န၀ဒေးတံတားအောက် လူသတ်လုယက်သတ်ဖြတ်ခံရမှု နိုင်ငံတော် သမ္မတကြီးထံ သို့ပန်ကြားလွှာပေးပို့ခဲ့
*****************************************************************
ရက်စွဲ။ ။၂၃.၉.၂၀၁၃
နိုင်ငံတော်သမ္မတကြီးခင်ဗျား.....
ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက် အများပြည်သူအပန်းဖြေရာ ဧရာဝတီမြစ်ကမ်း သဲသောင်ပြင်ပေါ်တွင်
ဧပြီလ ၂၃ ရက်။၂၀၁၃ ခုနှစ်။ည(၉း၁၅)မိနစ်အချိန်ခန့်တွင်အပြစ်မဲ့အရပ်သားလူငယ်(၂)ဦးကို ပြစ်မှုကျူးလွန်သူ(၃)ဦးက လူမဆန်စွာအကြမ်းဖက်
လုယက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အခင်းဖြစ်သည့်အချိန်နှင့် တစ်ဆက်တစ်စပ်တည်းအချိန်။အခင်းဖြစ်ပွားရာနေရာ သဲသောင်ပြင်တစ်ခုလုံး
တန်ခူးလပြည့်ရန်(၂)ရက်အလို လရောင်အောက်တွင် အခြားမည်သည့်လူ(၃)ဦးမှမတွေ့ရဘဲ တံတားအလွန်သဲသောင်ပြင်နှင့် တစ်ဆက်တည်း
ကမ်းပါးယံကိုင်းတောထဲတွင် ပုန်းခိုနေသော လူ(၃)ဦးကိုသာတွေ့မြင်ရပြီး ရပ်ကွက်နေပြည်သူလူထုမှ ၀ိုင်းဝန်းဖမ်းဆီးရာ (၂)ဦးကိုသာ လက်ရဖမ်း
ဆီးမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ အဆိုပါ(၃)ဦးမှာ ခလရ(၇၅)ခြေလျင်တပ်ရင်းမှ တပ်မတော်သားများဖြစ်ကြပြီး ဖမ်း
ဆီးရမိသူများမှာ ရဲကိုဦး(တ.၄၂၄၅၄၃)နှင့် သန်းထိုက်အောင်(တ.၃၇၂၅၆၉)တို့ဖြစ်ကြ၍ ကျန်ထွက်ပြေလွတ်မြောက်သွားသူတစ်ဦးမှာ အရာရှိဆို
သည်မှလွဲ၍ ကျန်သည့်အချက်များကို ယနေ့တိုင်သိရှိရခြင်းမရှိပါ။ ရပ်ကွက်နေပြည်သူလူထုမှ ဖမ်းဆီးရမိသူ(၂)ဦးကို နယ်မြေတာဝန်ခံ ဒုရဲအုပ် စန်း
ဦး ထံအပ်နှံခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားသူမှ တပ်သို့ပြန်သတင်းပို့ခဲ့ပြီး အဆိုပါတပ်မှ ဗိုလ်ကြီးမင်းသူအောင် မှဖမ်းဆီးရမိသူများကို
ပြန်လည်ခေါ်ဆောင်သွားခဲ့၍ သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခွင့်မရခဲ့ပါ။
ထိုသို့အများပြည်သူနေရာတွင် လူမဆန်စွာ အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်းကြောင့် မဟာဇေယျုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေး
ကျောင်းတွင် ကလေးသူငယ်များအား ပညာသင်ကြားပေးနေသော လူငယ်လူရွယ်ဆရာ/မ များဖြစ်ခဲ့ကြသည့် ကိုဇော်မင်းဦး မှာ သေဆုံးခဲ့ရပြီး မအိ
ဇင်မိုးကို မှာဒဏ်ရာဒဏ်ချက်များရရှိလျှက် လက်မှ မောင်းကွင်းလက်စွပ်ကိုလည်းချွတ်ယူသွားခြင်းခံခဲ့ရပါသည်။ ပြစ်မှုကျုးလွန်သူက မအိဇင်မိုးကို အား
လည်ပင်းညှစ်၍ သတ်ဖြတ်နေစဉ် ၄င်း၏နူတ်မှ ယုတ်ညံ့စွာပြောဆိုခဲ့သည့်အပြင် (ငါးသည်မတုန်းကလဲ ဒီလိုပဲသတ်ခဲ့တာ) ဟုပြောဆိုသည်ကို ထောက်ရှု
ကြည့်ခြင်းအားဖြင့် လွန်ခဲ့သောနှစ်က တံတားအလွန် ကမ်းပါးယံကိုင်းတောထဲတွင် သတ်ဖြတ်စွန့်ပစ်ခံရသော ငါးသည်အမျိုးသမီးမှာလည်း ၄င်းတို့၏လက်ချက်
ကြောင့်ဖြစ်ကြောင်း ပေါ်ပေါက်နေပါသည်။
ပြစ်မှုကျုးလွန်သူများမှာ ၄င်းတို့(၃)ဦးဖြစ်သည်မှာ သေချာကြောင်း ပြည်မြို့ခံပြည်သူလူထုမှ ယုံကြည်ထားကြသလို မှုခင်းဖော်ထုတ်ရာတွင် အတွေ့အကြုံအရှိဆုံး
ဌာနများဖြစ်ကြသော ရဲတပ်ဖွဲ့ နှင့် CID မှလည်း ပြစ်မှုကျုးလွန်သူများမှ ၄င်းတို့(၃)ဦးသေချာကြောင်း ၄င်းတို့ကိုစွဲချက်တင်ထားကြောင်း တပ်မှ လွှဲမပေးသေးသ
ဖြင့် စုံစမ်းစစ်ဆေးအရေးယူမှု မပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားထားခဲ့ပြီးဖြစ်ပါသည်။
စစ်ခုံရုံးအဖွဲ့မှ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါအမှုကို စုံစမ်းစစ်ဆေးရာတွင်လည်း အမှုမှန်ပေါ်ပေါက်ရေးထက် ပြစ်မှုကျုးလွန်သူများမှာ ဖော်ပြပါတပ်မတော်
သား(၃)ဦးမဟုတ်ကြောင်း သက်သေပြနိုင်ရေးကိုသာ ရည်ရွယ်လုပ်ဆောင်ခဲ့သလို စစ်ခုံရုံးအဖွဲ့ဝင်အရပ်ဖက်တာဝန်ရှိသူများမှလည်း တပ်မတော်သားများ ပါဝင်ပတ်သက်
နေသည့် အဆိုပါအမှု၏ ဖိအားအောက်တွင် အမှန်အတိုင်းရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ယခု(၅)လနီးပါးကြာမြင့်သည်အထိ ပြစ်မှုကျူးလွန်သူများ
ကို အရေးယူနိုင်ခြင်မရှိဘဲ နှောင့်နေးခဲ့ရပါသည်။
ထို့သို့ပြစ်မှုကျူးလွန်သူများကို ဥပဒေ နှင့် အညီ အရေးယူနိုင်ခြင်းမရှိ၍ ပြစ်မှုကျူးလွန်ခံရသူများမှာ အသက်ရှင်သန်ခွင့်၊ လုံခြုံစိတ်ချခွင့်များ ဆုံးရှုံးခဲ့ရသည့်အပြင် ဥပဒေ၏
အကာအကွယ်ကို ခွဲခြားခြင်းမခံရဘဲတူညီစွာ ခံစားပိုင်ခွင့်ကိုပါ ထပ်မံဆုံးရှုံးနေရပါသည်။ ရပ်ရွာအေးချမ်းသာယာရေး ၊ တရားဥပဒေစိုးမိုးရေးတို့ကို စိန်ခေါ်ခြိမ်းခြောက်ခဲ့သော
အဆိုပါ အကြမ်းဖက်လုယက်သတ်ဖြတ်မှုကို အရေးယူနိုင်မှုမရှိခြင်းအပေါ် ပြည်ဒေသခံလူထုအနေဖြင့်လည်း နောက်တစ်ကြိမ်အလားတူဖြစ်ရပ်မျိုးထပ်မံမပေါ်ပေါက်စေရေး
အာမခံချက်များ ကင်းမဲ့နေဆဲဖြစ်ပြီး စိုးရိမ်ပူပန်လျှက်ရှိနေကြသည်။
သို့ဖြစ်၍ (ကောင်းမွန်သော အုပ်ချုပ်မှု ၊ သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးရည်ရွယ်၍ ဦးဆောင်ကြိုးပမ်းနေသော နိုင်ငံတော် သမ္မတကြီးအနေဖြင့် ပြည်သူလူထု၏ အသက်
အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံစေရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို အလေးအနက်ထားလျှက် အများပြည်သူနေရာတွင် အပြစ်မဲ့အရပ်သား
လူငယ်(၂)ဦးကို လူမဆန်စွာ အကြမ်းဖက်လုယက်သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ဥပဒေ နှင့် အညီ ထိရောက်စွာအမြန်ဆုံးအရေးယူပေးပါရန် ပြည်ဒေသခံ ပြည်သူ
လူထုမှ အလေးအနက်ပန်ကြားအပ်ပါသည်။ အဆိုပါ န၀ဒေးတံတားအောက် လူသတ်လုယက်သတ်ဖြတ်ခံရမှု နိုင်ငံတော် သမ္မတကြီးထံ သို့ပန်ကြားလွှာ နှင့်အတူတူ လေ့လာ
သုံးသပ်နိုင်ရန်ရန် အမှုဖြစ်စဉ်မှတ်တမ်းကိုပါ နိုင်ငံတော် သမ္မတ ကြီးထံပူးတွဲတင်ပြထားပါကြောင်းသတင်းရရှိခဲ့ပါသည်။ ...ပြည်သတင်း....

0 comments:
Post a Comment