Tuesday, September 10, 2013

ပြည်သတင်း၏ သတင်းတင်ပြမှုကြောင့် ပြည်မြို့ ဗိုလ်တစ်ထောင်လမ်းရှိ တရားမ၀င်အနှိပ်ခန်း(မာဆပ်)အားထပ်မံဝင်ရောက်ဖမ်းစီး

Leave a Comment


ပြည်သတင်း၏ သတင်းတင်ပြမှုကြောင့် ပြည်မြို့ ဗိုလ်တစ်ထောင်လမ်းရှိ တရားမ၀င်အနှိပ်ခန်း(မာဆပ်)အားထပ်မံဝင်ရောက်ဖမ်းစီး
*****************************************************

၂၀၁၃ သြဂုတ်လ၃၁နေ့ လည်၂:၃၀အချိန်တွင် ပြည်မြို့ ရွာဘဲရက်ကွတ်သန္ဓေပင်ရပ်ဗိုလ်တစ်ထောင်လမ်းရှိကိုမြင့်နိုင်၏နေအိမ်တွင်တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေကြောင်းသတင်းရရှိသဖြင့်ပြည်မြို့မရဲစခန်းမှဒုရဲအုပ်ဇော်မင်းနိုင်နှင့်
အဖွဲ့ သည် ရွာဘဲရက်ကွက်ရာအိမ်မှူးဦးမြင့်ဆွေနဝဒေးရက်ကွက်ရာအိမ်မှူးဦးအောင်သိန်းတို့ နှင့်အတူဝင်ရောက်ရှာဖွေခဲ့ ရာအိမ်ရှင်မြင့်နိုင်(၄၅)နှစ် ဘ ဦးစိုးတင့် ရ/ပမန(နိုင်)၀၃၇၉၄၇ ဖြစ်သူမှမဇင်မာ၃၈နှစ် (ဘ)ဦးဟန်တင် သုခဝတီရပ်
ရေစကျိုမြို့ မကွေးတိုင်းဒေသကြီးနှင့်မချို ၃၅ နှစ် (ဘ)ဦးလှဌေးမြင့် အမှတ် ၂ ဘိလပ်မြေစက်ရုံဝင်းကြံခင်းမြို့ တို့ အားအနှိပ်ခန်းဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်လုပ်ကိုင်နေကြောင်းရှာဖွေတွေ့ ရှိခဲ့သဖြင့် မြို့ မရဲစခန်းသို့ ခေါ်ဆောင်စစ်
ဆေးမှုများပြုလုပ်ခဲ့သည်။ထိုကဲ့သို့ တရားမဝင် အနှိပ်ခန်းဖွင့်လုပ်ကိုင်နေသူများအားမြို့ နယ်အုပ်ချုပ်ရေးမှူးမှ ပြည်မြို့ နယ်တရားရုံးသို့ အရေးယူပေးပါရန်တိုင်ကြားခဲ့ရာ ရာကြီးအမှတ်(၆၄၆၀/၂၀၁၃)ပြစ်မှုပုဒ်မ ၁၈၈ အရအမှုဖွင့်အရေးယူဆောင်
ရွက်လျက်ရှိကြောင်းမြို့မရဲစခန်းမှသိရှိရပါသည်။ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page