Saturday, September 21, 2013

ပြည်သတင်း သို့ ပေးစာ

Leave a Comment



ပြည်သတင်း သို့ ပေးစာ
****************

2013 ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့

အကြောင်းအရာ။   ။တရားစွဲမတင်မှီ တရားမျှတ မှုရရှိရေးအတွက် ဆောင်ရွက်ပေးပါရန်...

       အထက်ပါကိစ္စနှင့် ပတ်သတ်၍ ကျွန်တော့အပေါ် ဇီဖန်းဆေးကုမ္ပဏီမှ တရားလို ပြုလုပ်၍ ငွေစာရင်းဇယားအပေါ် အခြေပြုကာ ငွေများအလွဲသုံးစားပြုလုပ်သည်ဟု
စွဲချက်ခြင်း၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၄၀၆)အရ ဖမ်းဆီးတရားစွဲဆိုရန် ပြင်နေကြပါသည်။ လုပ်ငန်းသဘောအရ ကျွန်တော်တစ်ဦးတည်းမှ တာဝန်ရှိသည်သာမဟုတ်ဘဲ ကျန်
ဝန်ထမ်း(၃)ဦးတွင် တာဝန်ရှိနေသည့်အပြင် ပြေလည်စွာ စာရင်းများရှင်းလင်းရခြင်း ၊ အတည်မပြုရသေးဘဲ အားလုံးမှ ကျွန်တော်တစ်ဦးတည်းအပေါ် အပြစ်ပုံချ၍ တရားစွဲဆို
ထားခြင်းဖြစ်ပါသည်။ ကုန်ပစ္စည်း နှင့် ငွေ သွင်းထုတ်တာဝန်အတွက် တာဝန်ခံဟာလည်း ကျွန်တော်မဟုတ်ပါဘူး ကျွန်တော်အပိုင်း မှ ပေးသွင်းထားငွေကိုလည်း စာရင်းထည့်သွင်း
ခြင်းမရှိ  ချန်လပ်၍ စွပ်စွဲ တရားစွဲထားကြောင်း သိရှိရပါသည်။ သို့ပါ၍ တရားမစွဲမတင်မှီ တရားမျှတမှုရရှိရေးအတွက် ဥပဒေ နှင့် အညီ ဆောင်ရွက်ပေးပါရန် နှင့် အများပြည်သူ
သိရှိစေရန် ပြည်သတင်းမှ တဆင့်တင်ပြအပ်ပါသည်။....မောင်ရဲဇာနည်အောင်....အဆိုပါကိစ္စကို မောင်ရဲဇာနည်အောင်၏ မိသားစုများမှ လုံးဝ(လုံးဝ)မကျေးနပ်ကြောင်း  ကိုမြညို(ခေါ်)
မျိုးကြီး ဆေးကိုယ်စားလှယ် ပြည်မှ တရားလိုပြုလုပ်ထားကြောင်း  ခရိုင်ရဲမှုးမှတ်ချက်နှင့် ၁၆.၉.၂၀၁၃ ရက်နေ့က အမှတ်(၁)ရဲစခန်းမှာချုပ်ထားကြောင်းမိသားစုများထံမှသိရှိရပါသည်။...

အဆိုပါမိတ္တူကို မြို့နယ်ရဲတပ်ဖွဲ့မှုး၊မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ပြည်မြို့ နှင့် ပြည်မြို့ အမှတ်(၁) စခန်းမှုး ထံသို့ပေးပို့ထားကြောင်းသိရှိခဲ့ရပါသည်။..ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page