Monday, September 9, 2013

လပြည့်ညမှာကြွေတဲ့ ကြယ်........သိုမဟုတ်......ပြည်အလွမ်း ချစ်သူ…

Leave a Comment

လပြည့်ညမှာကြွေတဲ့ ကြယ်........သိုမဟုတ်......ပြည်အလွမ်း ချစ်သူ…
*********************************************
အထီးကျန်မှောင်မိုက်နေတဲ့ ငါ့ဘ၀ရဲ့ညတွေမှာ လမ်းတွေကပျောက်လို့ အလွမ်းတွေကသာ ရောက်..ရောက်…လာနေခဲ့တယ်……..။ အဖော်ဝေးနေတဲ့ ငါ့ကိုလေ ကြယ်အပေါင်းဝန်းရံခနေတဲ့ လမင်းကတော့ ထက်ကောင်းကင်ကနေ သရော်လှောင်ပြောင်နေလေရဲ့ သြော်…လပြည့်ညတဲ့……….

တချိန်ကပေါ့…လပြည့်ညတိုင်း လမင်းရဲ့အေးချမ်းမှု န၀ဒေးတံတားကြီးနဲ့ မြစ်ဧရာဝတီ တုနှိုင်းမမှီတဲ့ ပြည်မြို့ အလှကို ရွှေဆံတော် ဘုရားပေါ်မှာ နှစ်ယောက်အတူတူထိုင်ပြီး… ငါ့ပခုံးမှာ မင်းကမှီထားလို့… လမင်းရဲ့ အလှကို.. ခံစားခဲ့ဖူးတယ်နော်… ချစ်သူရယ်… ခုချိန်မှာတော့… အတိတ်ကိုပြန်တွေးလို့…. ဆွေးမြည့်စရာတွေသာ ပြည့်နေတဲ့ ငါ့အတွက်တော့… လပြည့်ညဆိုတာ… အခုတော့…လေ အဓိပ္ပါယ်တွေ မဲ့နေခဲ့ပါပြီ…ချစ်သူ

လမင်းကိုမျှော်ငေးရင်း လွမ်းနေရမှာလား အဝေးကိုမျှော်မှန်းရင်း ဆွေးနေရမှာလား အနာဂါတ်ကိုမျှော် တွေးရင်း ဝေးနေရမှာလား……..။ မရေရာတဲ့ငါ့ဘ၀မှာ သေချာတာကတော့ ပြည်မြို့ က အမှတ်တရတွေနဲ့ အတူ ငါမင်းကိုချစ်တယ် ဆိုတာပါပဲ……..။ Uska Chitthu....အကောင့်ပိုင်ရှင်မှပြည်သတင်းသို့ပေးပို့ထားတဲ့ကဗျာလေးပါ..

0 comments:

Post a Comment

Facebook Like Page