Wednesday, September 25, 2013

သားသူ့ကိုချစ်နေမိလို့ပါ မေမေ..............

Leave a Comment


သားသူ့ကိုချစ်နေမိလို့ပါ မေမေ
************************

ဟိုး မိုးကောင်းကင်ပေါ်က
ကြယ်စင်တွေကို ရေတွက်မိလျှင်
အသက်သေတတ်တယ်ဆိုတဲ့
သားငယ်ငယ်က ပြောပြထားခဲံ့တဲ့
မေမေ့ စကားမှာ
ကျွန်တော့ရဲ့ စက္ကင်္ူံဖြူလေယာဉ်ပျံလေး
စမ်းသပ်မောင်းနှင်ခြင်း
စူးစမ်းလေ့လာရေးစီမံကိန်း
ဖျက်သိမ်းပစ်ခဲ့ရတာပါပဲ မေမေ
အဲဒီမှာ
မွေးရာပါအကြောက်တရားက
အော်စကာဆု စွတ်ခူးလိုက်တာပါ
သူရဲကြောက်တတ်တဲ့ အမေ့သားကို
တကယ်ဆို
ဖုဋ္ဌဿလောကဓမ္မေဟိ ……ဆိုတာ လောကဓံတရားရှစ်ပါးကို
ဂရုမထားတာပါလို့  ပြောခဲ့မယ်ဆို
သား အရာရာကို
လျစ်လျူရူတတ်ခဲ့မှာပါ
ဒီတစ်ခါ
သားစူးစမ်းမိတဲ့ စင်္ကြဝဋ္ဌာမှာ
အဆုံး အစမဲ့တဲ့ ကဗျာတွေပါမေမေ
သားကဗျာတွေကို ချစ်မိနေပြီ
သားသေချင်သေပါစေ
ရေတွက်ပါရစေ မေမေ နော်

ကာရံချို
23/9/2013



ဝက်ထီးကန်မြို့ရဲ့စာမျက်နှာများ

0 comments:

Post a Comment

Facebook Like Page