(၂၀၁၃) ခုနှစ်အတွက်Ramon Magsaysay ဆုကိုမြန်မာနိုင်ငံက
မေတ္တာဖောင်ဒေးရှင်းကို စတင်ထူထောင်ခဲ့သူ ဒေါ်ဆန်းရော်လပိုင် ရရှိ
**********************************************
(2.9.2013, Monday)
အာရှတိုက်၏ နိုဘယ်လ်ဆုဟု သတ်မှတ်ကြသော Ramon Magsaysay ဆု
ကို(၂၀၁၃)ခုနှစ်အတွက်ဆုကို မြန်မာနိုင်ငံက မေတ္တာဖောင်ဒေးရှင်းကို စတင်
ထူထောင်ခဲ့သူ ဒေါ်ဆန်းရော်လပိုင်အပါအ၀င် လူပုဂ္ဂိုလ်(၃)ဦးနှင့်
အဖွဲ့အစည်း(၂)ခုကို ချီးမြှင့်လိုက်သည်။ဒေါ်ဆန်းရော်လပိုင်ကို Ramon
Magsaysay ဆုချီးမြင့်ရခြင်းသည် သူဆောင်ရွက်နေသော ကျန်းမာရေး
စောင့်ရှောက်မှု၊ ပဋိပက္ခဖြစ်နေသော ကချင်ပြည်နယ်အတွင်းစိုက်ပျိုးရေးနှင့်
အိမ်ရာဆောက်လုပ်ရေး စီမံကိန်းများကို ဆောင်ရွက်ပေးနေသည့်အတွက်
ဖြစ်ကြောင်း သိရသည်။အဲဒီ Ramon Magsaysay ဆုကိုဖိလစ်ပိုင်နိုင်ငံ၊
မနီလာမြို့တွင် နှစ်စဉ် ချီးမြှင့်ခြင်းဖြစ်ပြီး(၁၉၅၈)ခုနှစ်က စတင်ပေးအပ်
ခဲ့ခြင်းဖြစ်သည်။ ဆုအမည်ကို ဖိလစ်ပိုင်နိုင်ငံတွင် လူထုချစ်ခင်မှုရရှိပြီး
(၁၉၅၇)ခုနှစ်တွင် လေယာဉ်မတော်တဆမှုနှင့် ကွယ်လွန်ခဲ့သော သမ္မတ၏
အမည်ကို ပေးထားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်(၂၀၁၃)ခုနှစ်အတွက် ဆုရှင်နိုင်ငံ
များက မြန်မာ၊အာဖဂန်နစ္စတန်၊အင်ဒိုနီးရှား၊ နီပေါနှင့် ဖိလစ်ပိုင်နိုင်ငံ
များ ဖြစ်ကြသည်။အင်ဒိုနီးရှားက အဂတိလိုက်စားမှု ဆန့်ကျင်ရေးလှုပ်ရှား
သော အဖွဲ့ဖြစ်သည့် KPP ကို အစိုးရဝန်ထမ်း(၃၀၀)ကျော်၏ အဂတိလိုက်စား
မှုများကို ဖော်ထုတ်ခဲ့ပြီး ကျောင်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်
ရေးသင်ခန်းစာများကို စတင်သင်ကြားပေးခဲ့သည့်အတွက် အဆိုပါ
ဆုရရှိခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးအရေးဆောင်ရွက်
နေသူဖြစ်သော ပထမဆုံးအမျိုးသားပန်းခြံဖန်တီးခဲ့သူ-ပထမဆုံးအမျိုးသမီး
ပြည်နယ်အုပ်ချုပ်ရေးမှူး Habiba Sarabi နှင့် နီပေါနိုင်ငံက လူမှောင်ခို
ကုန်ကူးမှုများအတွက် ဆောင်ရွက်ပေးနေသော အစိုးရ မဟုတ်သော NGO
အဖွဲ့အစည်းဖြစ်သည့် The Power Group လည်း အဆိုပါဆုကို ရရှိကြခြင်း
ဖြစ်သည်။ မြန်မာနိုင်ငံတွင်Ramon Magsaysay လူ့အခွင့်အရေးဆုကို
ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာ
စင်သီယာမောင်လည်း(၂၀၀၂)ခုနှစ်ကရရှိထား တယ်လို့သိရှိရကြောင်း
သိရသည်။.ပြည်သတင်း (Sky Net) မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment