Wednesday, September 25, 2013

------ ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ------အပိုင်း ( ၅ ) ( ငါလိုယောင်္ကျား ပြဿဒါးမရှိ )

Leave a Comment


------ ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ------
@@@@@@@@@@@@@@@@@@@@

အပိုင်း ( ၅ )

ဒေါ်ခင်မြင့် = ကဲသမီးသွားတော့ဟေ့ ဟိုကြစာကြိုးစားသိလားသမီး ပေတေ
မနေနဲ့  ကျန်းမာရေး ဂရုစိုက် ရေမှန်မှန်ချိုး အစားအသောက်တွေလည်းတွေ့ ကရတွေမစားနဲ့ သမီးကြားလား

ခင်စပယ် = ဟုတ်ကဲ့အမေ့ စိတ်ချ သမီးစာကြိုးစားပြီး အမေစိတ်ချမ်းသာအောင်လုပ်ပြမယ်

မိငယ် = ဟုတ်ဒေါ်ဒေါ် စားကြိုးစားပြီးတခါထဲ အ၀ှါးပေးစားလိုက်မယ်

ဒေါ်ခင်မြင့် = ဟဲ့သက်မောင်ဦး နင်ကယောင်္ကျားလေး တရွာတည်းတွေ
ကိုယ့်နှမလေးလိုဂရုစိုက်ကြားလား ဟိုယောက်လို့  မလိမ်မာရင်အဒေါ်ဆီဖုန်းဆက်ကြားလား

သက်မောင်ဦး = ဟုတ်ကဲ့ပါ ဖုန်းဆက်တာက နော် မလိမ်မာလို့ ကတော့ ကျွန်တော့လက်နဲ့ အရင်မိမှာအဒေါ်

ဒေါ်ခင်မြင့် = အေးအေးငါစိတ်ချမယ်နော် ကဲသွားကြတော့

မိငယ် = သွားပြီးနော် စားစရာတွေပို့ ပေးဦး မပို့ ရင်တော့ ခင်စပယ် ကိုရောင်းစားလိုက်မှာ

----------ကားသည်တရွှေ့ ရွှေ့  မောင်လာရင်း ပေါင်းတည်မြို့ သို့ ရောက်လာလေသည် ဟေ့ ခဏ နားကြအောင်ဟေ့ ညောင်းလာပြီ လဘက်ရည်လေ ဘာလေသောက်ရတာပေါ့ ဟု သက်မောင်ဦး ကပြောလိုက်ရာ ကားပေါ်ပါသူအားလုံးက ကန့် ကွက်မဲ မရှိ သဘောတူကြလေသည် ပေါင်းတည် မြို့ သည်လည်း စွယ်တော်လှည့်သည့်ဘုရားပွဲတစ်စ်တစ်ခါစည်ကားသိုက်မြိုက်စွာကျင့်ပလေ့ရှိလေသည် ပေါင်းတည်
စွယ်တော်ပွဲမှာ ငယ်ငယ်က အဖေဖြစ်သူနှင့် နှစ်တိုင်းလိုလိုလာဖူးသည် ကလေး ဘ၀ ဈေးမှာ အရုပ်မျိုးစုံ သေနတ် ၀ယ်ရတာပျော်စရာပါ သက်မောင်ဦးအတွေမဆုံးလိုက် ဟဲဘာမှမမှာဘဲနဲ့ ဘာစားမှာလည်းနင်က သူဘဲ လဘက်ရည်သောက်မုန့် စားမယ်ဆိုပြီးတော့ ပြောပြောဆိုဆို ခင်စပယ် မှစားစရာများမှာခိုင်းလေသည် စားသောက်ပြီး ကားဆက်ထွက်လာရာ ပြည်မြို့ အ၀င်ရောက်ရှိလာလေပြီး ထိုမှ မြို့ ရှောင်လမ်းအတိုင်းမောင်းဝင်လာရာ ခေတ္တရာ မြို့ သစ် ရောက်ရှိလေပြီ
ဟေ့ ခဏ ရပ်ပါဦးဟ မြို့ သစ်ဈေးမှာ လိုအပ်တာလေးတွေနဲနဲပါးပါးဝင်ဝယ်ရအောင်လေဟု မိငယ်ကဆိုလေသည်
ဟုတ်တယ်ဟ ဟိုကနေ ဒီတခေါက်လာပြီး ဈေးဝယ်ရရင်မလွယ်ဘူးဟ တ
ခါတည်းလိုအပ်တာတွေဝယ်သွားရမယ်ဟု ခင်စပယ် ကဆိုပြန်၏ ကဲဒါဆိုလည်းဝယ်ကြ ငါနဲ့ ကားမောင်းတဲ့ အကိုကြီးက ဒီနားက စစ်သူကြီး ဆိုင်မှာဝင်ပြီး အသည်းတွေ ကျောက်ကပ်တွေဆေးလိုက်ဦးမယ် လာအကိုကြီးဟု ပြောပြောဆိုဆို သက်မောင်ဦး မှ ကားသမားလက်ခေါ်သွားလေ၏ ခင်စပယ် မျက်စောင်းတစ်ချက်ပြစ်ပြီး ဈေးဘက်သို့ သူငယ်ချင်းများဖြင့်ထွက်ခွါသွားလေသည် တစ်နာရီလောက်ကြာတော့ ပြန်လာကြပြီ လူစုံတော့ ကားဆက်ထွက်လာရာ G T C ကျောင်းနားက အဆောင်ကိုညနေ ၆ နာရီလောက်ရောက်ကြလေ၏

ခင်စပယ် = လျှောက်သွားမနေနဲ့ ဒီည ပင်ပန်းလာတယ် နားတော့ဟု သက်မောင်ဦး အားလှမ်းပြောလေ၏

သက်မောင်ဦး = ကဲမယ်မင်းကြီးမ ရောက်တာနဲ့  ဒိုင် လူကြီးလုပ်တော့တာဘဲ
တခါတည်း ငါကိုအနီကပ်ပြထုတ်လိုက်ရမလားဟင်

မိငယ် = ဟုတ်သားနင်က ကျောင်းရောက်တာနဲ့ လွတ်ပြီ ကျွတ်ပြီး ဆိုပြီ ပျော်ဖို့ ပါးဖို့ လောက်စင်းစားနေတာ ကဲကဲကောင်လေး ပြောစကားနားထောင် သွားတော့ ဟေ့ဟေ့ဟေ့ နေဦး ဒီ
မှာပစ္စည်းတွေအဆောင်ဝထိလိုက်ပို့ တချက်လွတ်အမိန့် 

သက်မောင်ဦး = ကဲကဲ လာလာ ဒီဝတ်က ဘယ်တော့ကျွတ်ပါ့မယ်မသိဘူး ငါဆို ရင်တအားနိုင်ကြ ငါမရှိရင် နင်တို့ ဘယ်သူကူမလည်း

ခင်စပယ် = နင်ကမရှိအောင် ဘယ်တောင်ပံတပ်ပြန်ဦးမှာလည်း

သက်မောင်ဦး = တောင်ပံမလိုဘူး ဆိုင်ကယ်ဘဲလိုတာ ကဲသွားပြီ တောသူမတွေ စကားများလိုက်တာ

ခင်စပယ် = ကားစီးလာရ၍လာမသိ ညကအိပ်ကောင်းလိုက်တာ တရေးထဲမိုးလင်းမှနိုးလေသည် နိုးတော့ မနက် ၇ နာရီ ကမန်းကတန်းထ ရေချိုး အ၀တ်စားလည်း အဆောင်ကထွက်လာလိုက်သည် ဟိုဟို ဒီဒီ ကြည့် သက်မောင်ဦး တယောက်မတွေ့ ပါလား အိပ်ယာကမနိုးသေးတာလား ညကဘယ်တွေလျှောက်သွားနေလည်းမသိဘူး မူးများ မူးနေလို့ လား အဲ အမူးလွန်နေတာများလား အတွေးမဆုံးလိုက် ကိုယ်တော်ချော လာပါပြီး ကမူးရှူးထိုးနှင့် နင်ပုံစံကဘာဖြစ်နေတာလည်းဟ

သက်မောင်ဦး = ညက ဟိုကောင်တွေလေ နားပါမယ်ဆိုတာမရဘူး အတင်းခေါ်လို့  အားနာပါးနာ နဲ့ လိုက်သွားလိုက်တာ အဲဒါ ညက နဲနဲ များသွားတယ် တော်တော်ဆိုးတဲ့ကောင်တွေ

ခင်စပယ် = နင့်အကြောင်းမသိရင်ခက်မယ် ဟိုလွဲချ ဒီလွဲချ လုပ်မနေနဲ့  နင်
နဲ့ ငါနဲ့ ဟို ငယ်ငယ် လေးထဲကပေါင်းလာတာ စကားတွေလွဲပြီး သူများကိုမပုံချနဲ့  နင်နဲ့ ငါညနေကြမှတွေ့ မယ် ရော့ မုန့် စားခဲ့ ဟုပြောကာ
ငွေ တစ်ထောင်ပေးခဲ့ပြီး ထွက်ခွါသွားလေသည်

သက်မောင်ဦး = အော် ခင်စပယ် ခင်စပယ် ငါပေါ်ကောင်းရှာသားဘဲ မောင်
လို အကိုလို ချစ်သူလို အနှစ်နာခံ နေတာတွေက ငါ့ကိုသံယောဇဉ်တွေ ပိုလို့ တိုးစေပါတယ်ကွာ ဒါပေမဲ့ ငါကိုကလည်း ဆိုးတာပါဘဲ အင်း ညနေတော့
တွေ့ တာနဲ့  ငါ့ကို ၀ိုင်းသမကြတော့မယ် ထုခြင်ထုပါစေ မိန်းကလေး တွေဆိုတာ သူတို့ ချစ်တဲ့ယောင်္ကျားလေးကို ဗိုလ်ကြလိုက်ရ
ဆူလိုက်ရရင် သိမ့်ပြီးကြည်နူးကြတာ အော် ခင်စပယ် ရယ် အလိုမကြသလိုနဲ့  ထိုးသွားတဲ့မျက်စောင်းလေးက အဲ့ဒီအကြည့် အဲ့ဒီမျက်စောင်း အဲ့ဒီမျက်ဝန်းတွေကိုလေ ငါသေတောင်မေ့မှာမဟုတ်ဘူးဆိုတာ သိပါလေစ ခင်စပယ် ရယ် မိန်းမ
တွေရဲ့ မျက်ဝန်းထဲမှာ အချစ်တွေ အမုန်းတွေ သံယောဇဉ်တွေ မေတ္တာတွေ
ဥပက္ခာတွေ ပြည့်နေတယ်တဲ့ ခင်စပယ် ကတော့ သူ့ ရဲ့ မျက်ဝန်းထဲမှာ
ငါ့အတွက်တော့ အချစ်တွေ သံယောဇဉ်တွေ နဲ့ ပြည့်နေမှာ-----

( ငါလိုယောင်္ကျား ပြဿဒါးမရှိ )
ဓည၀တီ စိုးပိုင်

မြန်မာ့ စီးပွါးရေးဘဏ် ပြည်မြို့ 

0 comments:

Post a Comment

Facebook Like Page