့်ရိုက်ကူးထားပါတယ် အောက်ကပုံလေးကတော့ ညီညီနိုင်ရဲ့ အဲဒီ
ညှို့အားနိယာမ Secret စာအုပ်ပါ မူရင်းစာရေးသူကတော့ Rhonde Byrne ဖြစ်ပါတယ်
ကျေးဇူးပြုပြီးအဆင်ပြေသလို မျှဝင်ပေးစေချင်ပါတယ်ခင်ဗျာ

http://www.youtube.com/watch?v=mrohdKlFfkE

0 comments:

Post a Comment

Facebook Like Page