Monday, September 2, 2013

နိုင်ငံခြားသားခရီးသွားဧည့်သည်များ နိုင်ငံခြားငွေလဲလှယ်ရာတွင် တရားမ၀င်ငွေလဲဈေးကွက်ကို အသုံးပြုမှုနည်းပါး

Leave a Comment

နိုင်ငံခြားသားခရီးသွားဧည့်သည်များ နိုင်ငံခြားငွေလဲလှယ်ရာတွင်
တရားမ၀င်ငွေလဲဈေးကွက်ကို အသုံးပြုမှုနည်းပါး

**********************************************
(2.9.2013)

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ နိုင်ငံခြားငွေလဲလှယ်သည့် နေရာတွင်
တရားမ၀င်ငွေလဲဈေးကွက်ကို အသုံးပြုမှုနည်းပါးလာကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ ယခင်က နိုင်ငံခြားသားခရီးသွားဧည့်သည်
များက နိုင်ငံခြားငွေလဲလှယ်သည့် နေရာတွင် တရားမ၀င (Black
Market) ဈေးကွက်ကို အသုံးပြုခဲ့ကြပြီး ၎င်းဈေးကွက်တွင် ငွေလဲလှယ်မှုနှင့်
ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မှုများရှိနေသည့်အတွက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့များအနေဖြင့် ကြပ်ကြပ်မတ်မတ်အရေးယူမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုအခါ နိုင်ငံခြားသားခရီးသွားဧည့်သည်များ
ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားမ၀င်ငွေလဲဈေးကွက်နှင့် ပတ်သက်ပြီး
အသိပညာပေးမှုများကို ပြုလုပ်လျှက်ရှိပြီး နိုင်ငံခြားငွေပေါက်ဈေးတွင်
ပြင်ပတရားမ၀င်ဈေးကွက်ပေါက်ဈေးနှင့် သိပ်ပြီးကွာဟမှုမရှိခြင်းကြောင့်
နိုင်ငံခြားသားခရီးသွား ဧည့်သည်များက တရားဝင်ငွေလဲကောင်များတွင်
သာ ငွေလဲလှယ်လာကြကြောင်း သိရသည်။“ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေ
အနေနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ တည်းခိုတဲ့နေရာတွေအထိ
သွားပြီးတရားမ၀င်ငွေလဲဈေးကွက်နဲ့ ပတ်သက်ပြီး အသိပညာပေးဟောပြော
မှုတွေကို ပြုလုပ်ပေးနေပါတယ်။ အဓိကကတရားမ၀င်ငွေလဲဈေးကွက်
မှာ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို သူတို့တွေသိအောင်ဆွေးနွေးပေးတာပါ။
တရားမ၀င်ဈေးကွက်မှာ ပြဿနာတွေဖြစ်လာရင် သူတို့တွေက ရဲစခန်း
ကိုပဲလာပြီး အကူအညီလာတောင်းကြတယ်။ အဲဒီလိုအကူအညီတောင်း
တဲ့အခါမှာ အဆင်ပြေအောင်လုပ်ပေးနိုင်ခဲ့တာရှိသလို အဆင်မပြေမှုတွေ
လဲရှိပါတယ်။ အခုသူတို့ကိုယ်တိုင်တရားမ၀င်ဈေးကွက်မှာ ဖြစ်ပေါ်နေ
တဲ့ပြဿနာတွေကို သိလာကြပြီဆိုတော့ အခုဆိုရင်တရားမ၀င်ငွေလဲ
ဈေးကွက်ထဲမှာ သိပ်ပြီးငွေလဲလှယ်မှုမပြုလုပ်တော့ပါဘူး”ဟု ကျောက်တံတား
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့က တရားမ၀င်ငွေလဲဈေးကွက်ပပျောက်ရန် ကြပ်ကြပ်မတ်မတ်
အရေးယူမှုများ ဆောင်ရွက်လျှက်ရှိပြီး ယခုလိုဆောင်ရွက်သည့်နေရာတွင်
Nation First Co.Ltd မှ Mark Willon ကလဲ ကူညီပေးမှုများ ပြုလုပ်ပေး
လျှက်ရှိကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ ဒေသန္တရ
ရဲဌာနများကလည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လုံခြုံရေးအတွက်
ပြည်သူများနှင့် ဆွေးနွေးမှုကဲ့သို့သော လှုပ်ရှားမှုများ လုပ်ဆောင်လျှက်
ရှိကြောင်း သတင်းရရှိသည်။.ပြည်သတင်း (Sky Net) မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Facebook Like Page