Monday, September 2, 2013

ပိုးသတ်ဆေးစံနစ်တကျ အန္ဒရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနိုင်ရေး နှင့် ပိုးသတ်ဆေးများကို စံနစ်တကျသိုလှောင် ရောင်းချ စွန့်ပစ်နိုင်ရေးသင်တန်းဖွင့်လှစ်

Leave a Comment

ပိုးသတ်ဆေးစံနစ်တကျ အန္ဒရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနိုင်ရေး နှင့် ပိုးသတ်ဆေးများကို စံနစ်တကျသိုလှောင် ရောင်းချ စွန့်ပစ်နိုင်ရေးသင်တန်းဖွင့်လှစ်
************************************************************************************************

လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန လက်မှတ်ရ ပိုးသတ်ဆေးများစံနစ်တကျ ကိုင်တွယ်သုံးစွဲနည်းသင်တန်း အမှတ်စဉ်(၃/၂၀၁၃) ရက်နေ့ ပြည်မြို့တွင်
၂.၉.၂၀၁၃ ရက်နေ့မှ ၆.၉.၂၀၁၃ ရက်နေ့အထိ (၅)ရက်ကြာသင်တန်းကို လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနရုံး (ပြည်) တွင်ဖွင့်လှစ်ခဲ့ကြောင်းသတင်းရ
ရှိခဲ့ပါသည်။အဆိုပါ သင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) မှ ညွှန်ကြားရေးမှုး ဦးတင်အောင်ဝင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
၎င်းသင်တန်း(၅)ရက်ကြာအတွင်း သင်ကြားပို့ချမည့် ဘာသာရပ်များ မှာ (၁)သီးနှံကာကွယ်ရေးဆိုင်ရာ မှုဝါဒများ..(၂)သီးနှံပိုးပွား ပြန့်ပွားမှု့ ထိန်းချုပ်ရေး..(၃)အင်းဆက်ပိုးသတ်ဆေး၊ပေါင်း
သတ်ဆေး၊ရောဂါသတ်ဆေးအမျိုးမျိုး..(၄)ပိုးမွှား နှင့် ရောဂါ နှင့်ခြားနည်း ဘက်စုံကာကွယ်နှိမ်နင်းနည်းများ..(၅)ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ရောဂါသတ်ဆေးများ စံနစ်တကျ အန္ဒရာယ်
ကင်းစွာသုံးစွဲနည်းများ..(၆)ပိုးသတ်ဆေး ဥပဒေ နှင့် ပိုးသတ်ဆေး ဥပဒေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ..(၇)ပိုးသတ်သော ဓါတ်ကြွင်းပြဿနာများ...တို့ကိုသင်ကြားပို့ချသွားမည်ဟုသိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းပို့ချသူ ဆရာ/မ စုစုပေါင်း(၁၁)ယောက် သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၂၂)ယောက်တက်ရောက်လျှက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။
ပြည်သတင်း......

0 comments:

Post a Comment

Facebook Like Page