Saturday, September 21, 2013

အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ နှင့်ကဗျာရွက်ဆိုပွဲအခမ်းအနားပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့

Leave a Comment


အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ နှင့်ကဗျာရွက်ဆိုပွဲအခမ်းအနားပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့
**********************************************************************************

21.9.2013 ရက်နေ့ ညနေ(၅း၀၀)အချိန်တွင် ပြည်မြို့ သုခဖြစ်ကုသိုလ်ဆေးခန်း၊ရတနာမာန်အောင်ကျောင်းဝန်းထဲတွင် ကျင်းပပြုလုပ်ခဲ့တက်ရောက်သူအင်အား(၂၅၀)ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါအခမ်းအနားကို
(မိုးမေတ္တာ ပရဟိတ လူငယ်သွေးအလှုရှင်များအသင်း...ပြည်မြို့)မှ စီစဉ်ဝိုင်းဝန်းကူညီခဲ့ပြီး အစီအစဉ်(၁၄)ခု နှင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ် အစီအစဉ်များမှာ...
၁။ ။ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးငှက်လွှတ်ပြီး ပရိတ်သတ်များမှ ငြိမ်းချမ်းရေးသင်္ကေတ မိုးပျံပူပေါင်းများကို လွှတ်တင်ခြင်း...
၂။ ။နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူမှ ငြိမ်းချမ်းရေးနေ့ အမှတ်တရစကားပြောကြားခြင်း နှင့် ကဗျာရွတ်ဆိုပေးခြင်း......
၃။ ။ဗြဟ္မစိုလ်ခရီးသွားအနုပညာရှင်(၃)ဦး၏ ငြိမ်းချမ်းရေးစကားဝိုင်း(Slide Show)ကိုပြသခြင်း.....
၎။ ။တေးသီချင်းတစ်ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေခြင်း....
၅။ ။စာပေ၊ဂီတ၊ကဗျာ၊အနုပညာရှင်(၃)ဦးမှ စာတမ်း(သို့)ကဗျာ(သို့)အမှတ်တရစကားပြောကြားခြင်း.....
၆။ ။ငြိမ်းချမ်းရေးဇာတ်လမ်းတို (Slide Show) ကိုပြသခြင်း....
၇။ ။ကြွရောက်လာကြသော ဧည့်သည်တော်များထဲမှ ဧည့်သည်တော်(၃)ဦးက အမှတ်တရစာတမ်း(သို့)ကဗျာဖတ်ကြားခြင်း........
၈။ ။တေးသီချင်းတစ်ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေခြင်း....
၉။ ။ကြွရောက်လာကြသော ဧည့်သည်တော်များထဲမှ ဧည့်သည်တော်(၂)ဦးက အမှတ်တရစာတမ်း(သို့)ကဗျာဖတ်ကြားခြင်း........
၁၀။ ။တေးသီချင်းတစ်ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေခြင်း....
၁၁။ ။ကြွရောက်လာကြသော ဧည့်သည်တော်များထဲမှ ဧည့်သည်တော်(၂)ဦးက အမှတ်တရစာတမ်း(သို့)ကဗျာဖတ်ကြားခြင်း........
၁၂။ ။တေးသီချင်းတစ်ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေခြင်း....
၁၃။ ။ငြိမ်းချမ်းရေးသူရဲကောင်း စာရေးဆရာကြီး (ဒဂုံတာရာ)၏ ဈာပန(Slide Show) ကိုပြသခြင်း..
၁၄။ ။အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းတို့ပဲဖြစ်ပါတယ်။.....အဆိုပါအခမ်းအနားကိုည(၇း၃၀)မိနစ်အချိန်ခန့်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။...

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူမှ ပြည်သတင်းသို့ဤသို့ပြောကြားသွားသည်။

ကျွန်တော့တို့ ပြည်တွင်းစစ်တွေရပ်ပေးဖို့လိုနေပါပြီ စစ်တစ်ခုမှာ သုံးတဲ့ လက်နက်ကျည်ဆံတွေဟာ ရေမရှိတဲ့အရပ်မှာ ရေတွင်းတူးလို့ရတယ် လိုအပ်နေတဲ့နေရာတွေမှာအသုံးချတတ်ဖို့လိုတယ်
ဘာသာရေးစစ်တွေဖြစ်တယ် နားမယောင်ဖို့လိုပါတယ် ကျွန်တော်တို့ဘာသာက ဆရာတော်ဘုရားကြီးတွေကလည်းမိမိဘာသာဘက်က လူငယ်လူရွယ်တွေကို စိတ်ဓါတ်တွေပြုပြင်ပေးဖို့လိုပါတယ်
တခြားပါသာရေးတွေကလည်း မိမိဘာသာဘက်တွေကို ပြုပြင်ပေးဖို့လိုပါတယ် မိမိတို့ယုံကြည်ကိုးကွယ်မှုတွေကို မိမိတို့စိတ်တိုင်းကျယုံကြည်ကိုးကွယ်နိုင်တာပါပဲ ဘာသာရေးအစွန်းမရောက်ဖို့လိုပါတယ်
အားလုံးသောဘာသာရေးတွေမှာ အဓိကလက်ကိုင်ထားကြတာကတော့ (ငြိမ်းချမ်းရေးပါပဲ) ကျွန်တော်တို့ အိမ်ထောင်တစ်စုမှာ ညီကို မောင်နှမ သားအမိတွေအစုံရှိပါတယ် ဒီလိုလေးတွေက အသင့်မြတ်
ကြတာတွေလည်းအများကြီးပါပဲ ဒါတွေကို ထိမ်းသိမ်းနိုင်ဖို့က လူတစ်ဦးချင်းစီရဲ့ စိတ်တွေနဲ့ပဲဆိုင်ပါတယ် ဘာပဲဖြစ်ဖြစ်အဓိကလိုအပ်တာက ဦးဆောင်သူပဲ အိမ်ပဲဖြစ်ဖြစ်ပေါ့ ဟုနာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌ ဦးကျော်သူမှ ပြည်သတင်းသို့ပြောကြားသွားသည်။..ပြည်သတင်း.....

0 comments:

Post a Comment

Facebook Like Page