ပဲခူးတိုင်း၊
ပေါင်းတည်မြို့၌ အခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးတို့ အတွက် နိုဝင်ဘာ(၉)ရက်နေ့က လူအင်အား(၁၅၀)၀န်းကျင်မှ
ဆန္ဒဖော်ထုတ်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါတရားဥပဒေစိုးမိုးရေး
၊အခြခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက်
နိုင်ငံတော်သမ္မတအပါအ၀င် လွှတ်တော်သုံးရပ်၌ တာဝန်ရှိသလို ပြည်သူများတွင်လည်း
တာဝန်ရှိသည်ဟု ယူဆသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း
ဆန္ဒဖော်ထုတ်သူများက ပြောဆိုသည်။
“တရားဥပဒေစိုးမိုးရေးဆိုတာလည်း
ကျွန်တော်တို့နိုင်ငံမှာ ပျက်ပြားနေတယ် ပြည်တွင်းငြိမ်းချမ်းရေး
ဆိုရင်လည်း နေရာအနှံမှ့ာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။
စစ်ရဲ့ဘေးဒဏ်တွေကို ခံစားနေရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မှ
ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ အခြေခံဥပဒေ ပေါ်ပေါက်လာမှာဖြစ်တယ်။ အဲဒါကြောင့်
အခုလိုဆန္ဒဖော်ထုတ်ရတာပါ။” ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ဦးခင်မောင်လှိုင်က ပြောသည်။
အဆိုပါ
ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ လွန်ခဲ့သောတစ်ပတ်ခန့်က
တရားဝင်စာတင်ခဲ့ပြီး ဆန္ဒဖော်ထုတ်ရန် တစ်ရက်အလိုတွင်
ခွင်ပြုချက်ပြန်လည်ချထားပေးခဲ့ခြင်းဖြစ်ကာ မြို့ခံများ ဆန္ဒဖော်ထုတ်ရာ
လမ်းကြောင်းတစ်လျှောက် ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှ လိုအပ်သည့်
လုံခြုံရေးရယူပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ဆန္ဒဖော်ထုတ်သူများသည်
ဖမ်းဆီးထောင်ချခံလယ်သမား နိုင်ငံရေးအကျဉ်းသား မီဒီယာသမား လွှတ်ပေးရေး၊
ကိုပါကြီးသေဆုံးခဲ့ရမှု အမှုမှန်ပေါ်ပေါက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ၊
ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တရားဥပဒေစိုးမိုးရေး
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
စသည့်အချက်များပါဝင်သည့် အချက် (၁၉)ချက်ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူများသည်
အဆိုပါအချက်များရေးသားထားသည့် ဗီနိုင်းစာသားများကိုင်ဆောင်ကာ
ပေါင်းတည်မြို့ မှတ်တိုင်လမ်း၊ လမ်း(၄၀)၊
(၃၈)လမ်း၊(၁)လမ်း၊ဘုရားကြီးလမ်းဆုံနှင့် ပေါင်းတည်မြို့ လူစည်ကားရာ
နေရာများတွင် လှည့်လည်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။
0 comments:
Post a Comment