အစ္စလာမ်မာဘတ် သြဂုတ် ၂ဝ
လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလ အတွင်း
ပါကစ္စတန်နိုင်ငံ တစ်ဝန်းတွင် လူထောင်ပေါင်း များစွာ သေဆုံးခဲ့ရသော
တိုက်ခိုက်မှုများ အဆုံးသတ်ရေး တာလီဘန်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်
ပါကစ္စတန် ဝန်ကြီးချုပ် နာဝဇ်ရှာရစ်ဖ်က
ရုပ်မြင်သံကြား မိန့်ခွန်းတွင် ကမ်းလှမ်းခဲ့ကြောင်း သြဂုတ် ၂ဝ ရက် အင်တာနက်
သတင်းတစ်ရပ် အရ သိရသည်။ ရှာရစ်ဖ်သည် ပြည် တွင်း သောင်းကျန်းသူ
အဖွဲ့အစည်းများ၏ ခေါင်းဆောင် အဖွဲ့အစည်း ဖြစ်သော ပါကစ္စတန် တာလီဘန်များနှင့်
ဆွေးနွေးမှုများ ပြုလုပ်သွားရေး ကမ်းလှမ်းခြင်း အားဖြင့် ဝန်ကြီးချုပ် တတိယ
သက်တမ်းအတွက် မဲဆွယ် စည်းရုံးခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း ပြန်လည်သင့်မြတ်ရေး
မူဝါဒနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအား အတူတကွ ပူးပေါင်းဆောင်ရွက်ရန်
ကမ်းလှမ်းထားကြောင်းနှင့် တာလီဘန်တို့နှင့် ဆွေးနွေးပွဲများ ပြုလုပ်သွားရေး
အတွက် ကမ်းလှမ်းထားမှုအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ဆွေးနွေးပွဲ ပြုလုပ်ရေးသည် တစ်ခုတည်းသော နည်းလမ်း
မဟုတ်ကြောင်းနှင့် အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက်
စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြစ်စေ သို့မဟုတ် အင်အားသုံး၍
ဖြေရှင်းခြင်းဖြစ်စေ နည်းလမ်းတစ်ခုခုကို အသုံးပြု ၍ အောင်မြင်အောင်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နာဝဇ်ရှာရစ်ဖ်က ထပ် လောင်းပြောကြားခဲ့သည်။
0 comments:
Post a Comment