Tuesday, September 24, 2013

န၀ဒေးတံတားအောက် အသက်ခံရသူ ကိုဇော်မင်းဦး အား(၅)လပြည့်အမှတ်တရနေအိမ်တွင်ပြုလုပ်

Leave a Comment


န၀ဒေးတံတားအောက် အသက်ခံရသူ ကိုဇော်မင်းဦး အား(၅)လပြည့်အမှတ်တရနေအိမ်တွင်ပြုလုပ်
*****************************************************

24.9.2013 ရက်နေ့

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက်တွင် ၂၀၁၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့ ည(၉း၁၅)မိနစ်အချိန်ခန့်က န၀ဒေးတံတာအောက်တွင်
အပြစ်မဲ့သူ အရပ်သား(၂)ဦးကို အကြမ်းဖက်လုယက်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သတ်၍ ပြည်သူများမမေ့စေရန် အဆိုပါ(၂)ဦးထဲမှသေဆုံးသွားသူ ကိုဇော်မင်းဦး (၂၃)နှစ်
အားရည်စူး၍ ကျန်ရစ်သူမိသားစုများမှ ဆွေမျိုး၊အသိမိတ်ဆွေများအား ထမင်းကြွေးပွဲပြုလုပ်ခဲ့ပြီးကြောင်းသတင်းရရှိခဲ့ပါသည်။အဆိုပါသတင်းအားသွားရောက်ယူအပြီး
ကျန်ရစ်သူ၊မိသားစုနှင့် ပြည်သတင်း မှ တွေ့ဆုံမေးမြန်းခဲ့ရာ ကျန်ရစ်သူမိသားစုများမှ ပြည်သတင်းအား ဤသို့ပြန်လည်ဖြေကြားခဲ့ပါသည်။.....

သေဆုံးသွားသူ ကိုဇော်မင်းဦး(၂၃)နှစ်၏ ဖခင်ဖြစ်သူ ဦးအုန်းရွှေ မှ ပြည်သတင်းအားအခုလိုပြောကြားခဲ့.....

(သားရဲ့အမှုကမပေါ်သေးဘူး အမြန်ဆုံးပေါ်စေချင်တယ် အဖြစ်အမှန်ကိုအမြန်ဆုံးထုတ်ဖော်ပေးစေချင်ပါတယ် (၅)လပြည့်တာတောင်ဘာမှမထူးဘူး အကျိုးအကြောင်းလည်း
ဘယ်သူမှလာမပြောဘူး ဘာမှလည်းမသိရပါဘူး တပ်မတော်သားပဲ ဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် အမှန်အတိုင်းဖြစ်စေချင်ပါတယ် ၂၅.၄.၂၀၁၃ ရက်နေ့က ကိုယ်စားလှယ်တွေ
လာပါတယ် ဦးဝင်းမြင့်နဲ့အဖွဲ့ပါ ခလရ(၇၅)ကဗိုလ်ကြီးတွေလည်းလာတယ် အမြန်ဆုံးဖော်ပေးမယ်လို့ပြောပါတယ် အဲနေ့က သားကိုသဂြိုလ်တဲ့နေ့ကပါလာပြောတဲ့နေ့က အခုချိန်
ထိ(၅)လ ပြည့်တာတောင်ဘာမှမထူးဘူး ဘယ်သူမှလည်းလာမပြောကြပါဘူး) ဟုပြည်သတင်းသို့ သေဆုံးသွားသူ ကိုဇော်မင်းဦး(၂၃)နှစ်၏ ဖခင်ဖြစ်သူ ဦးအုန်းရွှေ မှ ပြည်သတင်းအား
ပြောကြားသွားခဲ့သည်။......

သေဆုံးသွားသူ ကိုဇော်မင်းဦး(၂၃)နှစ်၏ အမတော်စပ်သူ မသီတာဦး မှ ပြည်သတင်းအားအခုလိုပြောကြားခဲ့......

(အဖြစ်မှန်ပေါ်စေချင်တယ် (၅)လကြာတာတောင်ထူးခြားမှုမရှိသေးပါဘူး ဘေးကပြည်သူတွေနဲ့ အခြားအသင်းအဖွဲ့တွေက ကူညီကြလို အခုလို(၅)လပြည့်အထိမ်းအမှတ်ပွဲလုပ်နိုင်တာပါ
တပ်မတော်ကလူကြီးတွေက ဒီအမှုကို သူတို့တာဝန်ယူပြီး လုပ်ပေးမယ်ပြောပါတယ် အဲလိုမောင်လေးသဂြိုလ်တဲ့နေ့ကပြောသွားကြတာ ကျွန်မတို့က ရက်ပိုင်းလောက်ပဲ ကြာမယ်ထင်နေတာ
အခုဆိုရင်(၅)လတောင်ရှိနေပြီ ဘာမှလည်းလာမပြောကြဘူး ထူးခြားမှုလည်းတစ်ခုမှမရှိပါဘူး တာဝန်ရှိတဲ့သူတို့က တာဝန်ယူမယ်ပြောလို့ မိသားစုအနေနဲ့က ဘာမှမလုပ်တတ်တော့ လုပ်မ
ထားပါဘူး သူတို့ဘာတွေ ဘယ်နေ့ပြန်လာပြောမယ်ဆိုတာကိုပဲ စောင့်နေကြပါတယ်)ဟု သေဆုံးသွားသူ ကိုဇော်မင်းဦး(၂၃)နှစ်၏ အမတော်စပ်သူ မသီတာဦး မှ ပြည်သတင်းအားပြောကြားသွားခဲ့သည်။......
 သေဆုံးသူ ကိုဇော်မင်းဦး(၂၃)နှစ် နှင့်အတူတူပါလာသူ န၀ဒေးတံတားအောက်တွင် ပစ္စည်းလုယက် အရိုက်ခံရ ဒဏ်ရာများရသွားပြီး အသက်ဘေးမှ လွတ်မြောက်လာသူ မအိဇင်မိုးကို မှ ပြည်သတင်းအား
အခုလိုပြောကြားခဲ့.....

(ဒီအမှုကိုအမြန်ဆုံးပေါ်စေချင်ပါတယ် တမလွန်ကိုရောက်သွားတဲ့သူလည်း ဒီအမှုမပေါ်မခြင်း စိတ်အေးမှာမဟုတ်ပါဘူး ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်သူမှလာရောက်အကြောင်းကြားခြင်းလုံးဝမရှိခဲ့ပါဘူး
ကိုယ်ကသာ သိချင်လို့ CID ကိုသွားစုံစမ်းရပါတယ် ဒီအမှုကို အခု CID ကကိုင်ထားတာပါ အမှတ်(၂)စခန်းမှုးကို အရင်ကတော့လှမ်းမေးဖြစ်ပါတယ် နောက်တော့ အမှတ်(၂)စခန်းမှုးက ဒီအမှုကို CID ကို
လွဲထားပါတယ် ကျွန်တော်တို့မသိရပါဘူး ကျွန်တော်တို့ ဒီအမှုကိုမကိုင်ရပါဘူးလို့ပြန်ဖြေတယ်အဲနောက်ပိုင်းကိုတော့ CID ကိုပဲလှမ်းမေးပြီးစုံးစမ်းနေရပါတယ် (ပြောနေရင်း ငိုသံဖြင့်).........................
သူ့နေရာကို အစားထိုးဖို့မလွယ်ပါဘူး သူက ပတ်ဝန်းကျင်နဲ့ မိဘတွေအပေါ်ရော ကျွန်မအပေါ်မှာပါ အရမ်းသိတတ်တဲ့သူတစ်ယောက်ပါ သူ့ကိုကျွန်မဘယ်လိုမ အစားထိုးလို့မရပါဘူး အဲလိုလူတစ်ယောက်
ကို ကျွန်မဆုံးရှုံးရလို့ အရမ်းဝမ်းနည်းနေမိပါတယ်)ဟု ပြည်သတင်းအားသေဆုံးသူ ကိုဇော်မင်းဦး(၂၃)နှစ် နှင့်အတူတူပါလာသူ န၀ဒေးတံတားအောက်တွင် ပစ္စည်းလုယက် အရိုက်ခံရ ဒဏ်ရာများရသွားပြီး
အသက်ဘေးမှ လွတ်မြောက်လာသူ မအိဇင်မိုးကို မှပြည်သတင်းသို့ပြောကြားသွားခဲ့သည်။...ပြည်သတင်း.......
 
 
 
Photo 
သေဆုံးသူ ကိုဇော်မင်းဦးဓါတ်ပုံ နှင့်အတူ  တံတာအောက်ပစ္စည်းလုယက် ဒဏ်ရာရရှိပြီး အသက်ဘေးမှ လွတ်မြောက်လာသူ မအိဇင်မိုးကို တို့၏ဓါတ်ပုံ









PhotoPhoto
သေဆုံးသူ ကိုဇော်မင်းဦး၏ ဖခင် ဦးအုန်းရွှေအားပြည်သတင်းမှ မေးမြန်းစဉ်





 သေဆုံးသူ ကိုဇော်မင်းဦး(၂၃)နှစ် နှင့်အတူတူပါလာသူ န၀ဒေးတံတားအောက်တွင် ပစ္စည်းလုယက် အရိုက်ခံရ ဒဏ်ရာများရသွားပြီး အသက်ဘေးမှ လွတ်မြောက်လာသူ မအိဇင်မိုးကိုအား ပြည်သတင်း မှ မေးမြန်းစဉ်....

0 comments:

Post a Comment

Facebook Like Page