Wednesday, September 25, 2013

နေရာမှား ပေါက်တဲ့ သစ်ပင်

Leave a Comment


နေရာမှား ပေါက်တဲ့ သစ်ပင်
***********************

အရိုးကြားကအသားစဆိုတာ
အမဲလိုက်ခွေးလေးအတွက်
သခင်ကြွေးတဲ့
ဟံဘာဂါ
ရှေ့တန်းစစ်မျက်နှာပြင်မှာ
တိုက်ခိုက်သတ်ပုတ်ရင်း
ရန်သူ့သွေး ရန်သူအမွှေး
တွေနဲ့မင်းအဆုပ်အတွင်းမှာ
ချောင်းဆိုး ချွဲကျပ်နဲ့ ဘဝကို
ဖြတ်သန့်း 
သခင့်အတွက်ဆို
မောပန်းခြင်းအလျင်းမရှိခဲ့
နောက်ဆုံးနေညိုချိန်ထိ
အချိန်ပြည့်
သခင့်အတွက် တာဝန်ကျေတတ်ရဲ့
နေတတ်လို့  ကျေနပ်နေပြီလား
ခွေးကလေးရယ်
ဘဝဆိုတာ အင်ဖက်တရွက်လိုပါ
မင်းတို့ ဘဝလေးတွေသာ
အင်ဖက်တစ်ရွက်ဖြစ်ခဲ့မယ်ဆို
ထုပ်ပိုးခံရသူဟာ
စပယ်ပန်းလေးတွေဖြစ်စေချင်ပါရဲ့

ကာရံချို



ဝက်ထီးကန်မြို့ရဲ့စာမျက်နှာများ  မှကူးယူသည်။    ။ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page