Monday, September 2, 2013

တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံက အမျိုးသမီးရောဂါများကို အခမဲ့လာရောက်ဆေးကုသမှုပြုလုပ်ပေးနေ

Leave a Comment

တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံက အမျိုးသမီးရောဂါများကို အခမဲ့လာရောက်ဆေးကုသမှုပြုလုပ်ပေးနေ

**********************************************
(2.9.2013, Monday)

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ်တောင်ကိုရီးယားနိုင်ငံက
မြန်မာနိုင်ငံမှ အမျိုးသမီးနှင့် သက်ဆိုင်သော ရောဂါများဖြစ်သည့်
ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာရောဂါများကို အဓိကထားပြီး
ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော် ပိတောက်လမ်း၊ အေဘလောက်၊
တိုက်(၄)၊ အခန်း(၁) ၌ အခမဲ့ကုသဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုလို လာရောက်ကုသပေးခြင်းက တောင်ကိုရီးယားနိုင်ငံ KOICA
အထူးကုဆေးဝန်ထမ်း အဖွဲ့နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားကျန်းမာရေးကွန်ရက်တို့ ပူးပေါင်းပြီး
အမျိုးသမီးနှင့် သက်ဆိုင်သော ရောဂါများ၊ ကိုယ်ဝန်ဆောင်သည်များကို
စောင့်ရှောက်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ဆေးကုသခြင်းများကို သြဂုတ်လ
(၃၀)ရက်မှ စက်တင်ဘာလ(၁)ရက်နေ့အထိ (၃)ရက်တာ အခမဲ့ဝန်ဆောင်မှု
ပေးသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒဂုံမြို့သစ်(ဆိပ်ကမ်း)၏
မြို့နယ်အလုပ်အမှုဆောင်ဒေါ်အေးအေးမာထံမှ သိရသည်။ ယခုလို
လာရောက်ကုသမှုများ ပြုလုပ်ဖြစ်ခဲ့ပုံကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၏ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ယခုလိုပဲပြောကြားခဲ့
သည်။ (Interview) တောင်ကိုရီးယားနိုင်ငံ KOICA မှ အထူးကုအဖွဲ့
သည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် တရားဝင်တွေ့ဆုံပြီး
ယခုလို ဆေးကုသမှုပြုလုပ်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
KOICA မှမီးယပ်နှင့် သားဖွားဆရာဝန် (၁၃)ဦး လာရောက်ကုသပေး
နေကြောင်း သိရသည်။ သြဂုတ်လ(၃၀)ရက်နေ့တွင် လူပေါင်း(၆၀)ကျော်ကို
ကုသပေးခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိ/မရှိ
အသေးစိတ်စစ်ဆေးနိုင်စေရန်အတွက် လူနာ(၁၉)ဦးထံမှ အသားစခြစ်
ထုတ်ထားကြောင်း၊ ကိုယ်ဝန်ဆောင်သည်များကို အထရာဆောင်းရိုက်ပြီး
သန္ဓေသားအခြေအနေကိုအသေးစိတ်စစ်ဆေးပေးခြင်းများကို ပြုလုပ်ပေး
ခဲ့ကြောင်း သိရသည်။ သြဂုတ်လ (၃၁)ရက်နေ့တွင် လူနာဦးရေ(၄၁)ဦးကို
ကုသစစ်ဆေးပေးခဲ့ပြီး စက်တင်ဘာလ(၁)ရက်နေ့တွင် လူနာဦးရေ (၁၂၀)ကို
လက်ခံစစ်ဆေးကုသပေးသွားမည် သိရသည်။ ရောဂါရှာဖွေတွေ့ရှိချက်
ကို(၂)ပတ်အကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေး
ကွန်ယက်ထံပေးပို့သွားမည်ဖြစ်ပြီး ရောဂါစစ်ဆေးတွေ့ရှိသူများကိုလည်
အမျိုးသားကျန်းမာရေးကွန်ယက်က အခမဲ့ဆေးကုသပေးသွားမည်
ဖြစ်ကြောင်း သိရသည်။ ရောဂါရှာဖွေကုသပေးနေသော (၃)ရက်တာကာလ
တွင် လာရောက်ဆေးကုသမှုခံယူသည့် သူများကို HIV (AIDS)၊ သွေးလွန်
တုပ်ကွေးနှင့် ငှက်ဖျားရောဂါများရှိ/မရှိကို သွေးဖောက်စစ်ဆေးမှု များပြုလုပ်
ပေးခဲ့ကြောင်း သတင်းရရှိသည်။.ပြည်သတင်း (Sky Net) မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Facebook Like Page